ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ခရိုင်တရားရုံးသို့ ဘူးသီးတောင် အကျဉ်းထောင် မှ အကျဉ်းသားများကို ခေါ်ဆောင် လာသောကားသည် မောင်တောမြို့အတွင်း အရှိန်ပြင်းစွာ ရမ်းကား မောင်းနှင်းနေ၍ ပြည်သူများ ထိတ်လန့်နေရကြောင်း ရပ်ကွက်လူကြီး ဦးအာမန် မှ ပြောဆိုပါသည်။အကျဉ်းသားကား ကို ရဲတပ်ဖွဲ့ လုံခြုံရေးကား နှစ်စီးဖြင့် ရှေ့နောက်ညှပ်၍ မောင်တောမြို့သို့ ဝင်ရောက်သည့် အချိန် မှ စ၍ အရှိန်ပြင်းစွာ ရမ်းကား မောင်းနှင်သောကြောင်း၊ လမ်းပေါ်ရှိ လူ နှင့် တခြား သွားလာနေသော ယာဉ်များ လမ်းဘေးသို့ ထွက်ရှောင်ပြေးနေရသဖြင့် ပြည်သူများအထိ ဒုက္ခများ နှင့် ကြုံတွေ့နေရကြောင်း ဦးအာမာန် မှ ပြောဆိုသည်။
အကျဉ်းသားကားသည် မောင်တောမြို့ပေါ်တွင် အလွန်အရေးပါးသော ကားတစီးကဲ့သို့ ရဲတပ်ဖွဲ့ဝင်များက ခရာ မှုတ်ပြီး သွားလာနေခြင်းသည့် ပြည်သူများအတွက် ထူးဆန်းသကဲ့သို့ ခလေးသူငယ်များ နှင့် ကျောင်းသား အတွက် အလွန် ပြဿနာ ဖြစ်နေသည်။ ၎င်းကားသွားလာသော အချိန်သည် ကျောင်းသားများ နှင့် ပြည်သူများ သွားလာ သော အချိန်ဖြစ်သည့် အတွက် ဖြေးဖြေးမောင်းနှင် သွားရန် ပြည်သူများ တောင်းဆိုသော်လည်း ဂရုမစိုက်၊ ကားကို အရှိန်ပြင်းစွာ မောင်းနှင်လျက် ရှိကြောင်း ကျောင်းသားမိဘ ဦး နူရ်အာလာမ် မှ ပြောဆိုသည်။
အကျဉ်းသားကားသည် နံနက် ၉ နာရီခွဲတွင် သွားပြီး၊ ညနေ ၄ နာရီတွင် ဘူးသီးတောင်သို့ ပြန်သည်။ မောင်တော ခရိုင်တွင် ဘူးသီးတောင်မြို့တွင်သာ အကျဉ်းထောင်တခုသာ ရှိသည်။
အောက်တိုဘာလ (၆) ရက်နေ့တွင် ရွှေဇားကျေးရွာအုပ်စု၊ ဂုနားရွာနေ မာမတ် ဖိုက်ဆဲလ် (ဘ) ဦးလာလူး (အသက် ၂၀ နှစ်) သည် ၎င်း၏ အစ်ကို ဦးမာမတ် အားယာစ် (အသက် ၃၂ နှစ်) ပိုင်ဆိုင်သည့် မှန်လုံကားဖြင့် ညနေ (၄) နာရီ အချိန်တွင် မောင်းနှင်လာနေစဉ် မြို့ပေါ် နာရီစင်အနီး အရောက်တွင် ရှေ့တွင် ကားတစ်စီး ရှိနေ၍ ကားကို ဖြေးဖြေးမောင်းနေစဉ် မောင်တော ခရိုင် တရားရုံးမှ လာနေသည့် ရဲတပ်ဖွဲ့ဝင်များ နှင့် အကျဉ်းသားများ သယ်ဆောင်သည့် ကားကို လမ်း ဖယ်မပေးဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များသည် ထိုနေရာတွင် ရပ်တန့်လိုက်ပြီး မာမတ်ဖိုက်ဆဲလ်ကို ကားထဲမှ အတင်းဆွဲထုတ်ကာ သေလုမျောပါး ဖြစ်သည့် အထိ ဝိုင်းဝန်း ထိုးကြိတ်၍ မာမတ် ဖိုက်ဆဲလ် ကို ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ ကားပေါ်တင်၍ မောင်တောမြို့နယ်၊ သုံးမိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ ၏ ယာယီ အချုပ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း နာရီစင်အနီးရှိ ပြည်သူများ နှင့် ဖိုက်ဆဲလ်၏ ဆွေးမျိုးများ၏ ပြောပြချက်အရ သိရသည်။
မာမတ်ဖိုက်ဆဲလ် မောင်းနှင်လာသည့် ကားကို မြို့နယ် ရဲစခန်းမှ လာရောက်ပြီး ရဲစခန်းသို့ ယူဆောင် သွားကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို လမ်းသွားလမ်းလာ ပြည်သူအများက တွေ့ရှိပြီး လူမဆန်သည့် လုပ်ရပ်အတွက် မြို့ပေါ်ရှိ ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ဆိုသည်။
မာမတ် ဖိုက်ဆဲလ်ကို အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၄) နာရီ အချိန်ထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် (၈) သိန်း ညှစ်ယူ၍ ပြန်လည် လွတ်ပေးခဲ့ကြောင်း သိရသည်။








