မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပထမဆုံးအကြိမ် အစီရင်ခံစာတစောင် ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းလိုက်ပါတယ်။ တရားလိုအဖြစ် ICJ မှာ တိုင်ကြားထားတဲ့ ဂမ်ဘီယာ နိုင်ငံကတော့ မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်းလိုက်တဲ့အပေါ် ကြိုဆိုခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ်လည်းဖြစ်၊ တရားဝန်ကြီးလည်းဖြစ်တဲ့ Abubacarr Tambadou ကို VOA သတင်းထောက် Carol Guensburg က Skype ကနေ မေးမြန်းထားတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုမြတ်မွန်က တင်ပြပါမယ်။VOA သတင်းထောက် Carol Guensburg။ ။ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာရင်ဆိုင်နေရတဲ့ အမှုကာလအတွင်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ တရားရုံးက ဆုံးဖြတ်ထားတဲ့ ကြားဖြတ် အစီအမံနဲ့ ပတ်သက်လို့ မြန်မာဘက်က တရားရုံးကို အစီရင်ခံစာ တင်သွင်းပါပြီ။ အဲဒီအစီရင်ခံစာကို တေ့ွပြီးပါပြီလား၊ ဘာတွေပါဖို့ မေ ျှာ်လင့်ထားပါလဲ။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ တရားရုံးရဲ့ အမိန့်တွေအတိုင်း မြန်မာဘက်က ဘာတွေ လိုက်နာဆောင်ရွက်ထားသလဲဆိုတာသိရအောင် လောလောဆယ် အစီရင်ခံစာကို ကျနော်တို့ ဖတ်ရှု သုံးသပ်နေပါတယ်။ ကျနော်တို့ အဓိကသိချင်တာ ၃ ချက်ရှိပါတယ်။ ပထမဆုံး ၁ ချက်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ မဖြစ်အောင် မြန်မာဘက်က ဆောင်ရွက်မှုအသစ် ဘာတွေလုပ်နေသလဲဆိုတာ သိချင်ပါတယ်။ ဒုတိယ အချက်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ထပ်မဖြစ်အောင် ဘယ်လိုထိန်းသိမ်း ဆောင်ရွက်နေသလဲဆိုတာ သိချင်ပါတယ်။ တတိယအချက်ကတော့ တရားရုံးအမိန့်အတိုင်း သက်သေအထောက်အထားတွေကို ထိန်းသိမ်းထားဖို့ ဘာတွေလုပ်ထားသလဲဆိုတာ သိချင်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှု အတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ
အခုလိုအစီရင်ခံစာတင်တာကို တိုးတက်မှုတခုအဖြစ် ကျနောတို့က အသိအမှတ်ပြု ကြိုဆိုပါတယ်။ အမှုနဲ့ပတ်သက်လို့ မြန်မာဘက်က ဆက်လက် အာရုံစိုက်ဆောင်ရွက်တဲ့ အပြုသဘော တိုးတက်မှုုဖြစ်ပါတယ်။ တရားရုံးရဲ့ အထူးကြားဖြတ် အစီအမံဆုံးဖြတ်ချက်မှာ ၄ လ တကြိမ် အစီရင်ခံစာတင်ရမယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်တာဖြစ်ပါတယ်။ ဒီအမှုမှာ မြန်မာဘက်က အစဉ်တစိုက်ဆောင်ရွက်နေတဲ့အတိုင်း နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ရှိတဲ့ နိုင်ငံအဖြစ် နိုင်ငံတကာတရားရုံး အပေါ် လေးစားတယ်ဆိုတာ ပြသတယ်လို့လည်း ကျနော်က မြင်ပါတယ်။ ဒါဟာလည်း တိုးတက်ဖြစ်ထွန်းမှု တခုပါ။

VOA သတင်းထောက် Carol Guensburg။ ။ မြန်မာနိုင်ငံဘက်က တင်ပြတဲ့ အထောက်အထားတွေ မှန်၊ မမှန်သိရအောင် Gambia ဥပဒေအဖွဲ့ကရော လက်တွေ့ အခြေအနေတွေကို စောင့်ကြည့်တာ၊ အထောက်အထားတွေကို စုဆောင်းတာမျိုးတွေ လုပ်ပါလား။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ Gambia အဖွဲ့အနေနဲ့ မြန်မာနိုင်ငံထဲက အခြေအနေ၊ အချက်အလက်တွေကို စောင့်ကြည့် စုဆောင်းရုံတင် မဟုတ်ပါဘူး။ တခြားနည်းလည်းလမ်းတွေနဲ့လည်း စုဆောင်းနေပါတယ်။ ကျနော်တို့ မျက်စိဖွင့်၊ နားဖွင့်ထားပါတယ်။ တရားရုံးကို မြန်မာအစိုးရတင်ပြတဲ့ အစီရင်ခံစာ မှန်၊ မမှန်ဆိုတာကို ကျနော်တို့ အတည်ပြုနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်။ အစီရင်ခံစာထဲမှာ ဘာတွေပါတယ်။ မြန်မာဘက်က တင်ပြတဲ့ ဘယ်အချက်တွေက မှန်တယ်ဆိုတာ ကြည့်ရမှာပါ။

ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ
VOA သတင်းထောက် Carol Guensburg။ ။ ICJ အမှုမှာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံထဲကနေ ထွက်ပြေးနေဆဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရော ဘာသိရပါလဲ။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ လူမျိုးတုံး သတ်ဖြတ်မှု ထပ်မဖြစ်အောင် လူမျိုးတုံး သတ်ဖြတ်မှုတွေ ရပ်သွားအောင် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်နေသလဲဆိုတာ အစီရင်ခံစာထဲမှာ မြန်မာဘက်က ပြောထားတာတွေကို ကြည့်ရမှာပါ။ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေ ထွက်ပြေးနေဆဲဆိုတဲ့ လက်တေ့ွအခြေအနေကို မြန်မာဘက်က ဘယ်လိုရှင်းပြထားသလဲဆိုတာ ကျနော်တို့လည်းသိချင်ပါတယ်။

VOA သတင်းထောက် Carol Guensburg။ ။ COVID-19 ကပ်ရောဂါကြီး ဖြစ်နေတာကရော အမှုအပေါ် ဘယ်လို သက်ရောက်မှုရှိပါသလဲ၊ နောက်ထပ်အရေးပေါ် အခြေအနေတခု ထပ်တိုးသလိုဖြစ်ပါလား။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ COVID-19 ကြောင့် တရားရုံးက ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း ကျနော်တို့ဘက်က အပြည့်အဝ ပြင်ဆင်ဖို့ တော်တော်လေး အခက်အခဲရှိပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ ကျနော်တို့ တရားစွဲထားတဲ့ အမှုအတွက် သက်သေအချက်အလက်တွေ တရားရုံးကို တင်ပြနိုင်ဖို့ ခြောက် လ အချိန်ပေးထားပါတယ်။ ဇူလိုင်လ မကုန်ခင်တင်ပြရမှာပါ။ Gambia အစိုးရကို ကိုယ်စားပြုတဲ့ ဥပဒေအကျိုးဆောင်ကုမ္ပဏီ Foley Hoag က အမေရိကန်မှာ အခြေစိုက်ပါတယ်။ အမေရိကန်မှာ အားလုံးနီးပါး lockdown ဖြစ်နေတော့ ကျနော်တို့ Gambia ဘက်က တရားရုံးတင်ပြချက် ပြင်ဆင်တဲ့နေရာမှာ Foley Hoag ဘက်က အကူအညီပေးနိုင်ဖို့အတွက် အတော်ကို အခက်အခဲရှိနေပါတယ်။

ဂမ်ဘီယာမှာတော့ အသွားအလာတွေ ပိတ်ပင်ကန့်သတ်မထားပေမဲ့ အရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒါကြောင့် တရားရေးဝန်ကြီးဌာနနေနဲ့လည်း အမှုအတွက် လုပ်စရာလုပ်နိုင်ဖို့ အခက်အခဲတွေ္ဂ ရှိပါတယ်။ ခုလို စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို တရားရုံးကို ကျနော်တို့ လွန်ခဲ့တဲ့ တစ်လကပဲ တင်ပြပြီး ကျနော်တို့ဘက်က တင်ပြမယ့် လေ ျှာက်ထားချက်ကို ပြင်ဆင်နိုင်ဖို့ အချိန်တိုးပေးဖို့ တောင်းဆိုထားပါတယ်။ တရားရုံးဘက်က အောက်တိုဘာလအထိ အချိန်နောက်ဆုတ်ပေးပါတယ်။ မြန်မာနိုင်ငံဘက်က လေ ျှာက်ထားချက်အတွက်လည်း သုံးလအချိန်တိုးပေးထားပါတယ်။

VOA သတင်းထောက် Carol Guensburg။ ။ ဝန်ကြီး Tambadou အနေနဲ့ ဘာဖြည့်ပြောချင်တာ ရှိပါသေးလဲ။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ ဒီနေ့ခေတ်ကြီးမှာ လူမျိုးတုံး သတ်ဖြတ်မှုလို ရာဇဝတ်မှုမျိုးကို ဖုံးကွယ်ထားလို့ မရပါဘူး။ Rwandan လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ Felicien Kabuga ကို ၂၆ နှစ်အကြာမှာ ဖမ်းနိုင်တာကို ကြည့်ရင် အချိန်ဘယ်လောက်ကြာပါစေ။ ပြစ်မှုကျူးလွန်ခဲ့သူတွေ ဘယ်မှာ ပုန်းနေပါစေ၊ တရားမ ျှတမှုကို တနေ့တော့ ရမှာပါ။ ဒါကြောင့် တကမ္ဘာလုံးက နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကို ကျနော် သတိပေးချင်တာကတော့ ကိုယ်တိုင်ပြစ်မှု ကျူးလွန်တာပဲဖြစ်ဖြစ်၊ ကျူးလွန်ဖို့ အမိန့်ပေးတာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန် တနေ့မှာတော့ တာဝန်ခံရလိမ့်မယ်ဆိုတာကို ပြောချင်ပါတယ်။

Gambia နိုင်ငံ ရှေ့နေချုပ်လည်းဖြစ်၊ တရားဝန်ကြီးလည်းဖြစ်တဲ့ Abubacarr Tambadou ကို VOA သတင်းထောက် Carol Guensburg က Skype ကနေ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရဘက်ကတော့ လက်မခံပါဘူးရှင်။

https://burmese.voanews.com/a/icj-gambia/5434539.html