နန္ဒ
နိုင်ငံသားဖြစ်မှုနှင့်ငြိစွန်း ပါက ရွေးကောက်ပွဲအနိုင်ရလျှင် ပင်ပြုတ်မည်ဟု ကိုယ်စားလှယ် လောင်းအရည်အချင်းသတ်မှတ် ချက်ပါ နိုင်ငံ သားဖြစ်မှုနှင့် တိုင် ကြားခံထားရသော သမ္မတရုံးဝန် ကြီးဦးသိန်းညွန့်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ဖြေကြားသည်။မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ် ပြိုင်မည့် သမ္မတရုံးအမှတ်(၁)ဝန် ကြီး၊ နေပြည် တော် ကောင်စီဥက္က ဋ္ဌ ဦးသိန်းညွန့်အား ကိုယ်စားလှယ် လောင်း အရည်အချင်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ပြန်လည်စိ စစ်ပေးရန် ဧရာဝတီတိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်မှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ အ ကြောင်းကြားထားသည့် အခြေအ နေအပေါ် သတင်းထောက်များ၏ မေးမြန်းချက်အား ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
‘‘သိသလောက်တော့ လဝ ကက အကြောင်းပြန်မလာသေး ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေ မှာက အထောက်အထားတင်ပြရ တယ်။ သူတင်တဲ့ အထဲမှာက အ ထောက်အထားမပါဘူး။ နိုင်ငံ သားဖြစ်မှုဟာ လဝကကပဲ ဆုံး ဖြတ်နိုင်တဲ့အတွက် စာပို့ပြီး မေး ထားတယ်။ တကယ်လို့သာ ငြိ စွန်းတယ်ဆိုရင်တော့ အခုမှ မ ဟုတ်ဘူး။ အဲဒီပုဂ္ဂိုလ်ကြီး အနိုင် ရသွားလည်း နိုင်ငံသားဖြစ်မှုနဲ့ ငြိ စွန်းရင် ဒါက ပြုတ်မှာပဲ’’ ဟု ဦးဝင်းကိုက စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိင်ရယ် ဟိုတယ်တွင် မီဒီယာများအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်သည် တရုတ်လူမျိုး မိဘများမှ ဆင်းသက်လာပြီး ၎င်း မွေးဖွားချိန်တွင် မိဘနှစ်ပါးစလုံး မှာ မြန်မာနိုင်ငံ သားများအဖြစ်သို့ မရရှိသေးကြောင်း၊ ဦးသိန်းညွန့်၏ ဖခင်ဖြစ်သူမှာ ကွယ်လွန်သွားချိန်အထိ မြန်မာနိုင်ငံသားအဖြစ် မရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်း၏တိုင်ကြားမှု အပေါ် ရွေးကောက် ပွဲ ကော်မရှင်က အချက်အလက်ခိုင်လုံစွာဖြင့် စစ်ဆေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ပြန်လည် အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေအခန်း(၅) ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ များနှင့် ဆက်လက်ရပ်တည်ပိုင် ခွင့်မရှိသူများ ပုဒ်မ ၁၀/အပိုဒ်ခွဲ (င) တွင် မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးစလုံးမှဖြစ်စေ မွေး ဖွားသည့် နိုင်ငံ သားတစ်ဦးသည် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၁၂ တွင် ရွေး ကောက်တင်မြှောက်ခံရသူ တစ်ဦးသည် ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်း ကြောင်း တိုင်ကြားချက်ကို ရရှိ လျှင် ကော်မရှင်သည် ယင်းတိုင် ကြားချက်ကို ရွေးကောက်ပွဲခုံအ ဖွဲ့ဖွဲ့၍ စစ်ဆေးပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ် စေနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ကိုယ်စားလှယ်လောင်းစိစစ် မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နိုင်ငံသား အရည်အချင်းပျက်ယွင်းမှုနှင့် ငြိစွန်းကာ သုံးဦး ပယ်ချခံခဲ့ရပြီး စုစုပေါင်း ခြောက်ဦးအထိ အပယ်ခံထိခဲ့ သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ကိုယ်စားလှယ်လောင်းတစ်ဦးမှ အပယ်မခံရချေ။
ဦးသိန်းညွန့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထို့နောက်








