နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ၌ မဲပေးမည့် မဲဆန္ဒရှင် ပြည်သူများမှာ မှတ်ပုံတင်ရှိရန် မလိုတော့ဘဲ မဲစာရင်းတွင် အမည်ပါရုံဖြင့်ပင် မဲပေးခွင့်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။ရွေးကောက်ပွဲတွင် မဲပေးနိုင် ရန် မဲစာရင်းတွင်ပါဝင်သူအားလုံး ကို မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးမည်ဖြစ်ပြီး မှတ်ပုံတင်နှင့် အခြားသက်သေခံ ကတ်ပြားများ မလိုအပ်ဘဲ မဲဆန္ဒ ရှင် သက်သေခံ လက်မှတ်ရှိရုံဖြင့် မဲပေးနိုင်မည်ဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းက မြန်မာ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ်မှု များဖြစ်ပွားပြီးနောက် ရေဘေး သင့်ဒေသများမှ မဲဆန္ဒ ရှင်များမှာ မှတ်ပုံတင်များ၊အခြား သက်သေခံကတ်များ၊ အိမ်ထောင်စုစာရင်း များ ပျက်စီးပျောက်ဆုံးခဲ့သည်။ထို့ကြောင့် ယင်းရေဘေးသင့် မဲဆန္ဒရှင်များ အလွယ်တကူမဲပေးနိုင်ရေးမဲဆန္ဒရှင် သက်သေခံလက်မှတ် များထုတ်ပေးရန် ဆောင်ရွက်နေကာ ရေဘေးသင့်ဒေသများသာ မက တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို မဲဆန္ဒရှင်စာရင်းနှင့် တိုက်ဆိုင်စိစစ် ပြီး ထုတ်ပေးမည်ဖြစ်ကြောင်း ဦးတင်အေးကပြောသည်။

မဲဆန္ဒရှင်သက်သေခံ လက် မှတ်များကို သက်သေခံလက်မှတ် တွင် မဲစာရင်းအမှတ် ပါရှိသည့်အ တွက် မဲစာရင်း၌ အမည်ရှာဖွေ သည့်အခါ လျင်မြန်လွယ်ကူပြီး အချိန်ကုန် သက်သာစေရန်၊ မှတ် ပုံတင်ရန်နှင့် အခြားသက်သေခံ ကတ်ပြားများ ပျောက်ဆုံးသည့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးနိုင် ရန်နှင့် သက်သေခံလက်မှတ်တွင် အမည်၊ မှတ်ပုံတင်၊မွေးသက္ကရာဇ် နှင့် နေရပ်လိပ်စာများ ပါရှိသဖြင့် ၎င်းအချက်များ မှားနေလျှင် မဲဆန္ဒ ရှင်က ပြင်ဆင်ပေးခြင်းအားဖြင့် နောင်ရွေးကောက်ပွဲများအတွက် မှန်ကန်သည့်မဲစာရင်း ဆောင် ရွက်နိုင်ရန် ရည်ရွယ်ထုတ်ပေး ခြင်းဖြစ်သည်ဟု ဆိုသည်။

မဲပေးမည့်နေ့ မဲလက်မှတ် ထုတ်ယူသည့်အခါ မဲစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး မသမာမှုဖြစ်နိုင်သည်ဟု သံသယ ရှိပါက မဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ရပ် ကွက်/ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ များ၊ မဲရုံကိုယ်စားလှယ်များ၊ အ ကူကိုယ်စားလှယ်များဖြင့် ထပ်မံ စိစစ်မည်ဖြစ်ကာ မသမာမှုပြုလုပ် ခြင်းမှန်ကန်လျှင် လုံခြုံရေးအဖွဲ့ က အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ တရားဝင် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

မှတ်ပုံတင်မလိုတော့ဘဲ မဲဆန္ဒရှင် သက်သေခံလက်မှတ် ဖြင့် မဲပေးရမည်ဖြစ်၍ လက်ရှိ နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြ နေသည့် မှတ်ပုံတင်အသုံးပြုထား သည့် မဲဆန္ဒရှင်ပညာပေး ရုပ်သံ ဇာတ်လမ်းများကိုပါ ပြင်ဆင်ရိုက် ကူးထုတ်လွှင့်မည်ဟု ဦးတင်အေး က ပြောကြားကြောင်း သြဂုတ်၃၁ ရက်က ရွေးကောက်ပွဲကော်မရှင် နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သည့် အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များက ပြောသည်။

‘‘မဲဆန္ဒရှင်အားလုံးကို အဖြူ ရောင်ကတ်ပြားလေးပေါ့။ အဲဒီ သက်သေခံ လက်မှတ်ထုတ်ပေး မယ်။ ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုမှာ ထုတ်ပေးမယ်။ ရေကြီးပြီးတော့မှ ဒီအစီအစဉ်အ တည်ဖြစ်လာတဲ့အတွက် သူတို့ ထုတ်ပြန်တာ နောက်ကျတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ရွေး ကောက်ပွဲမဲပေးဖို့ မှတ်ပုံတင်ရှိ ခြင်း၊ မရှိခြင်းက အရေးမကြီး တော့ပါဘူး။ မဲစာရင်းမှာ အမည် ပါ၊ မပါက အဓိကဖြစ်သွားပါ တယ်’’ ဟု ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများကွန်ရက် (မန္တလေး)မှ ဦးညီညီကျော်က ပြောသည်။

အသက်(၁၈)နှစ် ပြည့်ပြီး ဥပဒေအရ မဲပေးခွင့်ရှိသူတိုင်း ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရေး အတွက် မဲစာရင်းတွင်အမည်ပါ ဝင်ရေးသည် အဓိကအရေးကြီး သည်။ ထို့ကြောင့် စက်တင်ဘာ ၁၄ရက်တွင် နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာပေးမည့် မဲ စာရင်း၌ မိမိအမည်ပါ၊ မပါသွား ရောက်ကြည့်ရှုပေးရန် လိုအပ် ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက တိုက်တွန်းပြော ကြားသည်။

‘‘စက်တင်ဘာထဲမှာ ထုတ် ပြန်မယ့် မဲစာရင်းကို မဲဆန္ဒရှင် တွေ သွားကြည့်ကြဖို့။ မဲစာရင်းမှာ ကိုယ့်အမည်ပါ၊ မပါ သွားကြည့် ဖို့နဲ့ မပါရင် လျှောက်ထားကြဖို့ ဆိုတာကို ကော်မရှင်အဖွဲ့ခွဲတွေ ရော၊ အရပ်ဘက်အဖွဲ့အစည်း တွေကရော အားသွန်ခွန်စိုက် ကြိုးစားပေးကြဖို့ UEC ဥက္ကဋ္ဌက တိုက်တွန်းသွားတယ်။ အဲဒီမှာ မကြည့််လိုက်ရလို့ မဲစာရင်းမှာ ပါ မလာဘူးဆိုရင်တော့ သူလည်းမ တတ်နိုင်တော့ဘူး။ ရွေးကောက် ပွဲ နေ့မှာမှ မဲစာရင်းမပါလို့ ပြဿနာ လာမရှာနဲ့။ ပထမရှင်းပြမယ်။ ရှင်း ပြလို့မရရင် ရဲလက်အပ်မယ် လို့ UEC ဥက္ကဋ္ဌက ပြောသွား တယ်’’ဟု ဦးညီညီကျော်က ပြော သည်။