စစ်အာဏာရှင်တွေက ခေတ်အဆက်ဆက်က ရေရှည် စီမံကိန်းတွေဆွဲပြီး၊ သူ့တို့အာဏာ ထာဝရ တည်မြဲအောင် အရံအတားများစွာချပြီး စီမံကိန်းချ စီစဉ်ထားခဲ့ပြီးသားဖြစ်ပါသည်။
 အာဏာရှင်ဗိုလ်နေဝင်းသည်  ၁၉၆၂ ခုနှစ်မှာ စစ်ယူနီ‌ဖေါင်း ချွတ်လိုက်ပြီး၊  မြန်မာနိုင်ငံ၏ တခုထဲသောပါတီ ဖြစ်သည့် မြန်မာ ဆိုရှယ်လစ်လမ်းစဥ်ပါတီ (မဆလ) ကို တည်ထောင် လိုက်ပြီး၊ ပါတီ ဥက္ကဌ ရာထူး နှင့် တိုင်းပြည်ကို ပါတီက ဦးဆောင်မယ်ဆိုပြီး၊ အာဏာယူခဲ့ပါသည်။ တတိုင်းပြည်လုံးက အသက်ပြည့်ပြီးတဲ့ လူတိုင်း ပါတီ ဝင်ကြ ရပါသည်။
ပါတီ မဝင်သည့်သူ‌တွေအတွက်  ဘာမှ အခွင့်အရေးမရ နိုင်အောင်လဲ ပြုလုပ်ထားပါသည်။ ဥပမာ အားဖြင့်  ၁၀ တန်း အောင်လို့ပဲဖြစ်ဖြစ်၊ ဘွဲ့ရလို့ပဲဖြစ်ဖြစ် ဌာနတခုခု မှာ အလုပ်လျှောက်ရင်တောင် ပါတီ မဝင်ထားသူတွေအတွက် အလုပ်ရဖို့မရှိပါ။
ပညာရေးမှာလည်း တော်လွန်းလို့ နိုင်ငံရပ်ခြား ပညာတော်သင် အရွေးခံရရင်လည်း ပါတီ ဝင်မထားရင် သွားခွင့်မရှိပါ။ အဲ့ဒိအပြင် အရပ်ထဲမှာ ရပ်ကွက် အဆင့်၊ မြို့အဆင့်၊ မြို့နယ်အဆင့်တွေမှာ လူရာဝင်ဖို့ လူကြီးဖြစ်ဖို့တွေ ကလဲ ပါတီဝင်ဖြစ်နေရုံမက ပါတီဝင် သက်တန်း ရင့်သူ ကလပ်စီး အဆင့်၊ ခေါင်းဆောင်အဆင့် ရောက်နေသူတွေသာ အဲ့ဒိနေရာကို ရရှိနိုင်မှာပါ။
အဲ့ဒိအပြင် မည်သူမဆို ပါတီ နဲ့ကင်းကွားလို့ မရအောင်  စံနစ်တကျ စီမံကိန်းချထားပါသည်။ အဲ့ဒိကာလအချိန်တွင် မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေဆီမှ ယဉ်ကျေးမှုတွေ ဝင်လာမှာစိုးရိမ်တာကြောင့် တံခါးပိတ်ဝါဒ ကျင့်သုံး ထားပါသည်။ အဲ့ဒိတော့ ဘာဝယ်ဝယ် ပြည်တွင်းပြစ်တွေကိုပဲ အားပြုနေရပြီး၊ အဲ့ဒိပြည်တွင်းဖြစ် စက်ရုံတွေက ထုပ်လုပ်တဲ့ အရာတွေ မှန်သမျှကိုလဲ၊ ပါတီ ကပဲ ဦးဆောင်ရောင်းချနိုင်ဖို့ အတွက် (သမဝါယမ) စံနစ်တခု ကို ကျင့်သုံးခဲ့ပါသည်။
မိသားစုတစုမှာ မရှိမဖြစ် လိုအပ်သည့် ဆန်၊ ဆီ၊ နို့ဆီ၊ သကြား၊ စောင်၊ ခြင်ထောင်၊ ခလေးအနှိး၊ ပိတ်စ၊ ကျောင်း ဝတ်စုံ(ကျောင်းစိမ်း)၊ မီးဘူ၊ ဓါတ်ဘူး၊ ပန်ကန်၊ ခွက်ရောက်၊ အားလုံးနီးပါးကို သမဆိုင်‌မှ တဆင့်  ဝယ်ယူရပါသည်။  မိမိမှာငွေကြေး တတ်နိုင်လို့ ဆန်ကို အပြင်ကနေ လိုသလောက်များများ စားစားဝယ်ထားခွင့်မရှိ သလို၊ တခြား အိမ်သုံးပစ္စည်းများကိုလည်း များများစားစား ရောင်းချသည့် ဆိုင်လဲမရှိပါ။  ဆန်များများဝယ်ထားရင်လဲ  ဆိုရှယ်လစ် စီးပွားရေး ဥပဒေအရ အရေးယူ ခံရမှာဖြစ်ပါသည်။
  (တရားရေး ဥက္ကဌ (ဝါ) အနှေးယှဉ်မောင်း)
  နောက် အဲဒီ သမ ဆိုင်တွေကို ဦးဆောင်သည့် လူကြီးတွေက ပါတီဝင် ယူနစ်၊ ကလပ်စည်း၊ ရပ်ကွက် ဥက္ကဌ အဆင့် ရောက်နေသူတွေပဲ ရရှိနိုင်မှာဖြစ်ပါသည်။ အဲ့ဒိလို ပါတီဝင်တွေအတွက်ပဲ နေရာရှိအောင် လုပ်ထားပါသည်။
 အဲဒီထက် စိုးတာက တရားစီရင်ရေးတွေမှာ  ဥပဒေပညာသင်ယူတတ်မြောက် လာသူတွေ ရဲ့ အပေါ်မှာ ပါတီ အဆင့်ရှိသူတွေ ရောက်နေတာက အခုခေတ်လူငယ်တွေ ကြားဘူးမယ်လို မထင်ပါ။
 ရပ်ကွပ်ထဲမှာ မိရိုးဖလာ ဆိုက္ကားနင်းသူ တယောက် ဖြစ်နေခဲ့ပေမဲ့၊ အတန်းပညာ ကောင်းကောင်း မသင်ယူခဲ့သူသည် အခုတော့ ပါတီ ရဲ့ကျေးဇူးတော်ကြောင့် တရားသူကြီး၊ဖြစ်နေသူတွေ များစွာရှိသလို၊ မြို့နယ်ပါတီယူနစ် ဥက္ကဌ ဖြစ်နေသူတွေ လဲရှိပါသည်။ ဆင်းရဲသားနှင့် အားနည်းတဲ့သူတွေကို နိုမ်ပြီးပြောတာမဟုတ်ပေမဲ့ အဲဒီအချိန်တုံးက အရပ်ထဲမှာ တရားရုံးတွေမှာ စာမတတ် စာမဖတ်သူတွေ ဆင်ခြင်တုံတရားမရှိသူတွေကြောင့်၊ ဆုံးရှုံးမှုနစ်နာမှုတွေ နှင့်  တရားဥပဒေမဏ္ဍိုင် ယိမ်းယိုင်ချိနဲ့ခဲ့ရပါသည်။
( ဖေါက်ထွက် စဉ်းစားတွေဝေးခွင့်မရှိ )
ဘာလုပ်လုပ် ပါတီတဲ့ခွဲလို့မရ၊ ပါတီနှင့်မပတ်သတ်လို့ မရတဲ့ပုံစံ ဖန်တီးထားပြီး၊ နိုင်ငံရပ်ခြား စာပေ ယဉ်ကျေးမှ ၊သိပ္ပံ နည်းပညာ ဘာမျှ ထိုး‌ဖေါက် လေ့လာခွင့်၊ စည်းပူးခွင့်မရှိသလို၊ သမိုင်း နဲ့ပတ်သတ်ပြီးတော့လည်း ပါတီက ခွင့်ပြုထားတဲ့ သမိုင်း သင်ရိုးကိုပဲ သင်ယူခွင့်ရ ပြီး၊ ပြင်ပ စာပေ၊ သမိုင်းနဲ့ နည်းပညာ၊ဘာသာပြန် စာပေတွေ မှန်သမျှ ကိုလည်း (ဆိုရှယ်လစ်အကျိုးစီးပွားပေတံ)နဲ့တိုင်းတာပြီးမှ ထုပ်ဝေခွင့်၊ ဖြန့်ချီခွင့်ရ ပြီး၊ ဆင်ဆာ အဖွဲ့ကိုတင် ကထဲက (တင်သူ/ရေးသားသူ)အတွက်အန္တရယ် ကြီးမားလှပါသည်။ ဒါကြောင့် ဘယ်သူမှ ဖေါက်ထွက်တွေးခွင့်မရှိသလို၊ဘယ်သူမှ ဖေါက်ထွက်စဉ်းစားခွင့်မရှိခဲ့ပါဘူး။
 မှတ်မိတဲ့ ဖြစ်စဉ်လေးတွေ ပြောပြရရင်၊ မန္တလေးမြို့မှာ လေယာဉ်ကွင်းတည်ဆောက် ဖို့အတွက် စီစဉ်အောင်မြင် တော့မဲ့သူ တယောက်ပေါ်ပေါက်ဖူးသလို၊ ဗိုလ် အုန်းသီးစက်ဘီး(ခလေးစီးသုံးဘီးစက်ဘီး) က အာရှတိုက်မှာ နာမယ်ကြီးခဲ့ဘူးပါတယ်၊  သူတို့တတွေကို အစိုးရက မြေတောင်မြောက်ပေးမဲ့အစား ဆက်မလုပ်ဖို့ ခြိမ်းခြောက်ခံ ခဲ့ရပါတယ်။
တခြားစာပေအရေးအသားကြောင့်၊ အရေးပေါ်အက်ဥပဒေ ပုဒ်မ (၅ ည)အရ ထောင်ကျနိုင်သလို၊ ဆိုရှယ်လစ်၊စီးပွားရေး ဥပဒေအရ လဲ ထောင်ချနိုင်ပါသည်။
အဲဒီအပြင် နယ်ပယ် အသီးသီးမှာ ပါတီမဝင်လို့ ၊ ဆရာက သူသင်ပေးထားခဲ့တဲ့တပည့်ရဲ့အောက်မှာ ပြန် အလုပ် လုပ်နေရတာတွေလဲများစွာရှိပါသည်။ အဲဒီလိုမျိုး မြန်မာပြည်မှာ လူလာဖြစ်ရင် (မဆလ)ပါတီ မဝင်တဲ့သူ ဆိုတာ လူဖြစ်ရှုံးသူ နှင့် သူပုန် တွေပဲရှိပါသည်။
      (မဆလ ပါတီမဝင်ခင်၊ အဆင့်များ)
အဲဒီ (မဆလ)ပါတီကိုလည်း ကြီးမားရှည်လျားတဲ့  တိကျမှန်ကန်သောစီမံကိန်းတွေ ချပြီး လုပ်ထားသလို၊ အဲ့ဒိပါတီကို ဝင်ခြင်တိုင်းဝင်မရအောင်လုပ်ထားလိုက်သေးတယ် ၊အဲဒါက အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုတာနဲ့ ပါတီ ယူနစ်ရုံးကို သွားချင်ရင်သွား ၊ဒါမမဟုတ် ရပ်ကွက်ထဲက ကလပ်စည်းခေါင်းဆောင် တယောက်ယောက်ထံကနေ ပါတီ မိတ်ဆွေ ဖောင်လေး တောင်းပြီး ဖြည့်ရပါတယ်၊ ဖြည့်ပြီး ရက် အတန်ကြာရင်၊ ပါတီ မိတ်ဆွေ စဖြစ်ပါမယ်၊ တကယ်တော စောင့်ကြည့်ကာလ ပေါ့၊ တချိုက လနဲ့ချည်ပြီး၊ တချို့ကနှစ်ပေါက် ကြာမှ အရံပါတီဝင်ဖြစ်တာပါ။
ပထမ ပါတီမိတ်ဆွေ၊ နောက် အရံပါတီဝင်၊ပြီးမှ ပါတီ ဝင် ဖြစ်တာ၊ အဲဒီလိုမျိုး လုပ်ထားတာ ဝင်ခြင်တိုင်းဝင်မရဘူး။ ပေါပေါ ပဲပဲ မဟုတ်ဘူးဆိုတဲ့ ပုံစံ လုပ်ထားတာ။
အဲဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး၊ ကျောင်းတွေ ဝင်ပြီး စီစဉ်ထားတာ၊ အဲ့ဒါက (၄)တန်းလောက်မှာ စပြီး ဆရာတွေက (တေဇလူငယ်)ထဲကို ဝင်ဖို့ စပြီး စည်းရုံးနေပါပြီ၊ နောက်အတန်းကြီး သွားရင်၊ ရှေ့ဆောင်လူငယ် ထဲကို ဝင်ဖို့ တိုက်တွန်း စီစဉ်ပါလိမ့်မယ်၊ အဲဒီကနေ ၈ တန်း မှ ၁၀ တန်း ကာလမှာတော့ လမ်စဉ်လူငယ် ထဲကို မဖြစ်မနေ ဝင်ရမှာပါ။ အဲဒါတွေက အလဟသ မဖြစ် ပါဘူး။ မဆလ ပါတီထဲကိုဝင်တဲ့အခါမှာ အားဖြစ်စေတယ်၊ မြန်မြန်ဆန်ဆန် ပါတီဝင် ဖြစ်စေတယ်၊ မြန်မြန်ဆန်ဆန် ထိပ်ပိုင်းကိုရောက်နိုင်တယ်။
အဲလိုမျိုး ခလေးဘဝ ထဲက မဆလပါတီ ရဲ့အရံအင်အားတွေ ကိုမွေးထားတာ၊ လမ်းစဉ်လူငယ်ဘဝမှာလဲ ခေါင်းဆောင်သင်တန်းတွေ တက်မယ်ဆိုရင် ကျောင်းက ခွင့်ပေးတယ်၊ ကျောင်းစာမှာ အားနဲရင်တောင် ဆရာတွေက ကြည့်ကြပ်လုပ်ပေးရတယ်၊ အဲလိုမျိုး ခေါင်းဆောင် သင်တန်းဆင်းပြီး ခေါင်းဆောင် ဖြစ်လာတဲ့ သူတွေ ကိုလဲ လူရည်ချွန်တွေလို နွေရာသီ လေ့လာရေး ခရီးတို့ကို နိုင်ငံတော် စားရိပ် နဲ့ သွားရတယ်၊ အဲ့ဒိ လူငယ်ခေါင်းဆောင် တွေကျတော့  အသက် (၁၈)နှစ်ပြည့်လို့ ပါတီ ဖက်ကို ကူးတဲ့အခါမှာ ပါတီ မိတ်ဆွေ၊ အရံပါတီဝင်တို့ မလိုတော့ဘူး ကျော်လွှားပြီး ပါတီဝင်ဖြစ်ခွင့်ရတာ နောက်လဲ ပါတီမှာ လူကြီးဖြစ်ဖို့ အရမ်းမြန်တယ်။
နောက်တခုက ပါတီမှာ အထက်က လူကြီးကို ပေါင်းနိုင်ရင် ပေါင်းနိုင် သလောက် အတက်မြန်တယ် လုပ်ပိုင်ခွင့်တွေ ရတယ်။ အရပ်ထဲမှာ ရာဇဝတ်မှု တို့  ပြသနာတက်တာတို့ ဖြစ်ပွားခဲ့ရင်လဲ ရဲစခန်းနှင့် တရားရုံးတွေမှာ ပါတီက ဝိတ် နှင့် ဝင်ပြီးဖြေရှင်းပေးလို့ရတယ်။ အရာရာမှာ ပါတီက ရှေ့ဆောင်တယ်ဆိုတဲ့ ဥက္ကဌကြီး ဦးနေဝင်း ရဲ့ စကားအရ လိုက်နာကြရသည်။ အဲဒီလိုမျိုး ပါတီ က လူတိုင်းအတွက် အရာရာ၊ ပါတီက လူ့ပတ်ဝန်းကျင်မှာ အရာရာ၊ ပါတီကပဲ မြန်မာပြည်သူတွေအားလုံးရဲ့ လမ်းပြ၊ စသဖြင့် ပုံဖေါ်ပြီး သူ့တခုထဲသောပါတီ ကို အခိုင်အမာ ပြုလုပ်ထားပြီး၊ မြန်မာနိုင်ငံသားတွေ အားလုံးက မိမိစိတ်သဘော ဆန္ဒအလျောက် အရံအင်အားတွေအဖြစ် ကာကွယ်ပေးထားရတယ်။
အဲ့ဒိအပြင် ဒုတိယ စီမံကိန်း အဖြစ်၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ အရံမီးသတ်တွေကိုလဲ ပင်မ လက်နက်ကိုင် စစ်တပ်ကြီးရဲ့ အရံအင်အား အဖြစ် တရားဝင် ကျေညှာပြီး အားလုံးကို စစ်တပ်အောက်မှာ ထား ထားသည်။ သူတို့က ပိုက်ဆံရတဲ့ အရံအင်အားတွေပေါ့။
NLD အစိုးရလက်ထက်တုံးကတော့ ပြည်ထဲရေး (ထွေအုပ်)နှင့် ရဲတပ်ဖွဲ့ တွေကို အစိုးရအဖွဲ့အောက်ကို လွဲပြောင်းတဲ့ အမိန့် ထွက်ခဲ့ဘူးပါတယ်။ အဲဒီအမိန့်ထွက်တဲ့နေ့မှာပဲ ထွေအုပ် ဝန်ထမ်းတွေ ကတော့ အမိန့်အတိုင်း အစိုးရအဖွဲ့ အောက်ကို ရောက်ခဲ့ပေမဲ့  ရဲတပ်ဖွဲ့ကတော့ အမိန့်စာသာ ထွက်လာခဲ့ပြီး၊ သူတို့ကိုတော့ အစိုးရအဖွဲ့ အောက်ကို မပြောင်း‌ေပးခဲ့ပါဘူး။
အဲဒါကြောင့်လဲ၊ NLD အစိုးရလက်ထက်မှာ တောင် ပြည်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တမန်တော်မွေးနေပွဲကို လာဖျက်စီး အနိုင်ကျင့်တဲ့ (မဘသ)အဖွဲ့ရဲ့ လုပ်ရပ် ကို တားဖို့ အတွက် ရဲတပ်ဖွဲ့ ကို အစိုးရအဖွဲ့က ထိမ်းခိုင်းပေမဲ့ အဝေးကနေပဲ လာကြည့်နေခဲ့ပြီး၊ (မဘသ) တွေ လုပ်ချင်တာကို လုပ်ခွင့်ပြုထားခဲ့ပါတယ်။
       (တမန်တော်မိုဟာမတ်မွေးနေ့ အဖျက်အစီးခံရ)
အဲ့ဒိအချိန်တုံးက  (မဘသ) အဖွဲ့အစည်းကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညှာထားပါတယ်။ ဒါပေမဲ့ အဲဒီ  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ အကုန်ပိုင်းလောက် မှာ တမန်တော်မွေးနေ့ အခန်းအနား  ကျင်းပဖို့ ၁ ရက်အလို နေ့မှာ  ကား ၁၅ စီးခန့် နှင့်ဘုန်းကြီးတွေ ၊ (မဘသ) အဖွဲ့တွေက  ထွေအုပ်ကို အရင်လာပြီး၊ ခွင့်ပြုထားပြီးသား ပွဲမိန့်ကို ဖျက်သိမ်းဖို့ လာတောင်းဆိုခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူး က အဲ့ဒိအဖွဲ့ကို ကြောက်နေပုံရတယ်၊ သူတို့ က မြို့နယ် အုပ်ချုပ်ရေးမှူး အခန်းထဲကို တန်းဝင်သွားပြီး အခု ခွင့်ပြုထားတဲ့ အမိန့်ကို ချက်ခြင်း ဖျက်သိမ်းပေးပါ မဟုတ်ရင်၊ မလိုလားအပ်တဲ့ ပြသနာတွေ တက်သွားလိမ့်မယ် ဆိုပြီး  မြို့နယ်မှာ တာဝန်အရှိဆုံး  ဝန်ထမ်းကို လာပြီး ခြိမ်း‌ေခြာက် အကျပ် လာကိုင်နေတာ၊ အဲ့ဒိတုံးက အုပ်ချုပ်ရေးမှူးက ဦးမြတ်ကျော် သူ့အနေနဲ့  ရဲတပ်ဖွဲ့ကို ချက်ခြင်းခေါ်ပြီး အဲ့ဒိအဖွဲ့အစည်းတွေကို ဖမ်းစီးချုပ်နှောင်ခွင့် ရှိပါသည်။ သို့သော် သူမလုပ်ရဲဘူးထင်တယ်။  အဲ့ဒါကြောင့် လက်ခံဆွေးနွေးညှိနှိုင်းတယ် သူ့အနေနဲ့ တကယ်လုပ်ရမှာက  သူ့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို လာပြီး လွမ်းမိုးခြင်း၊ ကျော်ပြီး၊ ဝတ္တရားနှောက်ယှက်ခြင်း၊ အစိုးရအဖွဲ့အစည်းကို မထေမဲ့ပြင်လုပ်ခြင်း၊ ပိုင်နက်ကျူးလွန်ခြင်း၊ ခြိမ်း‌ေခြာက်ခြင်း၊ စဖြင့်‌တွေ့နှင့်တရားစွဲလို့ ရသလို၊ လတ်တလော အနေနဲ့ ရဲခေါ်ပြီး ဖမ်းခိုင်းလို့ ရသည်။
အဲ့ဒါတွေ သူမလုပ်ခဲ့ပဲ၊ ဆွေးနွေးပြီး တနေကုန် ပွဲမိန့်ပေးထားတာကို (၂) နာရီ အတွင်းမှာ ပြီးအောင်လုပ်ခိုင်းပေးပါမယ်၊အဲ့ဒါကိုလက်ခံဖို့ သူက အောက်စည်းနဲ့ ညှိရပါတယ်၊ (မဘသ)တွေက လုံးဝ အလျော့မပေးဘူး၊ လက်မခံ ဘူး၊ ပွဲလုပ်ခွင့် ကိုမပြူဘူး၊ ပြု ရင် ဘာသာရေးအထိကရုံး ဖြစ်သွားမယ်၊ လုပ်ရဲရင် လုပ်ကြည့် ဆိုပြီး ခြိမ်းခြောက်ပြီး ထွေအုပ်ရုံးထဲက နေ ထွက်သွားကြပါသည်။
သူတို့ထွက်သွားပြီးနောက်  မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြတ်ကျော် က အစွလာမ်ဘာသာရေးခေါင်းဆောင်တွေကို ချက်ခြင်းဆင့်ခေါ်ပြီး၊ ပွဲကို မနက် ၉ နာရီကနေ ၁၀ နာရီအတွင်းမှာ ပြီးအောင် လုပ်ပေးပါဆိုပြီး၊ သူ့လက်မှတ် နှင့်  အမိန့်စာ ထပ် ထုတ်ပေးပါသည်။ အကြောင်အမျိုးမျိုးကြောင့် တမန်တော် မိုဟာမတ် မွေးနေ့ကို မနက်(၉ နာရီမှ ၁၀ နာရီ)အထိပဲ ခွင့်ပြုကြောင်း၊အမိန့်စာ ကို သူ့လက်မှတ်နဲ့ ထပ်ထုပ်ပေးလိုက်ပါသည်။
ဒါပေမဲ့ အစ္စလာမ် ခေါင်းဆောင်တွေကတော့ (၂) နာရီ အတွင်း ပွဲက လုပ်လို့မရနိုင်ကြောင်း၊ အစီအစဉ်‌ေတွထဲမှာ လဲ ကဗျာရွတ်ပွဲ၊ တရားပွဲ၊ ဆုပေးပွဲတွေအပြင် တမြို့လုံးက လာသမျှ လူတွေကို ထမင်းကြွေးမဲ့အစီအစဉ်တွေပါ ပါပြီး၊အကုန်လုံးကလဲ စီစဉ် ထားပြီးပြီး ဖြစ်ကြောင်း၊ ပြန်ပြောကြရင်း နဲ့ နောက်ဆုံးတော့ အစ္စလာမ် ဘာသာဝင်တွေဘက်က ပဲ၊ ဘာပွဲမှ မလုပ်တော့ဘူးလို့ ဆုံးဖြတ် လိုက်ကြရပါတော့သည်။
တကယ်လို့ အစ္စလာမ်တွေဘက်ကလဲ ဇွတ်ကျင်းပ မယ်ဆိုရင် လည်း သူတို့ဘက်က ဘာလုံခြုံရေးမှ စီစဉ်‌ပေးနိုင်မှာလဲမဟုတ်၊ ကာကွယ်ပေးနိုင်မှာလဲ မဟုတ် ဆိုတာကို  နားလည်ပြီးသား၊ အခုလို (အစိုးရအဖွဲ့ဆိုတဲ့) ထွေ အုပ်ရုံးထဲထိတောင် ဝင်ရောက် စော်ကားသွားတာကို ဘာမှ မလုပ်နိုင်တာ၊ အစ္စလာမ်ဘာသာဝင်တွေ ကိုလဲ ကာကွယ်ပေးနိုင် မှာမဟုတ်ဘူးဆိုတာကိုသိကြပါသည်။
တကယ်လို့ အဲဒီပွဲကို လုပ်လိုက်လို့ (မဘသ) တွေ က လာပြီး ဖျက်စီးခဲ့ရင်လဲ၊ အဲ့ဒိအချိန်မှာ ပြည်မြို့က  ရှိသမျှ အစ္စလာမ် ဘာသာဝင်တွေ အားလုံးက ဒီတမန်တော်မွေးနေ့ ကိုလာကြရင်း လူစုပြီးသားဖြစ်‌‌နေတဲ့အချိန်မှာ၊ (မဘသ) က လာဖျက်စီးရင် ထိပ်တိုက်တွေ့ ပြီး၊ ရန်ပွဲ ပဋိပက္ခ ဖြစ်ပြီး ကြီးသွားနိုင်သည်။ ပြန့်သွားနိုင်တယ်၊ ဒါကြောင့် အစ္စလာမ် ဘာသာဝင်တွေ ဘက်ကပဲ ပွဲမကျင်းပတော့ဖို့ ဆုံးဖြတ် လိုက်ကြတော့သည်။
ဒါပေမဲ့ အဲဒီနေ့က ထွေ အုပ်ကိုဝင်ပြီး ခြိမ်းခြောက်ပြီး၊ တဆက်တည်း တမန်တော်မွေးနေ့ကျင်းပဖို့ စီစဉ်ထားသည့် ပြည်မြို့ ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်က အီးဒ်ဂါ ကွင်းပြင် ကို ရောက်လာခဲ့ကြပြီး၊ အဝင်ဝမှာ ပြုလုပ်ထားတဲ့ ဆိုင်းဘုတ် မုဒ်ဦး ကို ဖျက်ချ၊ပြီးတော့ အထဲကိုဝင်လာပြီး၊ စတုဒီသာ မဣပ် နဲ့ တရားဟောစဥ် တွေ ကို ဖျက် ၊ အဝင်ဝမှာ လွှင့်ထားတဲ့  ဘာသာရေးဆိုင်ရာအလံ ကို ‌အောင်ပွဲခံတဲ့ အသံနဲ့ အလံကိုဖြုတ်ချ စသဖြင့် စိတ်ကြိုက် ဝင်ဖျက်စီးပြစ် လိုက်ကြသည်။  အဲဒီနေ့က ပွဲ မတိုင်ခင် ပထမ ရက် ဖြစ်တာကြောင့်၊ မဣုပ် ထိုးသူ၊ အခန်းအနား စီစဉ်သူ၊ ထမင်း၊ဟင်းချက်နေသူတွေပဲ ရှိတာကြောင့်၊ လူအင်အား သိပ်မရှိကြပါဘူး၊ တကယ်လို့များနောက်တရက် ပွဲနေ့မှ လာဖျက်စီးခဲ့ရင်၊ သွေးချောင်းစီးမှာ မုချပဲလို့  အဲ့ဒိအချိန်တုံးက ပြည်မြို့ရဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းမှာ ပါခဲ့သူ တယောက်ကပြောပြပါတယ်။
အဲ့ဒါက NLD ပါတီ အစိုးရအဖွဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ၊ ဒါပေမဲ့  စစ်‌အာဏာရှင်ကတော့ ပြည်သူတွေကို သေနတ် ထောက်ပြီး၊ ရေးစွဲထားခဲ့တဲ့  ၂၀၀၈ အခြေခံဥပဒေ ၊ အခန်း(၈) ပုဒ်မ ၃၄၇ မှာတော့။
        နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလဲ တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။
ဟူ ၍၎င်း။
      ပုဒ်မ(၃၄၈)မှာလဲ  နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ရာထူးဌာနန္တ၊အဆင့်အတန်း၊ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာ တို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရ။
ဆိုပြီး  ဥပဒေ အခိုင်အမာရေးသားထားခဲ့ပါသည်။ ဒါပေမဲ့ သူတို့ရေးထားတဲ့ ဥပဒေ ကို သူတို့ ကိုယ်တိုင် လိုက်နာခြင်းမရှိပါဘူး။