Homeသန်းခေါင်စာရင်းတစ်ချိန်က ရိုဟင်ဂျာ အပါအဝင်တိုင်းရင်းသား ၁၄၄ မျိုးနှင့် နိုင်ငံခြားသား ၂၆ မျိုးရှိခဲ့

တစ်ချိန်က ရိုဟင်ဂျာ အပါအဝင်တိုင်းရင်းသား ၁၄၄ မျိုးနှင့် နိုင်ငံခြားသား ၂၆ မျိုးရှိခဲ့

အမှာစကား

လူတိုင်းတိုင်းသည် နိုင်ငံချစ်စိတ်ထားရှိရမည်။ မိမိလူမျိုးကို ချစ်မြတ်နိုးသည်ဆိုပြီး လူမျိုးကို ခုတုံ လုပ်ပြီး တိုင်းပြည်မငြိမ် မသက် ပြုလုပ်သူသည် နိုင်ငံတော်သစ္စဖေါက်ဖြစ်သည်။ တိုင်းပြည် တည်ငြိမ်အောင်၊ အန္တရယ် မရောက်စေရန် အကာအကွယ်ပေးရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ သမိုင်း အမှန်ကို ဖုံးကွယ်ပြီး လူမျိုးရေး ပုတ်ခတ် ပြောဆိုကာ ဝါဒဖြန့်ချီခြင်း၊ ဝပ်ဆိုဒ်အသီသီး မဟုတ် မမှန် လုပ်ကြံပြောဆို ရေးသားခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း ကွဲအောင်ဖန်တီးပြီး လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် ဖန်တီး သူများ သည် နိုင်ငံတော် သစ္စဖေါက်များဖြစ် သည်။ တိုင်းချစ်စိတ်၊ နိုင်ငံချစ်စိတ်မရှိသူဖြစ်သည်။ ဝပ် ဆိုဒ် အသီးသီးတွင် ရိုဟင်ဂျာ လူမျိုးနှင့်ပါတ်သက်၍ သမိုင်း အမှန်က ဖုံးကွယ်ပြီး မဟုတ်မမှန် လီဆယ် ရေး သားကာ တိုင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲအောင် လုပ်ပြီး လူမျိုးရေးပဋိပက္ခ ကုလားရခိုင် အဓိကရုဏ်းဖြစ်အောင် ပြသနာ ဖန်တီး နေခြင်းဖြစ်သည်။ထို့ကြောင့် နိုင်ငံတော်က ချမှတ်သော မူဝါဒမှာ —

တိုတာဝန်အရေးသုံးပါး

ပြည်ထောင်စု မပြိုကွဲရေး ဒိုအရေး

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒိုအရေး

အချုပ်အချာ အာဏာတည်တံ့ခိုင်မြဲရေး ဒိုအရေး

ပြည်သူ့သဘောထား (၄)ခုအနက် ၂ ခု ဖြစ်သော

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။

ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

ထို့ကြောင်း ရိုဟင်ဂျာကိစ္စကိုအကြောင်းပြပြီး နိုင်ငံတော် ၏စည်းလုံးညီညွတ်မှုကို ပျက်ပြားသွားစေရန် လုပ်ကြံဖန် တီးနေသဖြင့် သမိုင်း ပညာရှင် များက ရိုဟင်ဂျာလူမျိုးနှင့်ပါတ် သက် ၍ မည်ကဲ့ သို့ရေး သား ဖေါ်ပြထား သည် ကို တိုင်းရင်း သား အားလုံးက သိရှိစေရန် နိုင်ငံတော် အပေါ် စေတနာ မေတ္တာရှေ့ထားပြီး အခုလို ရိုဟင်ဂျာ အကြောင်းကို သမိုင်းအထောက် အထားနှင့် တကွ ရေးသား တင်ပြခြင်းဖြစ် ပါသည်။ ဝပ်ဆိုဒ် အသီးသီး၌ မဟုတ် မမှန်ရေးသားပြီး သွေးထိုးလှုံ့ဆော်သူမှာ ဘင်္ဂလားဒေရှ်ဘက်မှာ ခိုးဝင် နေထိုင်သော အနောက်သား ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ ဖြစ်သည်။ ရခိုင်ပြည်အတွင်း ဘင်္ဂလားဒေရှ်ဘက် မှာခိုးဝင်နေ ထိုင်သော အနောက်သား ဗုဒ္ဓဘာသာ ရခိုင်လူမျိုး မှာ အနည်းဆုံးခန်းမှန်းခြေ ၃၅ % ခန့်ရှိ မည်ဖြစ်သည်။

ရခိုင်ပြည်တွင် ဘင်္ဂလားဒေရှ်မှ နိုင်ငံခြားသား ရခိုငလူမျိုးများ ဝင်ရောက်နေထိုင် အထောက်အထား တစ်ခု တင်ပြရလျှင် ယခင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဌ ဖြစ်ခဲ့သူ ဗိုလ်မှူးကျော်မောင်သည် မြန်မာနိုင်ငံဖွါး မြန်မာနိုင်ငံသား မဟုတ်ကြောင်း တိုင်ကြားခံရပြီးနောက် ပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌရာထူးမှ ဖြုတ်ချခဲ့သည်ကို ထောက်ရှူလျှင် ရခိုင်ပြည်တွင် အနောက်သား ရခိုင်လူမျိုး မည်မျှ ဝင်ရောက်နေ ထိုင်ကြောင်း ခန်းမှန်းနိုင်သည်။ ထိုအနောက်သား ရခိုင်းသားများကို လဝက ရုံးတွင် စာရင်းသွင်းပေး၊သန်းကောင်စာရင်းများ ပြုလုပ်ပေးပြီး ဒေသခံ ဖြစ်အောင် လုပ်ပေးသော်လည်း ၎င်းတို့၏ မူရင်းအမည် စာရင်းမှာ(လဝက) ရုံးချုပ်တွင် လုံ့ဝမရှိနိုင်ကြောင်း ၊ နိုင်ငံတော်အစိုးရက ထိုကဲ့ ခိုးဝင်လာသော ရခိုင်သား များ ကိုဖေါ်ထုတ် အရေးယူမှသာလျှင် တိုင်းရင်းသား အချင်းချင်း ကြားတွင် သွေးထိုးမှု၊ လုပ်ကြံလီ ဆယ်မှု၊ စိတ်ဝမ်းကွဲ ပြုလုပ်မှုများ လျော့ပါးသွား မည်ဖြစ် သည်။

ထို့ကြောင်းတိုင်းရင်းသားအားလုံးက ရိုဟင်ဂျာသမိုင်းအမှန်ကို သိရှိနားလည်ပြီး အနာဂါတ် စည်းလုံး ညီညွတ် မှု မပြိုကွဲဘဲ အေးချမ်းစွာ နေထိုင်နိုင်ရန်နှင့် အနောက်သား ရခိုင်လူမျိုးများက ပွဲလန့်အောင်လုပ်ပြီး ဖျာခင်း နိုင်ရန် ကြိုးစာ;ခြင်းကို တားဆီးနိုင်ရန် အတွက် တာဝန် သိပြည်သူ တစ် ယောက် အနေဖြင့် အပြု သဘောဖြင့် ရိုဟင်ဂျာ သမိုင်း အထောက် များကို ရှာဖွေစုစည်း တင်ပြပါကြောင်းလေးစားစွအသိပေးပါသည်။

ရခိုင်ပြည်၏နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ – ဤအကြောင်းအရာ အသေးစိတ်ကို အောက်ပါ လင့်ကို နှိပ်၍ဖတ်ပါ။

ဤနေရာတွင် နှိပ် လိုက်ပါ။

ရခိုင်ပြည်နယ်သည်မြောက်လတ္တီတွဒ် ၁၇ံ ၁၅’ နှင့် ၂၁ံ ၁၇’၊ အရှေ့လောင်ဂျီတွဒ် ၉၂ံ ၅၅’ ကြားတွင် တည်ရှိ သည်။ ဧရိယာ စတုရန်မိုင်းပေါင်း ၁၄၂၀၀ ကျော်ရှိသည်။ မြန်မာဘင်္ဂလား ရေကြောင်း၊ ကုန်းကြောင်း မိုင် (၁၇၀) ရှည်လျားသည်။ တောင်မြောက်အရှည် (၃၆၀)မိုင် ရှည်ပြီး၊ အရှေ့ အနောက် မိုင် (၁၇၀) မိုင်ကျယ် သည်။ တောင် ကန်း တောင်တန်း မှာ ၈၀% ခန့်ရှိ၍ ကုန်းမြင့်လွင်ပြင်မှာ ၂၀% ခန့်ရှိ သည်။

Map of Arakan State

ရခိုင်ပြည်နယ်ရှိမြို့များ

ပြည်နယ်မြို့တော်။ စစ်တွေ

အကျယ်အဝန်း။ ၁၄၂၀၀ စတုရန်းမိုင်ခန့်

လူဦးရေ။ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)

ခရိုင် ၅ ခရိုင်

မြို့နယ် ၁၇ မြို့နယ်
မြို့ ၁၇
ရပ်ကွက် ၁၂၀
ကျေးရွာအုပ်စု ၁၀၄၁
ကျေးရွာ ၃၈၇၁
ဆက်စပ်နေသောနယ်နိမိတ်
အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်
အရှေ့မြောက်ဘက် တွင် ချင်းပြည်နယ်
အရှေ့ဘက်တွင် မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း
တောင်ဘက်တွင် မလေးရှားနိုင်ငံ တို့ဖြစ်တယ်။

(ကိုးကား ။ ။ ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊ စာပေဗိမာန်ဆုရ စာအုပ်)
(သုတပေဒသာ – ဝိဇ္ဇာ)ဆုရ
ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ
(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)
စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

မြို့နယ် ၁၇ မြို့နယ်အမည်များ

၁။ – ကျောက်တော်မြို့
၂။ – ကျောက်ဖြူမြို့
၃။ – ဂွမြို့
၄။ – စစ်တွေမြို့
၅။ – တောင်ကုတ်မြို့
၆။ – ပုဏ္ဏားကျွန်းမြို့
၇။ – ပေါက်တောမြို့
၈။ – ဘူးသီးတောင်မြို့
၉။ – မာန်အောင်မြို့
၁၀။ – မောင်တောမြို့
၁၁။ – မင်းပြားမြို့
၁၂။ – မြေပုံမြို့
၁၃။ – မြောက်ဦးမြို့
၁၄။ – ရသေ့တောင်မြို့
၁၅။ – ရမ်းဗြဲမြို့
၁၆။ – သံတွဲမြို့
၁၇။ – အမ်းမြို့

ရခိုင်ပြည်နယ်တွင် ယခင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခုနှစ်၊ ဇန္နဝါရီလ၊ ပထမအကြိမ် ထုတ်ဝေသော တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ် ၏ မှတ်တမ်း အရ အောက်ပါလူမျိုးများသည် တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့သည်။

၁။ – ရခိုင်လူမျိုး
၂။ – ကမန် လူမျိုး
၃။ – ခမွီး လူမျိုး
၄။ – ဒိုင်းနက်လူမျိုး
၅။ – မရမာကြီး လူမျိုး
၇။ – မြို လူမျိုး
၈။ – သက် လူမျိုး
၉။– ရိုဟင်ဂျာလူမျိုး

(၁၉ရ၈ ခု ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ ကျောင်းသုံး စာအုပ်ကော်မတီ အထက်တန်း နှင့် အလယ်တန်း မြန်မာနိုင်ငံ ပထဝီဝင် ပထဝီစာအုပ်စာမျက်နှာ – ၈၆ ကိုရှု )

တစ်ချိန်က ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသားလူမျိုး (၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ ၁၉၇၂ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသော (ပုံစံရေးသွင်းရန် ညွှန်ကြားချက် ) စာအုပ် စာမျက်နှာ ( ၄၃ ) ပူးတွဲ (က) လူမျိုးများ စာရင်းခေါင်းစဉ် အောက်ရှိ တိုင်းရင်းသားလူမျိုးများ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသား လူမျိုး ( ၂၆ ) မျိုး ဟုဖေါ်ပြထားသည်။

နိုင်ငံခြားသားလူမျိုး (၂၆) မျိုးထဲတွင် ဒိုင်းနက် လူမျိုးကိုလည်း နိုင်ငံခြားသား လူမျိုးအဖြစ် သတ်မှတ် ထားသည်။

သို့သော် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုဌာနချုပ်က ၁၉၇၆ ခုနှစ်၊ ဇန္နဝါရီလ ၊ ပထမ အကြိမ် ထုတ် ဝေသော တိုင်းရင်းသားရိုးရာဓလေ့ ထုံးစံများ ( ရခိုင် ) စာအုပ်တွင် ဒိုင်းနက်ကို တိုင်းရင်းသား မျိုးနွယ်စု အဖြစ် ထည့်သွင်း အသိအမှတ် ပြုထားသည်ကို တွေ့ရသည်။

မှတ်ချက်။ ။ထိုအချိန်က ၎င်း (၁၄၄) မျိုးတွင် ရိုဟင်ဂျာလူမျိုးလည်း အပါအဝင်ဖြစ်သည်။
ကိုကား။ ။ တိုင်းရင်းသား လူမျိုးစု ဘဝသစ် ထူထောင်ရေး ပါတီသတင်းလွှာ (ကင်းလွှတ်ခွင့် သက်သေခံ လက်မှတ် – အမိန့်အမှတ် ၂/၈၉ အရ ၁၉၈၉ ကင်းလွှတ် အမှတ် န/သ-၀၈၅ ဖြင့်)အထက်ပါ လူမျိုးများတွင် ဒိုင်းနက်လူမျိုး၊ သက်လူမျိုး၊ မရမာကြီး လူမျိုး၊ ရိုဟင်ဂျာ လူမျိုး တို့၏ ဘာသာ စကားများ တူညီ နီးစပ်ကြသည်။ ဒိုင်းနက်၊ သက်၊ မရမာကြီး တို့သည် ဗုဒ္ဓ ဘာသာကို ကိုးကွယ်ကြပြီး ရိုဟင်ဂျာ လူမျိုးများသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။

ဒိုင်းနက်လူမျိုးများသည်မွတ်ဆလင်အနွယ်များဖြစ်ခြင်း

ဒိုင်းနက်လူမျိုးသည် ရခိုင်တိုင်းရင်းသားတွင်ရှိ အများအားဖြင့် ရခိုင်ပြည်မြောက်တွင် နေထိုင်ကြောင်း တွေ့ရသည်။ မွတ်ဆလင် အနွယ်များဖြစ်သည်။ စစ်တွေဂေဒဇေတိယား အပိုင်း (က) စာမျက်နှာ (၉၁) အရ ထိုဒိုင်းနက်တို့သည် တိဗက်မြန်မာ အနွယ် ဖြစ်ပြီး စစ်တကောင်း သွေးနွယ်သည် စစ်တကောင်း စကား ပြောသည်။ အဝတ်ဖြူ ဝတ်တတ်ပြီး တစ်ခြား လူမျိုးများနှင့်ရောနှော ခြင်းမပြုကြပေ။ ရခိုင်ဘုရင်၏ ဖမ်းဆီးခံရသော ကျွန်မွတ်ဆလင်များနှင့် အဆက်အနွယ်ဖြစ်ကြသည်။ ယခုအခါ ဒိုင်းနက် တို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ဘင်္ဂလားဒေရှ် စစ်တကောင်း တောင်တန်းဒေသ တွင် ဒိုင်းနက် (ချက်မား) တို့က သီးခြားပြည်နယ် ရရှိထားသည်။

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာ စကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြ သည်။

ရခိုင်ဘာသာ စကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ အသံထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေအရေး အသားသည် ဆင် တူသည်။

ဦးနေဝင်း(မဆလ) အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၄၄) မျိုးရှိရာမှ (၈)မျိုးဖြုတ်ချခဲ့ရာ ရိုဟင်ဂျာလူမျိုး ကို လည်း အစ္စလာမ်ဘာသာဖြစ်၍ ဖြုတ်ချခဲ့ဖြစ်သည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာလူမျိုး ဖြုတ်ချခြင်းသည် စစ်အာဏာရှင်တစ်ပါတီ အစိုးရ နှင့် စစ်အစိုးရသည် ဘာသာရေးကို မုန်းတီး၊ လူမျိုးနွယ်စု တုံးအောင်ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ယခုဒီမိုကရေစီ ထွန်းကား နေသော ပါတီစုံစနစ်အောက်တွင် တိုင်းရင်းသား ဆိုသော ဝေါဟရ ၏အဓိပ္ပါယ် နှင့် ဥပဒေ နှင့် သမိုင်းအထောက်အထား၊ လူ့အခွင့်အရေး အရ တိုင်းရင်း သားဖြစ် မဖြစ် ပြည်လွှတ်တော်တွင် အဆုံးအဖြတ် ပေးရလိမ်မည်ဖြစ်သည်။

ရိုဟင်ဂျာ Rohingya တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထား များစွာရှိသည်။ ဤနေရာတွင် အနည်းငယ် တင်ပြခြင်း ဖြစ်သည်။

အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီဝင်စာအုပ်၏စာမျက်နှာ (၈၆)တွင် တိုင်းရင်းသားလူမျိုးများ ပျံ့နှံ့နေထိုင်ပုံပြ မြေပုံတွင်

ရခိုင်ပြည်နယ်တွင် စစ်တွေလွင်ပြင်တွင် ရိုဟင်ဂျာ လူမျိုးကိုထည့်သွင်းဖေါ်ပြထားသည်။ BBC ကလည်း ထိုနည်း၎င်းဖေါ်ပြခြင်းမှာ လီ ဆယ် လိမ်ညာ၍ဖေါ်ပြခြင်းလုံ့ဝမဟုတ်ပါ။
မူရင်းပုံကို ကော်နက်ရှင်းကောင်းလျှင်လေ့လာဖတ်ရှုနိုင်ပါသည်။

BBC ကလိမ်ညာတင်ပြခြင်းမဟုတ်ပါ။ အမှန်ကို အမှန်အတိုင်း တင်ပြခြင်းဖြစ်ပါသည်။အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီဝင် စာအုပ်၏စာမျက်နှာ(၈၆)တွင် တိုင်းရင်းသားလူမျိုးများ ပျံ့နှံ့နေထိုင်ပုံပြမြေပုံတွင် ရခိုင်ပြည်နယ်တွင် စစ်တွေလွင်ပြင်တွင် ရိုဟင်ဂျာ လူမျိုးကို ထည့်သွင်း ဖေါ်ပြ ထားသည်။ ၎င်းပထဝီဝင်စာအုပ်ကို၁၉၇၈ ခုနှစ် က မြန်မာဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ကျောင်းသုံးစာအုပ် ကော်မတီက ထုတ်ဝေ၍ ကျောင်တွင်သင်ကြားခြင်းဖြစ်သည်။(၁၉၇၈ –ခု – ၇တန်း၊၈တန်း၊၉တန်း ၊၁၀ တန်း ပထဝီဝင်စာအုပ်စာမျက်နှာ –၈၆ မှ မူရင်းပုံကို စကင်ဖတ်၍ အောက်တွင် တင်ပြထားပါသည်။

ရိုဟင်ဂျာ Rohingya လူမျိုး

သမိုင်းကြောင်းအရ တည်ငြိမ်စွာ ဖြစ်ပေါ်တည်ရှိနေသည့် တိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ ရခိုင်ဘုရင် နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ၌လည်းကောင်း ခန့်အပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်တို့၏ အစုအဝေး လူမျိုးစုပင်ဖြစ်သည်။ မွတ်စလင်မ် စာဆိုတော် စိုင်ယက်ဒ်ရှားအာလ်ဝါလ် (Sayued Shah Al wal) ၏ အဆိုအရ စန္ဒသူဓမ္မ ဘုရင်၏ နန်းရင်းဝန် ] `မာဂန်’ မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်းဝန်ကြီးများ ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီး ဖြစ်ကြောင်း။

၁။ MK ရာမန်–ရ ၂။ မြဝတီမဂ္ဂဇင်း၊ ၁၉၆၀–ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူမျိုးများ။ မဇ္စိုမဒေသ အန္ဒိယတိုက်၏ အရှေ့ဘက်ဒေသနေထိုင်သူများကို အနောက်ဘက်ဒေသအခေါ် အဝေါ်ဖြင့် ရခိုင်ညာ၊ ရွမ်းကိုင်ညာ၊ ရွမ်းသား ဟုခေါ်ဆို သကဲ့သို့ ရခိုင် တောင်ပိုင်းသားတို့ကလည်း ရွမ်းကိုင်ညာ၊ ရွမ်းကိုင်ညာ ခေါ်ဆိုကြရာမှ ရိုဟင်ညာ၊ ရိုဟင်ဂျာ ဖြစ်လာသည်။ “ဘင်္ဂါလီ ဒေသ၏ အရှေ့ကမ်းရှိ လူ့အစု အဝေး ” ဟု အဓိပ္ပါယ်ရသည်။ အချို့က ရွာဟောင်း နေထိုင်ကြသည့် ကျား ကဲ့သို့ စွမ်း ရည် သတ္တိ ရှိသည့် လူမျိုး၊ ရွာဟောင်း မှကျား၊ ရွာဟိန်းကျားမှာ ရိုဟင်ဂျာဟု ကောက် ချက်ပြုခဲ့သည်။

ရိုဟင်ဂျာလူမျိုးအား ၁၉၅၄–ခု၊ စက်တင်ဘောလ(၂၅)ရက်၊ ည(၈)နာရီ ၀န်ကြီးချုပ် ဦးနု၏ အသံလွှင့် မိန့်ခွန်းဖြင့် အသိအမှတ်ပြုသကဲ့သို့ ၁၉၆၁–ခု၊ မေလ(၁၅) ရက်မှ စတင်ကာ တပတ်(၃)ကြိမ် ရိုဟင်ဂျာ ဘာသာဖြင့် မြန်မာ့အသံမှ အသံလွှင့်ပေးခဲ့သည်။

ရည်ညွှန်းကိုးကား

၁။-(၁၈–၇–၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂–၅၈)
၂။-(၈–၈–၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊
၃။-(၁–၆–၁၉၆၃)ခုနေ့ထုတ်မြန်မာ့အသံသောတရှင်မဂ္ဂဇင်း အတွဲ(၄)အမှတ်(၁၉)
၄။–စာပေဗိမာန်ထုတ်မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)၁၉၆၄ ခုနှစ် စာမျက်နှာ(၈၉)
၅။–၁၉၇၈ – ခုနှစ်ထုတ်အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီင်စာမျက်နှာ(၈၆)
၆။–ရန်ကုန်မြို့ရေစစ္စတြီရုံး၌(၁၆–၁၂–၁၉၆၀)နေ့တရားဝင်မှတ်ပုံတင်၍ထုတ်ဝေသော
ရိုဟင်ဂျာခေတ်သတင်းစဉ်
၇။–တိုင်းရင်းသားလူမျိုးးစုပါတီသတင်းလွှာ(ကင်းလွှတ်ခွင့်အမှတ်–န/သ – ၀၈၅) ၊၃၁–၁၂–၁၉၈၉
၈။–ရခိုင်ရာဇဝင် ။ အောင်သာဦး
၉။–စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
၁၀။–အရှေ့တောင်အာရှရာဇဝင်၊ ေဟာ–၁၉၅၅
၁၁။–မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
၁၂။–မိတ္ဆိနာ–ခေတ်ဦး ဖုနန်–ဖန်–ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။
၁၃။ – ရခိုင် ဒေါ့ကွန် [1]
၁၄။–ဦးကျော်ငြိမ်း၊ မာတလိ၊ နှစ်၃၀ မြန်မာ့အသံ၊ စာမျက်နှာ–ရခိုင်နှင့် မြန်မာပြည်ရှိ မွတ်စလင်မ်လူမျိုးများ ရာဇဝင်။
၁၅။–ကစ္စပနဒီမှဓညဝတီသစ္စာ(၂၀၀၈ ခုနှစ် စာပေဗိမာန်စာမူ ဆုရ )

 

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments