ကာကွယ်ဆေးထိုးခြင်းကို မောင်တောပြည်သူ့ဆေးရုံမှာ ဩဂုတ်လ ပထမပတ်တွင် စီမံခဲ့ပြီး စီစစ်ရေးကဒ် ရှိသူများကို သာထိုးပေးသဖြင့် ရိုဟင်ဂျာအများစုတွင် စီစစ်ရေးကဒ် မရှိကြသည့်အတွက် ကာကွယ်ဆေးမထိုး နိုင်ခဲ့ခြင်း သိရှိရသည်။ မောင်တော အုပ်ချုပ်ရေးရုံး၏ တရားဝင်စာရင်းအရ မြို့ လူဦးရေ သုံးပုံနှစ်ပုံမျှ ရှိသည့် ရိုဟင်ဂျာ ၇၄,၀၀၀ ထက်ပိုစရာရှိသည့်အနက် ဆယ်ဦးထက်မပိုတဲ့ အရည်အတွက်ကိုသာ ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်းသိရှိရသည်။ဒေသခံတို့အဆိုအရ တရုတ်ထုတ် စီနိုဖန်ကာကွယ်ဆေးကို အများအားဖြင့် အစိုးရဝန်ထမ်းများ၊ နယ်ခြားစောင့် ရဲများ နှင့် ၎င်းတို့၏ မိသားစုများ ကို ထိုးပေးကြောင်း၊ သူတို့ ၏ ဦးရေမှာ မောင်တောတွင် သောင်းချီရှိကြောင်း သိရှိရသည်။
စကစ ၏ တရားဝင်ထုတ်ပြန်ချက်အရ မေလတွင်စ ဖြစ်ပွားသည့်ကိုဗစ် တတိယလှိုင်းကြောင့် ဩဂုတ်လ ၁၅ ရက်နေ့ထိ မောင်တောမြို့နယ် တွင် ပိုးတွေ့လူနာ ၄၆၃ ဦးရှိပြီး၊ ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ အမှန်တကယ် ဦးရေမှာ ပိုများနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ ရိုဟင်ဂျာအများစုက အစိုးရ၏ ကျန်းမာရေး ဝန်ဆောင်မှုကို မယုံကြည်ကြအတွက် အိမ်မှာသာ ကိုယ့်ဘာသာ ကုသနေကြသည်။
မြန်မာပြည်အလယ်ပိုင်းက ပြောင်းရွေ့လာတဲ့ နယ်ခြားစောင့်ရဲ နဲ့ သူတို့မိသားစုတွေထံက ကိုဗစ်လူနာသစ်၂၀၀ လောက် မောင်တောကို ရောက်လာခဲ့ကြောင်း သိရှိရသည်။
အာဏာပိုင်တွေရဲ့ အိမ်ပြင်မထွက်ရ အမိန့်ကြောင့် ဒေသခံတွေက ညနေ ၃ နာရီကျော်ပါက အပြင်မထွက်ကြပေ။ သို့သော် ဇူလိုင်လလယ်က စပြီး ရခိုင်လူငယ်တွေက မြို့ပတ်လည်မှာ ဝါးတားဂိတ် ၄ ခု ချပြီး၊ မွန်းတည့်အချိန်က စပြီ အိမ်ပြင်မထွက်ရ ကန့်သတ်လာသည့် အတွက် ဒေသခံ ရိုဟင်ဂျာများအတွက် အနှောက်အယှက်ဖြစ်စေပါ သည်။ စစ်ဆေးရေးဂိတ်တွေကို နာရီစင်အနီးတဝိုက်၊ ကာမလ် ဆေးလိပ်စက်ရုံ လမ်းဆုံ၊ သာသနာ့ဗိမာန် ဘုန်းကြီးကျောင်း နှင့် ရွှေဇာ တံတားအနီး ကျော် တည်ခိုဆောင်အနီးတွင် ချထားပါသည်။
ဂိတ်တခုစီမှာ လူငယ်အစောင့် ၆ ယောက်မှ ၁၀ ယောက်အထိရှိပါသည်။ မွန်းလွဲပြီး လမ်းပေါ်မှာ တွေ့တဲ့ ရိုဟင်ဂျာတွေကို ဆဲဆိုပြီး ရိုက်နှက်ခြင်းများရှိလာသည်။ တချို့ကိုလက်သီးနဲ့ အထိုးခံရ၊ ငွေကြေးအလုခံရ၊ စက်ဘီးများ အဖျက်အဆီးခံရတာတွေရှိလာသည်။ ရိုဟင်ဂျာနှစ်ယောက်ကို ရိုက်နှက်သဖြင့် အသဲအသန် ဒဏ်ရာ ရရှိသည်။ ၎င်းတို့အနက် တယောက်မှာ ဟင်းရွက်စိမ်းရောင်းတဲ့သူဖြစ်ပြီး၊ ရွှေဇာတံတားနားက အိမ်သို့ ဈေးမှ ပြန်လာချိန်တွင် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီလူငယ်တွေက မွန်းလွဲအချိန်တွင် မောင်တော စည်ပင်ဈေးကို ကင်းလှည့်ခြင်း၊ ဈေးထဲတွင် ရိုဟင်ဂျာဆိုင် ဖွင့်နေတာတွေ့ရင် ပိုင်ရှင်ကို နှောက်ယှက်ပေးခြင်း၊ ပစ္စည်းတွေကို ငွေမပေးဘဲ ယူသွားကြသည်။
လူငယ်တွေဟာ စစ်ဝတ်စုံ မဝတ်ထားပေမဲ့ ဆံပင်ပုံက စစ်သားပုံ ညှပ်ထားသည့်အတွက် အေအေတွေဘဲ ဆိုတာ ဒေသခံတွေက သိနေကြသည်။
ပြီးခဲ့တဲ့ လက ဘူးသီးတောင်မှာလည်း အလားတူဂိတ်တွေ ချထားတယ်။ ရခိုင်လူငယ် အစောင့် တပ်သားတွေက ခေါင်းမှာ ခေါင်းစည်းအနီစည်းပြီး ရိုဟင်ဂျာ ဈေးဆိုင်ပိုင်ရှင်တွေကို နှောက်ယှက်ကြသည်။ ဒါပေမဲ့ ဒေသခံ ရိုဟင်ဂျာလူကြီးတွေက တိုင်သည့်အတွက် မြန်မာ စစ်ကား ၅ စီး ရောက်လာပြီး ဂိတ်တွေကို ပိတ်ပစ်လိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့ အပတ်က စပြီး မြန်မာစစ်တပ်က ပင်လယ်ကမ်းခြေ အငူမော် နှင့် ဘူးသီတောင် မှ မောင်တောအထိ ကုန်းပိုင်းမှ တဆင့် စစ်သားနဲ့ သံချက်ကာ ကားတွေ တိုးချလာတယ်။ မောင်တောမြို့ သုံးမိုင်ရွာရှိ နယ်ခြားစောင့်ရဲ စခန်းမှာ သံချပ်ကာ ကား ၈ စီး ကိုတွေ့ရကြောင်းသိရသည်။ ဒါတွေက နောက်ထပ် ရှင်းလင်းရေး စစ်ဆင်မှုကို စကစက လုပ်လာမလားလို့ ဒေသခံ ရိုဟင်ဂျာတွေက စိုးရိမ်နေကြသည်။







