ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကစပြီး မိုခါးဆိုင်ကလုန်မုန်တိုင်းတိုက်ခတ်ခဲ့သည့်မှာ ၃ လကျော်ခဲ့ပါပြီး ဖြစ်သော်လည်း မုန်တိုင်းကြောင့် စစ်တွေမြို့မှာ အိမ်တွေ ပျက်စီးတာ၊ အိမ်သာတွေ ရေပြည့်လျံတာ၊ ပျက်စီးခဲ့တာ၊တွေဖြစ်ပွားခဲ့ပြီး ရေကြောင့် မျောလာတဲ့အမှိုက်တွေက စစ်တွေမြို့ နေရာအနှံအပြားမှာ စုပြုံနေခဲ့ပြီး၊ရိုဟင်ဂျာ ရပ်ကွက် တွေထဲမှာလည်း အဲဒီလို အမှိုက်တွေနဲ့ စွန့်ပြစ်အညစ်အကျေးတွေ ပြန့်နှံနေခဲ့ပါသည်။ သို့သော် စစ်တွေ စည်ပင် သာယာရေးအဖွဲ့ကတော့ ရိုဟင်ဂျာ အများစုနေထိုင်သည် အောင်မင်္ဂလာ ရပ်ကွက် တွင် အမှိုက်နှင့် အညစ်အကျေးတွေ ကို လာရောက် ရှင်းလင်း ပေးတာမရှိသည့် အတွက် ခလေးငယ်များ၊ သက်ကြီးသူများ ကျမ်းမာရေး ချို့ယွင်း လာနေ ပါသည်လို့ ဒေသခံတွေထံကသိရပါသည်။
“အမှိုက်သိမ်းသည် ကားမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ကထဲက၊ ရပ်ကွက်ထဲကို မလာတော့ပါ၊ တခြားရပ်ကွက်တွေတော့ အကုန် လာလုပ်ပေးပြီးပြီ၊ ဒီရပ်ကွက်ကတော့၊ ရိုဟင်ဂျာတွေပဲနေတာဆိုတော့ ဘယ်သူမှ ဘာမှမပြောရဲကြတော့ အနိုင်ကျင့်တဲ့သဘော နဲ့ လာလုပ်မပေးဘူး၊ အခု အိမ်သာတွေလဲမရှိကြတော့ အပြင်မှာပဲ ဖြစ်သလို သွားနေကြတာ ကြောင့် လူတော်တော်များများမှာ ယားနာတွေဖြစ်နေကြတယ်၊ သွေးလွန်တုတ်ကွေးရောဂါလဲ ခလေးအနည်းငယ်မှာ စဖြစ်နေကြတယ်၊ ကျန်းမာရေးဌာနက ပိုသတ်ဆေးတို့ အဘိတ်ဆေးတို့ ခပ်ပေးမှဖြစ်မယ်၊ ခြင်တွေလဲ အရမ်းကိုက်တာ၊အမှိုက်တွေကလဲ တရပ်ကွက်လုံး နံစော်နေတယ် “လို့ ဒေသခံ သက်ကြီးရွယ်အိုတယောက်ကပြောပါသည်။
“အမှိုက်ကားက ရခိုင်ရွာတွေ ရပ်ကွက်တွေဘက်ကိုပဲလာပြီး အောင်မင်္ဂလာ ရိုဟင်ဂျာ ရပ်ကွက်ထဲကို မလာပါဘူး၊ ရေစိုးတွေကလဲ အခုထိ အိုင်နေတုံးပဲရှိတာကြောင့် ခြင်တွေလဲ အရမ်းကိုက်ပြီး၊ တချို့ခလေးတွေ သွေးလွန် တုတ်ကွေး တွေ၊ ဝမ်းပျက်ဝမ်းလျောတွေလဲဖြစ်နေကြပြီ၊ အပြင်ကို အမှိုက်သွားပြစ်ဖို့ကလဲ ရခိုင်ရပ်ကွက်တွေ ဖြစ်နေတော့ ပြသနာတက်မှာ၊ ကိုယ့်ဝန်းထဲကို အမှိုက်တွေ မီးရှို့တာနဲ့မနိုင်တော့ဘူး၊ အခုကအိမ်သာတွေ မရှိတော့ အပြင်မှာပဲ သွားနေကြတော့ ဝမ်းရောဂါဖြစ်ရင်မလွယ်ဘူး” လို့ အောင်မင်္ဂလာဒေသခံ တယောက်ကပြောပါသည်။
ယခုကိစ္စနှင့်ပတ်သတ်ပြီး စစ်တွေမြို့စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်အလိုက် အမှိုက်သိမ်းစံနစ်နှင့် လုပ်ခိုင်း ထားကြောင်း၊ ယခုလိုအောင်မင်္ဂလာရပ်ကွက်ကို မလာတာနှင့်ပတ်သတ်ပြီး ပြန်လည် စစ်ဆေးမေးကြည့်ပေးပါမယ်လို့ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ပြောပါသည်။
အောင်မင်္ဂလာရပ်ကွက်သည် စစ်တွေဈေးကြီးအနားမှာရှိပြီး၊ အိမ်ထောင်စု ၉၀၀ ကျော်ရှိပါသည်။ အဲဒီရပ်ကွက်မှာရှိ သည့် အစ္စလာမ်ဘာသာဝင်တွေ တစုံတရာ ကျမ်းမာရေးချို့ယွင်းခဲ့လျှင် စစ်တွေဆေးရုံကြီးတွင် သွားရောက်ပြသမည် ဆိုပါက သီးခြား အခန်းတခန်းမှာပဲ ထားပြီး ခွဲခြား ဆက်ဆံထားတုံးဖြစ်ပြီး၊ မြို့ထဲမှာလည်း နေရာစုံကို လွတ်လွတ် လတ်လတ် သွားလာခွင့်မရှိခြင်း၊ မှတ်ပုံတင်မရှိသည့်အတွက် ဆိုင်ကယ်စီးခွင့်၊ ကားမောင်း ခွင့်တွေများလည်း မရှိကြပါ၊ စီးပွားရေးအနေနှင့်လည်း အရင်က ဈေးထဲနှင့် မြို့ထဲတွေမှာ ဈေးဆိုင်တွေရှိခဲ့ကြတဲ့သူတွေလည်း ယခုအချိန်တွင် ဆိုင်တွေကိုရတဲ့ ဈေးတွေနှင့် ရောင်းချပြီး၊ ရတဲ့အလုပ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းနေရတယ်လို့ ဒေသခံတွေထံကနေသိရပါသည်။









