မောင်တောမြို့ရှိ မြို့မဈေးတွင် လွန်ခဲ့သော အပတ် မှ စ၍ ရေငံငါးများ ရောင်းချခြင်း မရှိသည့် အတွက် ပြည်သူများ ငါးရှားပါးမှု နှင့် ရင်ဆိုင်နေကြောင်း မောင်တောမြို့မှ လူကြီး ဦးဇော်ကော်ရီယာ မှ ပြောပြသည်။

“ကျွန်တော်တို့ ရေငံငါးများ မတွေ့ရဒါ တပတ်ရှိနေပြီး၊ မောင်နီကျေးရွာ မှ တံငါးသည်များကို အစိုးရ တာဝန်ရှိသူ တွေက တားမြစ်ထားတဲ့ အတွက် တံငါးသည်တွေ ပင်လယ်ပြင်ကို ငါးဖမ်းရန် မသွားဒါ အတွက်ဖြစ်တယ်။”ကျွန်တော်တို့ရွာသည် အစိုးရမှ ကောက်ခံနေသာ လူဦးရေးစာရင်း ကောက်ခံမှုတွင် ပါဝင်ခြင်းမရှိသည့် အတွက် နယ်စပ်ဒေသ စောင့်ရှောက်ရေး ရဲတပ်ဖွဲ့၏ တားမြစ်သည့်အတွက် ရွာ မှ တံငါးသည်များ ပင်လယ်ပြင်သို့ ငါးဖမ်းရန် မသွားနိုင်ကြောင်း ၎င်းရွာ မှ တံငါးသည် အာမိရ်ဟာမ်ဇာ၏ ပြောပြချက်အရ သိရသည်။

မောင်တောတွင် ယခုအခါ ငါးကန် နှင့် ဆည်မြောင်းများရှိ ငါးများကိုသာ ရရှိနိုင်သော်လည်း တကီလိုကို ၇၀၀ မှ ၉၀၀ ကျပ်ထိ ရောင်းချ နေသောကြောင်း ပြည့်သူလူထူများမှာ ဝယ်ယူ စားသုံးရန် အခက်အခဲ ဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်နှင့် ပဲများ၊ ချောင်းနှင့် မြောင်းများမှ ဖမ်းထားသော ငါးငယ်လေးများကိုသာ မောင်တောမြို့သူ/သား များက စားသုံး နေရကြောင်း သိရသည်။

သို့သော်၊ မောင်တောမြို့မှ အမည်မဖေါ်လိုသူ အရာရှိတဦးကမူ တံငါးသည်များကို နယ်စပ်ဒေသ စောင့်ရှောက်ရေး ရဲ တပ်ဖွဲ့ မှ ပိတ်ပင်ထားသည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များမှသာ ပိတ်ပင်ထားသည့် ဖြစ်ကြောင် ပြောဆိုသည်။

မောင်တောမြို့ရှိ အရာရှိများဖြစ်သော နယ်စပ်ဒေသ စောင့်ရှောက်ရေး ရဲတပ်ဖွဲ့၏ ညွန့်ကြားရေးမှူးချုပ် နှင့် အဖွဲ့ဝင်များ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးမှူးများသည် မြန်မာနိုင်ငံတွင် နှစ် ၃၀ ကြာပြီးမှ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက် ထိ ကောက်ခံသော သန်းခေါင်း စာရင်းတွင် ရိုဟင်ဂျာ လူမျိုး အစား ဘင်္ဂါလီ ဟု ခေါ်ဆိုရန် စည်းရုံးခဲ့သော်လည်း ရိုဟင်ဂျာများမှ လက်မခံသည့်အတွက် ယနေ့ထိ ရက်ကို ရွေ့ပြောင်းထားသည်။ အစိုးရမှ နည်းပုံစံ အမျိုးမျိုးကို သုံးပြီး ရိုဟင်ဂျာများ ကို စာရင်းကောက်ခံမှုတွင် ပါဝင်လာရန် ကြိုးစားခဲ့သော်လည်း ရိုဟင်ဂျာများ လက်မခံသည့် အတွက် ယခုအခါ သန်းခေါင်းစာရင်း မဟုတ်ဘဲ၊ လူဦးရေး စာရင်းကောက်ခံခြင်းကို ပြုလုပ်နေသည်။

၎င်းလူဦးရေး စာရင်းကောက်ခံသည့် ပုံစံတွင်မူ ခေါင်စဉ်အဖြစ် “ခိုးဝင်လာသော ဘင်္ဂါလီများ စာရင်း” ဟု ဖေါ်ပြ ထားသည့် အတွက် ရိုဟင်ဂျာများ ပါဝင်လာခြင်း မရှိချေ။ ၎င်းအတွက် အစိုးရ မှ ရိုဟင်ဂျာ ကျေးရွာသားများ၏ စားဝတ်နေရပ်များအား နည်းမျိုးစုံဖြင့် ချုပ်ချယ်နေကြာင်း မောင်တောမြို့မှ ကျောင်းဆရာတဦးဖြစ်သူ ရော်ဖိက်မှ ပြောပြသည်။