နေဆန်းလွင်
RB News
15.3.2013

Francis Buchanan ရဲ့ မှတ်တမ်းနဲ့ ပတ်သက်ပြီး လူအတော် များများက ပြောဆို ရေးသားခဲ့တာ တွေ အများကြီး ရှိပါတယ်။ သို့ပေမဲ့လည်း လိုအပ်တယ် ထင်လို့ Buchanan ရဲ့ မှတ်တမ်းနဲ့ ပတ်သက်ပြီး ဆက်နွယ် တာတွေ စာဖတ်သူများ ဗဟုသုတ ရဖို့ရေးသား လိုက်ပါတယ်။

Francis Buchanan ဆိုတာ ဘယ်သူလဲ?

Dr. Francis Buchanan ဟာ စကော်တလန် လူမျိုး ဆရာဝန် တစ်ယောက်ပါ။ ၁၇၆၂ ခုနှစ် မှာ မွေးဖွား ခဲ့ပြီး University of Edinburgh မှာ ဆေးပညာ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ သူက အိန္ဒိယ နိုင်ငံ Bengal Medical Service မှာ ၁၇၉၄ ကနေ ၁၈၁၅ အထိ တာဝန် ထမ်းဆောင်ရင်းနဲ့ ယခု ရခိုင်ပြည်နယ် လို့ လူအသိ များနေတဲ့ အာရ်ကာန် ဒေသကို ရောက်ရှိခဲ့တယ်။ “A Comparative Vocabulary of some of the languages spoken in the Burma Empire” စာအုပ်ကို မှတ်တမ်း အနေနဲ့ ရေးသားခဲ့ တာ ဖြစ်ပါတယ်။Buchanan မှတ်တမ်းထဲက Rooinga

The first is that spoken by the Mohammedans, who have been long settled in Arakan, and who call themselves Rooinga, or natives of Arakan.
ဘာသာပြန် – ပထမ ဘာသာ စကား ကတော့ အာရ်ကာန်မှာ အချိန် ကြာမြင့်စွာ အခြေချ နေထိုင် လာခဲ့ပြီး မိမိကိုယ် မိမိ ရိုအင်ဂါ (သို့မဟုတ်) အာရ်ကာန် ဇာတိ ချက်မြှပ် လို့ပြောကြတဲ့ မိုဟာမတ်ဒန်တွေ ပြောတဲ့ စကားဘဲ ဖြစ်ပါတယ်။

ဒါကတော့ Buchanan ရဲ့ စာအုပ် စာမျက်နှာ ၂၃၇ မှာ ရေးထားတာပါ။
မိုဟာမတ်ဒန်ကို မြန်မာလို မဟာ မေဒင်လို့ နောက်ပိုင်းသုံးတာ တွေ့ရပါတယ်။
ဒီမှာ အရေး ကြီးဆုံး အချက်က မိုဟာမတ်ဒန် (သို့) မြန်မာလို မဟာမေဒင်ဆိုတာ အစ္စလာမ်ဘာသာ ဝင်တွေ ကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။

ရခိုင်လူမျိုး သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက မတ်လ (၁၄) ရက်နေ့ ရန်ကုန် MICT Park မှာ ပြု လုပ် ခဲ့တဲ့ Seminar မှာ “ဒီလူတွေ မွတ်စလင် ဖြစ်တယ် ဆိုတာ ဘယ် စာမျက်နှာမှာ ပါလဲ” ဆိုပြီး စော ဒက တက်ပါတယ်။ ရိုအင်ဂါ လို့ရေးထား တာလည်း ရခိုင် လူမျိုးကို ရည်ညွန်း တာလို့ ပြောဆို သွားပါတယ်။

အဲဒီတော့ ဒေါက်တာ အေးချမ်းကို ကျွန်တော် ပြောချင်တာက –
Dr. Francis Buchanan ရေးထားတဲ့ Mohammedans (မြန်မာလို မဟာမေဒင်) ဆိုတာ ယနေ့ ရခိုင် ပြည်နယ်မှာ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာ လူမျိုးကို ရည်ညွန်းခြင်းသာ ဖြစ်ပါတယ်။

ယနေ့ ရခိုင် ပြည်နယ်မှာ ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ ရခိုင်လူမျိုး (ယခင်က မော့ဂ် လူမျိုး) အကြောင်း ကို Dr. Francis Buchanan က သူ့ရဲ့ မှတ်တမ်းမှာ စာမျက်နှာ ၂၂၃ ကနေ ၂၂၆ အထိ Yakain (သို့မဟုတ်) Mug ဆိုပြီး သေသေ ချာချာ ရှင်းရှင်း လင်းလင်း ရေးထား ပါတယ်။

(ဤဆောင်းပါး အောက်တွင် တင်ထားသော PDF ဖိုင်တွင် ကြည့်ရှူ နိုင်ပါသည်)

အဲဒီတော့ ဒေါက်တာ အေးချမ်း အနေနဲ့ Rooinga ဆိုတာ ရခိုင်လူမျိုး ကိုရည်ညွန်းပြီး ရေးထားတာ လို့ နားမလည်တဲ့ သူတွေကို လိမ်ညာ ပြောဆို နေခြင်းကို ပညာရှင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်း သိမ်းသောအားဖြင့် ရပ်တန့်ဖို့ လိုပါလိမ့်မယ်။

Buchanan မှတ်တမ်းထဲက ရိုဟင်ဂျာ စကား

Buchanan ရဲ့မှတ်တမ်းက အဓိက အားဖြင့် ဘားမား အင်ပါယာ အတွင်းမှာ ပြောဆိုတဲ့ ဘာသာ စကား တွေကို မှတ်တမ်း တင်ထားခြင်း ဖြစ်ပါတယ်။
အဲဒီ မှတ်တမ်းထဲမှာ ယနေ့ ရိုဟင်ဂျာ လူမျိုး (အစ္စလာမ် ဘာသာဝင်၊ မွတ်စလင်) တွေ ပြောနေတဲ့ စ ကား ကို စာမျက်နှာ ၂၃၈ မှာ မှတ်တမ်းတင် ထားသလို ယနေ့ ရခိုင် လူမျိုး (ဗုဒ္ဓဘာသာဝင်) တွေ ပြောနေတဲ့ စကား ကိုလည်း စာမျက်နှာ ၂၂၄ မှာ သီးခြား မှတ်တမ်း တင်ပါတယ်။

မှတ်တမ်း တင်ထားတဲ့ ရိုဟင်ဂျာ စကား တွေကတော့ –
(၁) Bel – နေ
(၂) Sawn – လ
(၃) Tara – ကြယ်
(၄) Kool – ကမ္တာ
(၅) Pannae – ရေ
(၆) Auin – မီး
(၇) Sheel – ကျောက်ခဲ
(၈) Bau – လေ
(၉) Jorail – မိုး
(၁၀) Manush – အမျိုးသား (လူ)
(၁၁) Meealaw – အမျိုးသမီး
(၁၂) Gourapa – ကလေး
(၁၃) Mata ¬- ဦးခေါင်း
(၁၄) Gall – ပါးစပ်
မှတ်တမ်း ထဲမှာ ပါတဲ့ အဲဒီစကားတွေက ယနေ့ ရခိုင် ပြည်နယ်မှာ ပြောတဲ့ ရိုဟင်ဂျာ စကား ဟုတ်/မဟုတ် ရခိုင်ပြည်နယ်ကို သွားပြီး မည်သူ မဆို လေ့လာ နိုင်ပါတယ်။

ရိုဟင်ဂျာ စကားက ဘင်္ဂလီ စကားလား

Buchanan ရဲ့မှတ်တမ်း ကို ၁၇၉၉ ခုနှစ်မှာ ပြုစုခဲ့တဲ့ အတွက် ယနေ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ လူမျိုးက ဗြိတိသျှ ကိုလိုနီ မတိုင်မှီ ကတည်းက ရှိနေတယ် ဆိုတာ ဗြောင်လိမ်ပြီး ငြင်းနေမယ် ဆိုရင် တော့ ရပါတယ်။ ဒါပေမဲ့ Buchanan ရဲ့မှတ်တမ်းကို ဘယ်သူ့မှ ဖျောက်ပစ်လို့ ရမှာ မဟုတ်ဘူး။

ရိုဟင်ဂျာဆိုတာ ဘင်္ဂလီတွေပါလို့ ပြောနေသူ တွေကတော့ အများကြီးပါ။ ဘယ်သူတွေ ဘယ်လိုဘဲ ပြော ပြော ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလီ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ အချိန် ကြာကြာ နေဖူးသူ တစ်ယောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခဏလောက် ရောက်ဖူးရင် ခွဲခြားလို့ ရမှာပါ။

ရိုဟင်ဂျာ စကားကို ဘင်္ဂလီတွေ နားမလည် သလို ဘင်္ဂလီ စကားကိုလည်း ရိုဟင်ဂျာ တွေနားမလည်ပါ။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ဒေသမှာ ပြောတဲ့ စကားက ရိုဟင်ဂျာ စကားနဲ့ တူတယ် – စစ်တကောင်း သားတွေလို့လည်း စွပ်စွဲမှု တွေရှိ ပါတယ်။ ကျွန်တော် သေချာ ပြောပါမယ်။ စာရေး နေတဲ့ ကျွန်တော် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ဖူး ပါတယ်။ ကိုယ်တိုင် ရိုဟင်ဂျာ ဖြစ်လို့ ရိုဟင်ဂျာနဲ့ ဘင်္ဂလီ ဘာတွေ ကွာလဲ ဆိုတာ ကိုယ်တိုင် သုတေသနတွေ အများကြီး လုပ်ခဲ့ပါတယ်။

ဗမာ စကားနဲ့ ရခိုင် စကား တူသလား?

တကယ်တော့ လုံးဝ မတူပါဘူး။ ဥပမာ ပြပါရစေ –
– ရခိုင်လို “ဇာလား ဖို့လေ” အဲဒါကို ဗမာလို ဘာသာပြန် ရင် “ဘယ်သွား ဖို့လဲ”
– ရခိုင်လို “သူပုန် ပီးလေ” အဲဒါကို ဗမာလို ဘာသာပြန် ရင် “ဆပ်ပြာ ပေးလေ”
အဲဒီလိုပါဘဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသမှာ သုံးတဲ့စကားနဲ့ ရိုဟင်ဂျာစကား အဲဒီလို ကွဲပြား ပါတယ်။
– ရိုဟင်ဂျာလို “ဂေါ်မ် အာစောနဲ” အဲဒါကို စစ်တကောင်း ဒေသမှာ “ဘာလော အာစန်” ဗမာလို ဘာသာပြန် ရင်တော့ “နေကောင်းလား”
– ရိုဟင်ဂျာလို “ကီရာန် ဒေါ်ရ်” အဲဒါကို စစ်တကောင်း ဒေသမှာ “ကီဖာဂိုက် သိုလိုက်ဂ် ဂေါ” ဗမာလို ဘာသာပြန် ရင်တော့ “ဘာချက်နေလဲ”
အဲဒီလို ကွာပါတယ်။ ဗမာ စကားနဲ့ ရခိုင် စကားမှာ အချို့ တူညီ တာရှိ သလို ရိုဟင်ဂျာ စကားနဲ့ စစ်တ ကောင်း ဒေသ စကားမှာလည်း တူညီတာ တွေရှိ ပါတယ်။

အဲဒီတော့ ပြောချင်တာက ရိုဟင်ဂျာ ဆိုတာ ရိုဟင်ဂျာ ပါဘဲ။ ဒေါက်တာ အေးချမ်းရဲ့ ပုဂ္ဂလိက အခွင့် အရေးအရ ရိုဟင်ဂျာကို လက်မခံဘူးလို့ ပြောပိုင်ခွင့် ရှိပါတယ်။ ဒါက Freedom of Expression ပါ။ ကျွန်တော်လည်း ရခိုင်ကို လက်မခံဘူး – မော့ဂ် ကိုဘဲ လက်ခံတယ်လို့ ပြောချင်ရင် ပြောလို့ ရပါတယ်။ ဒါပေမဲ့ ရခိုင်တွေက မော့ဂ်လို့ ခေါ်တာ မကြိုက်တဲ့ အတွက် ကျွန်တော် မခေါ်ဘူး။ ဒါကတော့ လူမျိုးစု တစ်စုရဲ့ ဆန္ဒကို ကျွန်တော် လေးစားလို့ပါ။

သို့သော် ရှိတဲ့မှတ်တမ်းကို လိမ်ညာ ဝါဒဖြန့်တာ ကတော့ ပါရဂူဘွဲ့ရ ပါမောက္ခ တစ်ယောက် အနေနဲ့ ရှက်သင့် ပါတယ်။

Dr. Francis Buchanan ရဲ့  အစီရင်ခံစာ ကို ပိုမို သိလိုပါက အောက်ပါ စာကြောင်းကို နှိပ်ပါ။

A Comparative Vocabulary of some of the languages spoken in the Burma Empire by Dr. Francis Buchanan