အလယ်သံကျော်အတွက် အမှန်တရား ရှာဖွေရေး ကော်မတီ

သတင်း ထုတ်ပြန်ချက်

ငါးနှစ် ရှိလာသည့်အခါတွင် – ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုတွင် တယ်လီနော၏ ပါဝင်    ပါတ်သက်မှုကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အပြည့်အဝ လိုအပ်သည်။

ရက်စွဲ။၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေး လုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်နောက် ငါးနှစ်ကြာသောအခါ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာန၏ OECD အမျိုးသား ဆက်သွယ်ရေးဌာန (NCP[1]) က ရိုဟင်ဂျာ အရပ်သားများကို သတ်ဖြတ်ရန်နှင့် ဒဏ်ရာရစေရန် စစ်သားများ အသုံးပြုခဲ့သော တယ်လီနော ကွန်ရက်၏ အစိတ်အပိုင်း ဖြစ်သော တာဝါတိုင်တွင် ဖြစ်ပွားမှုနှင့် ပတ်သက်၍ မည်သည့် တာဝန်ယူမှုမျှ မပါဝင်ပဲ မလျော်မကန် လွဲမှားစွာ ဖြေရှင်းထားသော  ၎င်းတို့၏ နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ NCP သို့ ပြုလုပ်ထားသည့် မူလ တိုင်ကြားချက်တွင် ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုမှ ရှင်သန် လွတ်မြောက်လာသူများက အစိုးရ စစ်တပ်မှ စစ်သားတစ်ဦး သည် မောင်တောမြို့တောင်ဘက် အလယ်သံကျော်ရွာရှိ တယ်လီနော ဆယ်လူလာ ကွန်ရက်၏ အစိတ်အပိုင်းဖြစ်သော တာဝါတိုင် ပေါ်သို့ မည်သို့ မည်ပုံ တက်ရောက်၍  “ထွက်ပြေးလာသော ရိုဟင်ဂျာ ယောက်ျား၊ မိန်းမများနှင့် ကလေးများကို ပစ်သတ်ရန် အပေါ်စီး နေရာအဖြစ်” အသုံးပြုခဲ့ပုံကို ဖော်ပြထားသည်။

ထုတ်ပြန်ချက်အပြည့်အစုံကို ဖတ်ရန် ဤနေရာကိုနှိပ်ပါ။


[1]
                    https://www.regjeringen.no/globalassets/departementene/ud/vedlegg/naringsliv/kp_mandat_engelsk.pdf