မောင်တော၊ ရခိုင်ပြည်နယ်။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည် မောင်တောမြို့သို့ ရဟတ်ယာဉ် ဖြင့် ယနေ့ နံနက် ၁၁း၄၁ နာရီတွင် ရောက်ရှိကြောင်း၊ မောင်တောမြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများ သွားရောက် ကြိုဆိုခဲ့ကြောင်း၊ ဦးဟာလိမ်၊ မောင်တောမြို့ရှိ လူ့အခွင့်အရေး စောင့်ရှောက်ကြည့်ရှုရေးအဖွဲ့ဝင် မှ ပြောဆိုသည်။သို့သော် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည် မောင်တောမြို့ပေါ်ရှိ ရိုဟင်ဂျာ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံခြင်း မရှိကြောင်း၊ ဦးဟာလိမ်က ဆက်လက် ပြောဆိုသည်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သည် မောင်တောမြို့၊ မြို့မ ရဲစခန်းရှိ အချုပ်ခန်း တွင် ချုပ်နှောင်းထားသော ရိုဟင်ဂျာများ နှင့် ရခိုင်များကို သွားရောက် တွေ့ဆုံခဲ့သော်လည်း ရိုဟင်ဂျာ အချုပ်သမားတဦး – မော်ဂျီအုလ္လာ၊ အစိုးရ ဘက်တော်သား- အချုပ်သမား အဖြစ် အယောင်ဆောင်သူအား တွေ့ရှိကြောင်း နှင့် ရခိုင်အချုပ်သမားများကိုသာ တွေ့ဆုံခဲ့ကြောင်း၊ အမည်မဖေါ်လိုသူ၊ ရဲစခန်းနှင့် နီးစပ်သူတဦး မှ ပြောသည်။

ရိုဟင်ဂျာ အချုပ်သမားများကို ယနေ့နံနက် စောစောတွင် မြို့မရဲစခန်းမှ သုံးမိုင်ရှိ လုံထိန်းတပ်ရင်းသို့ ပြောင်းရွေ့ထားကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

မောင်တောမြို့မ ရဲစခန်းမှ ကမ်းနားလမ်းရှိ ဒေဝနဒီ ခန်းမဆောင်သို့ သွားရောက်ပြီး၊ ၎င်းတွင် ဌာနဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုနည်းတူ ဘူးသီးတောင်မြို့သို့ စစ်တွေ့မြို့မှ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိပြီး၊ ၎င်း မြို့ရှိ
အကျဉ်းထောင်သို့ သွားရောက်ခဲ့ရာ ရိုဟင်ဂျာ အကျဉ်သားများနှင့် တွေ့ဆုံခွင့် မရကြောင်း၊ ရိုဟင်ဂျာ ရပ်မိရပ်ဖများ နှင့်လည်း တွေ့ဆုံခြင်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံစဉ် ဦးမောင်မောင်အုန်းမှ အခြေအနေ မငြိမ်မသက် ဖြစ်မှာကို စိုးရိမ်၍ ရခိုင်တိုင်းရင်းသားတွေ နှင့် မွတ်စလင်တွေကို သီးခြားစီ ထားရခြင်း ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်လာသူတွေကို နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာခွင့်ပြုမှာ ဖြစ်ကြောင်း ပြောခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင်းအရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား အစား မစ္စယန်ဟီးလီကို အသစ်ခန့်အပ်ပြီး နောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် “မိမိအနေနဲ့ သုံးသပ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိုပါ ထိခိုက်လာနိုင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၂၇) တွင် ဖေါ်ပြထားသော “သူတို့ကိုယ်တိုင် ဘင်္ဂါလီလို့ဝန်ခံပြီး နိုင်ငံသားဖြစ်ဖို့ စစ်ဆေးပေးပါလို့ တောင်းဆိုမှ ၁၉၈၂ ခုနှစ် ဥပဒေအရ စစ်ဆေးပေးမှာပါလို့ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသွားတာပါ။” နှင့် ပတ်သက်၍ စစ်တွေမြို့ရှိ ရိုဟင်ဂျာ ရပ်မိရပ်ဖ တဦးအား မေးမြန်းခဲ့ရာ “ဘင်္ဂါလီလို့ လက်ခံမယ် ဆိုယင် သန်းခေါင်းစာရင်း လာကောက်တုန်းက ကိစ္စပြီးဖြတ်သွားပြီ၊ဘာဖြစ်လို ဒီလောက် အချိန် ဖြုန်းနေရမလဲ၊ ယခုလဲ ရိုဟင်ဂျာ အတွက် စကားပြောနေရဒါ။” ဟုပြောဆိုသည်။