ဘင်္ဂလာဒေရှ်နိုင်ငံ၊ ငါးဖမ်းလှေတစ်စီး နစ်မြုပ်ပြီး အသက်ဘေးမှ လွှတ်မြောက်လာကြသည့် ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်စီချကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောကမ်းခြေသို့ မိုးသက်လေပြင်းတိုက်ခတ်မူကြောင်း ဘင်္ဂလာဒေ့ရှ်ဖက်မှ ငါးဖမ်းလှေတစ်စီး နစ်မြုပ်ပြီး အသက်ဘေးမှလွှတ်မြောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာ ၆ ဦးအား မြန်မာဖက် စစ်ကောင်စီအစီုးရ မှ ဖမ်းဆီး အရေးယူပြီး သြဂုတ်လ ၁၀ ရက်၌ မောင်တောမြို့နယ် တရားရုံးသို့ ရုံးတင်ပြီး တစ်စုံတရာ စစ်ဆေးမူ မပြုလုပ်ဘဲ (လဝက) အက် ဥပဒေပုဒ်မ ၁၃(၁)(ခ)ဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ကြောင်း မောင်တောမြို့၊ ရိုဟင်ဂျာ အသိုင်းအဝန်းထံမှ သိရပါသည်။
“ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းမှာ မိုးသက်လေပြင်းမိပြီ စက်လှေကမြုပ်သွားတာ၊ ပြီးတော့ အဲဒီစက်လှေမှာ ပါလာသူတွေ က မောင်တောမြို့နယ် မြင်းလွှတ်ကမ်းခြေမှာ သောင်တင်လာခဲ့ပြီး၊ သြဂုတ်လ ၁ ရက်နေ့မှာ အသက်ဘေးက လွတ်လာသူ ၆ ဦးက စစ်ကောင်စီအစီုးရထံ သွားရောက် အဖမ်းခံလိုက်ကြတာ၊ အဲဒီမှာ စစ်ကောင်စီ တရားရုံးက အမူကို ဘာမှ မစစ်ဆေးဘဲ တနေ့ထဲ အမှုစစ်ပြီး ချက်ခြင်း ထောင် ၅ နှစ် စီချလိုက်တာ”လို့ မောင်တောမြို့မှ အမည်မဖော်လိုသူ ဒေသခံ တယောက်ကပြောပါသည်။
ထောင်ချခံရသူ ၆ ဦးသည် ကိုတန်ကောက် ကျေးရွာနှင့် မြင်လွှတ် ကျေးရွာတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပြီး၊ သူတို့သည်
၂၀၁၇ ခုနှစ် အကြမ်းဖမ်းဖြစ်စဥ်၌ မြန်မာဖက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးသွားကြသူများ ဖြစ်ကြပြီး၊ သူတို့ တတ်သိ နားလည်ကြသည့် ငါးဖမ်းအလုပ်ဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ငါးဖမ်းစက်လှေများ၌ အငှါးလိုက်နေကြတာလည်း ဖြစ်ပါသည်။








