ရခိုင်က မွတ်စ်လင်မ်တွေ၊ ရိုဟင်ဂျာတွေရဲ့ သမိုင်းဝင်ခြင်း မဝင်ခြင်းကို နည်းနည်း ပြော ပါ မယ်။ မြန်မာပြည် မှာ ဒေါက်တာ သန်းထွန်းတို့၊ ဒေါက်တာ ခင်မောင်ညွှန့်တို့ကို သမိုင်း ပညာရှင် တွေ အဖြစ် ချွင်းချက် မရှိ မြန်မာပြည်သူတွေ လက်ခံထားကြပါတယ်။ သူတို့ နှစ်ယောက် လုံး ရခိုင်က မွတ်စ်လင်မ်တွေနဲ့ ရိုဟင်ဂျာတွေ ရဲ့ သမိုင်းဝင်ခြင်းကို အသိ အမှတ် ပြု ထားပြီးသား ဖြစ်ပေမယ့် မြန်မာ ပြည်သူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိ ကြောင်း သာ အထောက် အထားမဲ့စွာ၊ ယုတ္တိမတန်တဲ့ ကိုးကားချက်များနဲ့ တွင်တွင် ငြင်းကြပါတယ်။ဥပမာအနေနဲ့ ဒေါက်တာခင်မောင်ညွှန့် ရေးသားခဲ့တဲ့ (ခင်မောင်ညွှန့် တက္ကသိုလ် သမိုင်း သုတေသန ငွေရတု မဂ္ဂဇင်းရဲ့ ပေါ်တူဂီမြန်မာ ဆက်ဆံရေး) ဆိုတဲ့ ကဏ္ဍမှာ

“အစ္စလာမ် သာသနာသည် အာရဗ်ကုန်သည်များမှ တဆင့် အရှေ့ဖျားသို့ ကူးစက် လာသည်။ ရခိုင်ပြည်တွင် (၈) ရှစ်ရာစု ကတည်းက စတင်အခြေချလာကြပြီး (မြောက်ဦး ခေတ်) ပေါ်တူဂီ-ရခိုင် တို့ ဖမ်းဆီး ခေါ်ဆောင်လာသော ကျွန်များကြောင့် လူဦးရေ တိုးပွားသွားသည်” လို့ သုံးသပ် ရေးသားထားတာ တွေ့ရပါတယ်။

ဒီလိုသုံးသပ် ထားတာတွေ ရှိနေပါလျက် ဒေါက်တာအေးချမ်းက ရခိုင်မှာ မြောက်ဦး ခေတ် မတိုင်ခင် (၁၅ ရာစု မတိုင် ခင်ထိ) မွတ်စ်လင်မ်လည်းမရှိခဲ့၊ မည်သည့် ရိုဟင်ဂျာ မှလည်း မှတ်တမ်းများမှာ မရှိခဲ့လို့ ပြောဆိုခြင်းဟာ လက်ခံနိုင်လောက်တဲ့ အချက် မဟုတ်ပါ။

နောက်တချက် ရိုဟင်ဂျာ ဆင်းသက်လာပုံကို သမိုင်းပညာရှင်တွေ ကိုးကားကြပြီး 1883 မှာ ပထမဆုံး ပုံနှိပ် ထုတ် ဝေခဲ့တဲ့ Sir Arthur Purves Phayre {First Chief Commissioner of Burma} ရဲ့ “Arthur Phayre History of Burma စာအုပ် စာမျက်နှာ ၁၇၂” မှာ ၁၆ရာစုက ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည် Ratf Fitch ကို ကိုးကားပြီး The King of Ruon အဖြစ် အဲ့တုန်းက ရခိုင်ဘုရင်ကို ညွှန်းဆို မှတ်တမ်း တင်ထားခဲ့ပါသေးတယ်။

Ruon > Rowan > Rowang > Rohingya ဆိုပြီး အဆင့်ဆင့် ပြောင်းလဲလာတာ ဖြစ်နိုင်ချေ ရှိပါတယ်။ သဘာဝ လည်း ကျပါတယ်။ (ကျနော့်အမြင်)

ဆိုတော့ ဒီ့အရင် ကတည်းက ရိုဟင်ဂျာတွေ ရှိနေခဲ့တယ်ဆိုတဲ့ သေချာတဲ့ အထောက် အထားတခုလို့ ဆိုချင်ပါ တယ်။ ဖြစ်နိုင် မဖြစ်နိုင် ပညာရှင် စစ်စစ်တွေကို မေးမြန်းပါ၊ စဉ်းစားပါ၊ သုံးသပ်ကြည့်ပါ။

ကိုယ်နဲ့ ဘာသာ မတူတိုင်း မွတ်စ်လင်မ် ဆိုတာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် ဖင်ပိတ် ငြင်းပယ်နေခြင်း ဟာ ပြသနာတွေကို လျော့မသွားစေပါဘူး။ မသမာသူတချို့ လှုံ့ဆော် နေသလို လိုက် ကခုန် မနေကြပဲ အမုန်း တရား တွေကို ဘေးဖယ်ပြီး မတူညီတဲ့ အသိုင်း အဝိုင်းနှစ်ခု အတူယှဉ်တွဲ နေထိုင်နိုင်လာတဲ့ (အရင်က လည်း နေထိုင်ခဲ့ကြပါတယ်) အခြေအနေအထိ ဖြစ် လာအောင် ကိုယ်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်း ဖော်ဆောင် ပေးကြစေချင်ပါတယ်။

** Sir Arthur Phayre ရေးသားခဲ့တဲ့ History of Burma စာအုပ်ကို amazon.com မှာ 16$ ခန့်နဲ့ ဝယ်လို့ရနိုင်ပါတယ်။

ပုံတွေကတော့ စာအုပ်မျက်နှာဖုံးပုံနဲ့ ဗမာပြည်ရဲ့ ပထမဆုံး ဗြိတိရှ်ကော်မရှင်နာကြီး Sir Arthur Phayre ရဲ့ပုံပါ။