မြန်မာတစ်နိုင်ငံလုံးရှိအကျဥ်းထောင်တွေကနေ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ ရိုဟင်ဂျာ ၃၇၀ ကျော်ကို သြဂုတ်လ ၁၆ ရက် မွန်လွဲပိုင်း၌ မောင်တောခရိုင်သို့ ပြန်ပို့ လိုက်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ များထံမှသိရှိရပါသည်။
“သူတို့က လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေပါတယ်လို့လဲပြောတယ်၊ တကယ်က လွတ်ရက်စေ့ပြီး လွတ်လာသူတွေ များပါတယ်။ အားလုံး ၃၇၀ ကျော်တယ်။ မောင်တောက ၃၀၀ ကျော်၊ ဘူးသီးတောင်က ၇၀ ကျော်ပါတယ်။ကျား/မ/ကလေး အရေအတွက်တွေအတိအကျမသိရသေးဘူး ” လို့ မောင်တောဒေဿခံ ရိုဟင်ဂျာတယောက်ကပြောပါသည်။
“ထောင်က လွပ်ရက်စေ့ပြီး လွတ်လာသူတွေထဲ့မှာ ဘင်္ဂလာနိုင်ငံသား ၂၇ ဦးပါတယ်လို့တော စာရင်း လာပေးထားတာ ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလာနိုင်ငံသား ဟုတ်မဟုတ်ကို ဘူးသီးတောင်အကျဥ်းထောင်ကို သွားရောက်စစ်ဆေးရအုံးမှာ။ ဘင်္ဂလာနိုင်ငံသား ID ကဒ်ပြနိုင်ရမယ် သေသေချာချာစစ်ဆေးပြီးမှ ပြောလို့ရမယ်လို့။” လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာသံရုံးတာဝန်ရှိသူတွေက ဆိုပါသည်။
လွတ်လာသူတွေထဲမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြပြီး ဘင်္ဂလားနိုင်ငံဖက်သို့ ၂၀၁၇ ခုနှစ် အကြမ်ဖက်ဖြစ်စဥ်၌ ထွက်ပြေးသွားကြသူတွေ ပါသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေလဲ တော်တော်များများ ပါရှိနေတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေကပြောပါသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်ဆလင်များမှာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်များကြောင်း တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၉ သိန်းခန့်ထွက်ပြေးခဲ့ကြောင်း UNHCR နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှတ်တမ်းအရ သိရပါသည်။ ရခိုင်ဒေသတွင် ကျန်ရှိနေခဲ့ကြသည့် ရိုဟင်ဂျာများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းမရှိမူ၊ ပညာတတ်သော်လည်း အစိုးရ အလုပ်များ၌ အလုပ်ခန့်ထားခြင်းမရှိမူ၊ လွတ်လပ်စွာ ခရီးသွားလာခွင့်မရရှိမူ၊ ကျန်မားရေး၊ လူမူရေးစသည့် လူအခွင့်အရေးများအား အပြည့်အဝခံစားရတာမရှိကြတာကြောင်း အခုလို မလေးရှားနိုင်ငံအစရှိတဲ့ပြည်ပနိုင်ငံများသို့ ပင်လယ်ကိုဖြတ်ပြီး အသက်အန္တရယ်တွေကြားက သွားလာနေကြရပြီ ဖမ်းဆီးခံရသူအများစုရှိနေပြီး ပင်လယ်ပြင်၌ စက်လှေနှစ်မြုတ်ပြီး သေဆုံးများစွာရှိနေကြတာလည်းဖြစ်ပါသည်။








