ဒေသခံရခိုင်စစ်စစ်များက ရိုဟင်ဂျာများကို ညီအစ်ကို များပမာ နှစ်ပေါင်းရာချီ၍ပြုမူဆက်ဆံရုံ မက ငြိမ်း ချမ်း စွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည်။ ယခင်ဆောင်ပါး၌ ရေးခဲ့သည့်အတိုင်း ၁၉၇၀ ဝန်းကျင်တွင် ဘင်္ဂလားဒေ့ချ်၌ ဗုဒ္ဓဘာ သာဝင်များ နှိပ်ကွက်ခံရသောကြောင့် ဘင်္ဂလားဒေ့ချ်တိုင်းရင်းသားများဖြစ်ကြသော ရခိုင်များနှင့်မာရမာ များ အလုံးအရင်းဖြင့် မြန်မာပြည်ထဲသို့ ဝင်လာခဲ့ကြ သည်။ သူတို့အသက်ဘေးမှ မြန်မာနိုင်ငံထဲသို့ ဝင် ရောက်လာသောအခါ သူတို့နှင့်အတူ မုန်းတီးမှုကို လည်း တစ်ပါတည်း ယူဆောင်လာခဲ့ကြသည်။ထိုသို့ဝင်လာခဲ့ကြသော အနောက်သားရခိုင် နှစ်သန်း သည် မြန်မာတစ်နိုင်ငံလုံး၌ အဆင်ပြေသည့် သက်မွေး ဝန်း ကျောင်းများ လုပ်ကိုင်ခဲ့ကြသလို ရဟန်းဝတ်သူများ လည်း ရှိကြသည်။ ယနေ့အထိရခိုင်တစ်သန်း ဘင်္ဂလား ဒေ့ချ်နိုင်ငံ၏ တိုင်းရင်းသားမျာအဖြစ် ထိုနိုင်ငံ၌ပင် အေးချမ်းစွာ နေထိုင်နေကြသည်။ မြန်မာနိုင်ငံအတွင်းရှိ အနောက်သားရခိုင်တို့သည် တိုင်းရင်းသားအခွင့် အရေး ကို ရကြသော်လည်း အဆိုပါရန်လိုမုန်းတီးမှုမှာ ပျောက် သွားခြင်းမရှိဘဲ တဖြည်းဖြည်း ပို၍ပို၍ ပြင်းထန်လာရာ ရိုဟင်ဂျာများကို ခိုးဝင်ဘင်္ဂလီဟုစွပ်စွဲ၍ အနောက် သား များလာသည့်နေရာသို့ ပို့ပေးချင်သည့် ဆန္ဒဖြင့် ဆန့်ကျင် ကန့်ကွက်လာကြသည်။ ကမ္ဘာပေါ်တွင် ရခိုင်မှအပ မည် သည့် လူမျိုးမျှ နိုင်ငံနှစ်နိုင်ငံတွင် တပြိုင်တည်း၊ တချိန် တည်း တိုင်းရင်းသားအဖြစ်အသိ အမှတ်ပြုခံရသည်ဟူ၍ မရှိ။
မည်သည့်ရိုဟင်ဂျာကမျှ ရခိုင်တို့၏ အခွင့်အရေးကို မနာလိုမဖြစ်ကြသော်လည်း အနောက်သားများကမူ မိမိတို့ နေရင်းဌာနေမှ ယူဆောင်လာခဲ့သော ခံစားချက် များကို ရန်လိုမုန်းတီးမှုအသွင်ဖြင့် ဖော်ထုတ်၍ ရိုဟင်ဂျာ များအား လူသားမဆန်စွာ သတ်ဖြတ်လိုကြ သည်။ သို့မဟုတ် မောင်းထုတ်လိုကြသည်။ အထူးသဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် အနောက်သားများ ဦးဆောင် သည့် RNDP အပြတ်အသတ် အနိုင်ရလာချိန်မှစ၍ ရိုဟင်ဂျာများကို မျိုးတုံးသတ်ဖြတ်ရန်အစီအစဉ်ရေးဆွဲ၍ စနစ်တကျဆောင်ရွက်လာခဲ့ကြသည်။ ဒေသခံရခိုင် စစ်စစ်များမှာမူ အနောက်သားတို့၏ အင်အားကို မယှဉ်ပြိုင်နိုင်၍ နေရင်းစွန့်ထွက်ပြေးနေရသည်။ ရခိုင်စစ်စစ်က ရခိုင်လူမျိုးအကျိုးစီးပွားအတွက် အလုပ်လုပ်ချင်၏။ အနောက်သားများကမူ ရိုဟင်ဂျာ ကို ခိုးဝင်ဘင်္ဂလီဟု ဝါဒဖြန့်ခြင်း၊ အကျဉ်းစခန်းသွင်းခြင်းဖြင့် တိုင်းပြည်ကို ချောက်ထဲ တွန်းချနေကြသည်။
အောင်အောင်(စစ်တွေ)







