ရက္ခိုင့်တပ်တော် (AA) မှ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံရေးမှူးတို့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံ ပညာတတ်များ အပါအဝင် ရိုဟင်ဂျာ ရပ်ရွာလူကြီးများနှင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တွင်အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် တွေ့ဆုံခဲ့ကြောင်း ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးထံမှ သိရသည်။

တွေ့ဆုံစဉ် မောင်တော- အလယ်သံကျော်-အငူမော် ကားလမ်းပေါ်ရှိ ညောင်ချောင်းကျေးရွာ နှင့် ပန်းတောင်ပြင် ကျေးရွာအနီးရှိ အင်္ဂလိပ်ခေတ် သံတံတား “Black Bridge” ကို ပြန်လည်ပြုပြင်ရန်အတွက် AA တာဝန်ရှိသူများ က ရိုဟင်ဂျာအသိုင်းအဝိုင်းထံမှ ကျပ်သန်း ၅၀ တောင်းခံခဲ့သည်။ AA မှ နိုင်ငံရေးမှူးက ရိုဟင်ဂျာ ရပ်ကွက်များမှ အလှူငွေ ကျပ် ၁၀ သန်း ထည့်ဝင်ရန် ညွှန်ကြားထားပြီး ရခိုင်ရပ်ကွက်များအတွက်မှု အလှူငွေကောက်ခံရတွင် မပါဝင်ကြောင်း အဆိုပါ လူကြီးက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ရိုဟင်ဂျာကိုယ်စားလှယ်များနှင့် သီးသန့်ကျင်းပခဲ့ခြင်းဖြစ်ပြီး တံတားကို ဒေသခံများအားလုံး အသုံးပြုနေသော်လည်း ရခိုင်အသိုင်းအဝိုင်းမှ မည်သူမျှ ပါဝင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

စီးပွားရေးကျပ်တည်းမှုနှင့် ရိုဟင်ဂျာမိသားစုများအတွက် ယင်းကဲ့သို့ ရန်ပုံငွေရှာရန် အခက်အခဲဖြစ်စေသည့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို ကိုးကား၍ ဒေသခံများနှင့် ရပ်ရွာလူထုများက စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။