နိဒါန်း
၁၉၆၀ ပြည့်နှစ် ဇွန်လတွင် ရန်ကုန်မြို့ရှိ အစ္စရေးလ်သံရုံးတွင် အမှုထမ်းရန်အတွက် ဗမာနိုင်ငံသို့ စေလွှတ်ခံခဲ့ရသည်။ ဂျေရုဆလင်မြို့တော်ရှိ ဟီဗရူးတက္ကသိုလ်ကလည်း မဟာဝိဇ္ဇာဘွဲ့ အတွက် ဗမာနိုင်ငံမှ မွတ်ဆလင်များအကြောင်းကို ကျမ်းတစ်စောင် ပြုစုတင်သွင်းခွင့်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံရှိ မွတ်ဆလင်များ၏ သမိုင်းကို စနစ်တကျ လေ့လာပြုစုထားနိုင်မှုမရှိခဲ့ပါ။ ဗြိတိသျှ လက်အောက်မှာ ရှိစဥ် ကရော မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ကတည်းကရော မွတ်ဆလင်အမျိုးသားအရေးကို ကြိုးပင်ဆောင်ရွက်ခဲ့ကြသူ များဘက်မှ နှုတ်ပြောအရရော မျက်မြင် လက်တွေ့ မှတ်တမ်းများအရ ဤသို့ရေးသားနိုင်ရေးအတွက် ဘာအနှောင့် အယှက်မှ မပေးကြဘဲ လိုလိုလားလားနှင့် စာတစ်အုပ်ရေးထုတ်နိုင်ရေးငှာ ပံ့ပိုးပေးခဲ့ကြပါသည်။




