ဦးကျော်မင်း

နိုင်ငံရေးမှာ အမြင်ကွဲလွဲမှု ရှိတတ်သည်။ ယနေ့ရိုဟင်ဂျာအရေးကို ခုတုံးလုပ်ပြီး အမြတ်ထုတ် လိုသည့် နိုင်ငံရေးသမားအမည်ခံတစ်ဦးက စာအမျိုးမျိုးရေးနေသည်ကိုတွေ့ရသဖြင့် ရိုဟင်ဂျာ လူထု ကို အမှန်တကယ် ကိုယ်စားပြုသူများမှာ စာရေးရာတွင် အတော်စဉ်စားပြီး ရေးသားနေ ရသည်။ ၂၀၁၇ခုနစ်ခု၊ မေလ၊ ၁၄ ရက်နေ့ Park Royal Hotel မှာပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲမှာ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)က သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာမှာ ရိုဟင်ဂျာများ ကိုနိုင်ငံသား အသိအမှတ်ပြပြီး တချို့ ကန့်သတ်ထားသည့်ကိစ္စများ မှအပ တခြား လူမျိုးစုများနှင့် တန်းတူအခွင့်အရေးပေးသင့်သည်ဟု ပြောဆိုကြောင်း သိရသည်။ ဤအာဘော်မျိုး ကို မကြာခင်က ဦးရဲထွဋ် စင်ကာပူရောက်စဉ်လည်း ပြောဆို ခဲ့ကြောင်း ကြားသိရသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်က ဤအဆိုမျိုးကို တင်ပြဆွေးနွေးအကောင် အထည်ဖေါ်နိုင်ခဲ့မည့် အခွင့်အလမ်း၊ လုပ်ပိုင်ခွင့်များ ရှိခဲ့သည်။ ထိုစဉ်က ဦးရဲထွဋ် (နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ) အနေဖြင့် ယခုတင်ပြသည့်အဆိုကို အကောင်အထည်ဖေါ်ခဲ့လျှင် ရခိုင်မှာ လူမျိုးရေး ပြဿနာ ဖြေရှင်းသွား ခဲ့မည်ဖြစ်သည်။ အာဏာရှိစဉ်က တာဝန်ယူမဖြေရှင်းခဲ့ပဲ နိုင်ငံတော် အာဏာ တခြားအဖွဲ့အစည်းထံ ရောက်ရှိနေစဉ် နိုင်ငံတော်အာဏာရှိသူများကို ချဉ်းကပ်စည်းရုံး ဖြေရှင်းနိုင်မှသာ အဖြေမှန်ထွက်မည်။ အားရကြိုဆို စရာဖြစ်မည်။ ဦးသိန်းစိန်အစိုးရလက်ထက်က ရိုဟင်ဂျာပြဿနာ ဖြေရှင်းသွားခဲ့သော် ယနေ့ကြားသိနေ ရသည့် ရခိုင်မြောက်ပိုင်းမှာ မွတ်ဆလင် အကြမ်းဘက်အုပ်စုများ စိမ့်ဝင်လာရန် မရှိဟု ယူဆပါသည်။ ရိုဟင်ဂျာပြဿနာကို သက်ဆိုင်သူ အားလုံးအတွက် လက်ခံနိုင်ဘွယ် ဖြေရှင်းချက် တစ်ခု မရရှိပါက ဒေသအခြေအနေပို၍ မတည် မငြိမ်ဖြစ် လာမည်ကို စိုးရိမ်မိပါသည်။သို့ဖြစ်ပါ၍ ဦးရဲထွဋ်၏ ဖြေကြားချက်ကို ရိုဟင်ဂျာကိုကိုယ်စားပြုသော နိုင်ငံရေးပါ တီတစ်ခု ၏ ဥက္ကဌတစ်ဦးအနေဖြင့် အပြု သဘောမြင်ပါသည်။ဦးရဲထွဋ်၏ နိုင်ငံရေးအတွေးအမြင် အချိန် ကာလ အလျောက် ပြောင်းလဲလာခြင်းဖြစ်နိုင်သည်။ ရခိုင်ပဋိပက္ခ ဖြေရှင်းချက် လက်တွေ့ အကောင်အထည် ဖေါ်နိုင်ရန် အခြေခံကောင်းတစ်ခုဖြစ်သည်ဟု သုံးသပ်မိပါသည်။ ဦးရဲထွဋ်က စတင်လမ်းဖွင့်ရန် ခြေလမ်းလှမ်းပါက (initiative ယူပါက) ကျွန်တော်တို့ပါတီအနေဖြင့်လည်း ပူပေါင်း ပါဝင်ပံ့ပိုးပေးရန် ဆန္ဒရှိပါသည်။ အရေးကြီးဆုံးမှာ ဦးရဲထွဋ်အာဏာရှိစဉ်က အလွန်နီးစပ် ရင်းနှီးခဲ့သော အမြင်ချင်း တူညီခဲ့သော ရခိုင်အမျိုးသားခေါင်းဆောင်များနှင့် လက်ရှိအာဏာပိုင် အဖွဲ့အစည်းများကို စည်းရုံးသိမ်းသွင်း နိုင်ရေးဖြစ်သည်။ ရိုဟင်ဂျာပြသနာဖြေရှင်းရေးတွင် အကြောင်းအချက်၊ မျက်နှာစာ များစွာရှိသည်။ အထက်နိုင်ငံသားအခွင့်အရေး ယခင်ဖဆပလ၊ ပထစ၊အိမ်စောင့် အစိုးရ၊ တော်လှန်းရေးကောင်စီ ခေတ်ကာလများကဲ့သို့ ရရှိသွားပါက ကျန်ရှိသော ဖြေရှင်းစရာများသည် လွယ်ကူမြန်ဆန်လာနိုင်သည်။ ဒေသ တစ်ခုအတွင်း ခိုက်ရန်ဖြစ်နေခြင်း၊ ပဋိပက္ခဖြစ်နေခြင်းတို့ဖြင့် အချင်းချင်းယုံကြည်မှုများကို ပျက်ပြား သွားနိုင်သည်။ ပဋိပက္ခဆိုသည် ဆင်းရဲတွင်း နက်ရှိုင်း စေသောအရာဖြစ်သည်။ ရေရှည် တည်ရှိ သင့်သော အရာမဟုတ်။ ရခိုင်ပဋိပက္ခ၊ အကြမ်းဖက်မှုများ ကြောင့် ရခိုင်ပြည်သူများ ဆင်းရဲမွဲတည်လာပြီး ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်း နေထိုင်ရကြောင်း သိရသည်။ ပြည်နယ်တွင်း ငြိမ်းချမ်းရေးနှင့် ရခိုင်၊ ရိုဟင်ဂျာလူမျိုးစု နှစ်စု သဟဇာတကျကျ အပြန်အလှန်မှီခိုအားထားစွာ နေထိုင်နိုင်ရေးသည် အဓိက လိုအပ်ချက် ဖြစ်သည်။ ဖြစ်ရပ်မှန်မှာ လွတ်လပ်ရေးရပြီးနောက် ၂၀၁၂ခုနစ်အထိ ယခုလက်ရှိဖြစ်နေသော လူမျိုးရေးတင်မာမှူများ၊ ခွဲခြား ဆက်ဆံမှုများ အကြမ်းဖက်မှူများ ကဲ့သို့သော်အပြစ် ဆိုးများ မရှိခဲ့ချေ။ ထို့ကြောင့် ဤလူမျိုးစု နှစ်စုကြား ပြန်လည်သင့်မြတ်ရေး၊ အပြန်အလှန်ယုံကြည် လေးစားရေးများ ဖြစ်မလာနိုင်ဟု မယူဆပါ။ ဤလူမျိုးစုနှစ်စုကြား တူညီမူများနှင့် အပြန်အလှန် မှိခိုအားထားရမှ ူ များရှိနေပေသည်။ အဓိကမှာ တိုင်းပြည်အုပ်ချုပ်သော အာဏာပိုင်များ၏ ပေါ်လစီ ၊သဘောထား ဆက်ဆံရေးနှင့် လူမျိုးစုနှစ်စုပေါ်မှာ တန်းတူညီမျှသောအမြင်ဖြင့် ရှူမြင်ရေးပင်ဖြစ်သည်။ တစ်ဖက်ဖက်ကို ဘက်လိုက်မြှောက်ပင့် ပေးခြင်းများပြုလုပ်နေပါက နယ်မြေဒေသငြိမ်းချမ်းရန် လွန်စွာခက်ခဲမည်ဖြစ်ပါသည်။ လက်ရှိ ပဋိပက္ခ သည်လည်း အစိုးရမှ ရခိုင်ဒေသရှိ မူဆလင်များကို ခိုးဝင် ဘင်္ဂလီများဟု မီးမောင်းထိုးပြလျက် နှိမ့်ချ ကန့်သတ် ဆက်ဆံလာခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်မှာ ပြောခဲ့သလို ရခိုင် ရိုဟင်ဂျာ လူမျိုးရေးပဋိပက္ခသည် ၁၈ ရာစုကတည်းက ရှိနေခြင်း မဟုတ်။ တစ်နေရာ တည်းနေ လူမျိုးစုများကြားတွင် မတူညီမူများ ခွဲခြားနေထိုင်မူများ လူမျိုးရေးမုန်းတီးမူ များသည် အနည်းနှင့် အများ နေရာတိုင်းမှာရှိကြပါသည်။လက်နက်ကိုင် ပဋိပက္ခထက် လက်နက်မဲ့ ပြည်သူများ ကြားတွင် မုန်းတီးမှူများ၊ ပဋိပက္ခများ၊ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားအောင် နှိုးဆော်တိုက်တွန်းခြင်းများသည် ပို၍နက်ရိုင်း ရူပ်ထွေးသောပြဿနာများ ဖြစ်ပွားစေနိုင်သည်။ ရခိုင်ပြဿနာတွင် ရခိုင်၊ရိုဟင်ဂျာနှင့် အစိုးရ သုံးပွင့်ဆိုင် အကျိုးစီးပွားဖက်( stake holders) များရှိသည်။ မီဒီယာများကလည်း အစိုးရအာဘော်အတိုင်း ရိုဟင်ဂျာများကို ခိုးဝင်ဘင်္ဂါလီများ အဖြစ် မီးမောင်းထိုးရေးသားဖေါ်ပြနေခဲ့ သည်။ မြန်မာပညာရှင် တချို့ကလည်း ရိုဟင်ဂျာများ ဗြိတိသျှခေတ်မှာ ဝင်လာသူများဟု ရေးသားဖော်ပြပြီး ၁၉၈၂ ခုနစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် ဇာကာတင်စီစစ် ရမည်ဟု ရေးသားခဲ့သည်ကိုတွေ့ရသည်။ အမှန်စင်စစ် စွပ်စွဲခံရသလို ၁၈၅၀ ခုနှစ်များတွင် စတင် ဝင်လာသူများဟု ဆိုရင်လည်း နှစ်ပေါင်း ၁၅၀ ရှိသွားပြီ။ မကြာခင်က ဒေါ်အောင်ဆန်းစုကြည် က ဥရောပ ခရီးစဉ်မှာ ဖြေကြားသလို ရခိုင်ပဋိပက္ခ ၁၈ရာစုကတည်က ရှိခဲ့သည်ဟု ဆိုလျှင် ရိုဟင်ဂျာ များသည် ထိုဒေသမှာ နှစ်ပေါင်း၃၀၀ကျော်သွားပြီ။ ရခိုင်ဆန်စား၊ ရခိုင်ရေသောက်၊ ရခိုင်သဘာဝ ပတ်ဝန်းကျင်မှာ ကြီးပြင်းပြီး မျိုးဆက်ပေါင်းများစွာ ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲလာနေသူများကို ရခိုင်ပြည်သားအဖြင့် အသိအမှတ်မပြုလျှင် မှားမည်ဟုထင်ပါသည်။ ရိုဟင်ဂျာမဟုတ် ဘင်္ဂါလီဟု ခံယူရမည် နိုင်ငံသားဖြစ်/မဖြစ် စိစစ်ခံရမည် ဆိုသော် အာဘော် များသည် ယခင်ပြည်တွင်း ဥပဒေများနှင့်လည်းကောင်း၊ နိုင်ငံတကာစံနှုန်း ၊ ဥပဒေများနှင့် လည်းကောင်း ညီညွှတ်မှုမရှိပါ။ အတင်းအဓ မ္မ ဖြစ်စေလိုခြင်းသာဖြစ်သည်။ အဓမ္မပြုလုပ်မှုတွင် တန်ပြန် အဓမ္မတုန့်ပြန်မူဖြစ် ပေါ်လာပါ က နိုင်ငံအတွက်ရော ပြည်သူအားလုံးအတွက်ပါ နစ်နာ ဆုံးရုံးမူများဖြစ်လာနိုင် ပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ် လ (၃၀)ရက်နေ့ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနား တက်ရောက်ရန် နေပြည်တော် ရောက်ခဲ့သော ကုလသမ္မဂ အတွင်းရေးမှုချူပ် Bankimoon ကသတင်းစာရှင်းလင်းပွဲမှာ” နိုင်ငံတစ်ခုတွင် လူမျိုးစု တစ်စု မျိုးဆက်ပေါင်းများစွာ တစ်ဆက်တည်း နေထိုင် လာပါက တခြားလူမျိုးစု များ နည်းတူ ဥပဒေအဆင့်အတန်း နိုင်ငံသား အဆင့်အတန်း ခံစားခွင့်ရှိပါသည်” ဟု ရှင်းလင်း ခဲ့သည်ကိုတွေ့ရှိ ရခဲ့သည်။

၂၀၁၂ ခုနစ်မတိုင်ခင်က ပြည်တွင်းမှာ ရိုဟင်ဂျာလှုပ်ရှားမှုဟူ၍ မတွေ့ခဲ့ပါ။ ရိုဟင်ဂျာကြောင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖော်ပေါက်ခဲ့ခြင်းမဟုတ်ပါ။ ရိုဟင်ဂျာကို သန့်စင်လိုသော အစွန်းရောက် တစ်စုက ရခိုင်တစ်ပြည်လုံးတွင် တစ်ရက်တည်းတစ်ချိန်တည်း တီးလုံးခိုက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မကြာခင် ပြည်မအတွင်းရှိ မြို့နယ်ပေါင်းဒါဇင်းကျော်မှာ မွတ်ဆလင်များကို တိုက်ခိုက်မှုများ၊ အိုးအိမ်ဆိုင်ခန်းများ ဖျက်စီးမူများပေါ်ပေါက်ခဲ့သည်။ ဤမျှဆိုလျှင် တိုင်းပြည်မှာ တရာဥပဒေစိုးမိုးမှု တည်ငြိမ်းအေးချမ်းမှုကို မည်မျှထိခိုက်သည်ကို ခန့်မှန်း၍ ရသည်။

ဤအကြမ်းဖက်တိုက်ခိုက်မူများကြောင့် အိုးအိမ်စွန့်ခွာ၍ ဒုက္ခသည် စခန်းရောက်နေသော ဒုက္ခသည် တစ်သိန်းခွဲခန့် နေရာ ရင်းကိုမရောက်နိုင် ပြန်လည်နေရချထားခြင်းလည်း မပြုသေးချေ။ ဤပဋိပက္ခ တွင် ကျယ်ပြန့်နက်ရိုင်းသော အကျိုးသက်ရောက်မူရှိသည်။ မုန်းတီးမှုများ အပြန်အလှန် သံသယများ စေ့စပ်ရ ခက်လောက်အောင် နက်ရှိုင်းလာသည်အပြင် ရခိုင်ပြည်နယ် စီးပွားရေး ပုံမှန်မရှိတော့ပဲ မူးယစ်ဆေးဝါး ရောင်းဝယ်မူဘက်သို့ ဦးတည်သွားသည်။ တဖန် ၂၀၁၆ခု အောက်တိုဘာလ က မောင်းတောတွင် ရဲစခန်းသုံးခု အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမူနှင့် နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး စစ်စင်ရေး ကာလတွင် နောက်ထပ်ဒုက္ခသည် ငါးသောင်း ကျော် တဘက်နိုင်ငံသို့ ထွက်ပြေးကြေ ာင်း သိရသည်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်စုံစမ်းရေးကော်မီရှင် ကလည်း ဘင်္ဂါလားဒေရ့်ရောက်ရှိသော ဒုက္ခသည်များ နေရာ သို့ သွားရောက်လေ့လာပြီဖြစ်သည်။ ထိုဒုက္ခသည်များကို ပြန်လည်ခေါ်ယူခြင်း မရှိသေးဘဲ ပြဿနာဆက်လက်ရှိနေသည်။ အထက်ဖြစ်ရပ် များကြောင့် ကမ္ဘာ့အဖွဲ့အစည်းများ၊ နိုင်ငံများ နှင့် ကုလသမဂ္ဂ ဆိုင်ရာများက စိတ်ဝင်စားလာသည် လေ့လာလာသည်။ ကြေညာချက် ထုတ်ပြန် ချက်များ ထုတ်ပြန်လာကြသည်။ နောက်ဆုံး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင် ဒေသ တွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အချက်အလက်စု ဆောင်းရှာဖွေးရေး ကော်မီရှင်း တစ်ရပ်ကို ဖွဲ့စည်းစေလွတ်ရန်ဆုံးဖြတ်ပြီး လုံချုံရေး ကောင်စီကလည်း သဘောတူပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် တကယ့်ပြဿနာရှိနေသည်။ လူ့အခွင့် အရေးချိုးဖောက်မူ များရှိနေသည်။ အစွန်းရောက်များကို ထိန်းချုပ်၍မရ ဖြစ်နေသည်။ ထိုကြောင့် ဤနက်ရိုင်းသောပြဿာနာ ကိုဖြေရှင်းရေးအတွက် အကြံပြုရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် က ကုလသမဂ္ဂ အထွေထွေအတွင်းမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်ေ သာအကြံ ပေးကော်မီရှင်းတရပ် ဖွဲ့စည်းပေးပြီဖြစ်ပါသည်။ ထိုကော်မီရှင်းမှ ၂၀၁၇ ခုနစ်။ မတ်လ၊ ၁၆ရက်နေ့က ကြားဖြတ်အကြံပေးအစီရင်ခံစာထုတ်ပြန်ခဲ့သည်။ နိုင်ငံတော် အစိုးရက ချက်ချင်းပင် ကော်မီရှင်း အစီရင်ခံစာကို လက်ခံကြိုဆိုပြီး ချက်ချင်းအကောင် အထည် ဖေါ်မည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ ကော်မီရှင်း၏ အကြံပြုချက်များသည် သင့်မြတ်ပြီး အကောင်အထည် ဖေါ်ရန် လွတ်ကူသော အကြောင်းကိစ္စများဟု ကျွန်တော်များရူမြင်ပါသည်။ ရခိုင်ပြည်နယ်မှ ပြည်သူများ ကလည်း ကော်မီရှင် အကြံပြုချက်များ အကောင် အတည်ဖော်မည်ကို စောင့်မျှော်နေ ပါသည်။ မည်သူမှ နစ်နာဆုံးရု့းရန်မရှိ အားလုံးအတွက် အကျိုးစီးပွား တိုးပွားရန် သာရှိသည်။ ကော်မီရှင်း အကြံပြုချက်အတိုင်း လိုက်နာ ဆောင်ရွက်ပါက နယ်မြေတည်ငြိမ် အေးချမ်းပြီး စီးပွားရေးလည် တိုးတက်မည်ဖြစ်ပါသည်။ စီးပွားရေး တိုးတက်လာပါက လူမျိုးစုအချင်းချင်း မနာလိုမုန်းတီမှုများ လည်း တဖြေးဖြေးလျော့နည်းသွားပေးမည်။

ဗြိတသျှမတိုင်ခင်ကာလက ရခိုင်ပြည်လူဦးရေ၏ သုံးပုံတစ်ပုံမက မွတ်ဆလင် (ရိုဟင်ဂျာ) ရှိခဲ့သော အထောက်ထားမြောက်များစွာရှိပါသည်။ ထိုသူတို၏အဆက်အနွယ်များကို ခိုးဝင် ဘင်္ဂါလီ ဟု ခေါ်ဆိုခြင်း သတ်မှတ်ခြင်းသည် ဆန္ဒသာဖြစ်သည်။ တရားသောဖြစ်ရပ်မဟုတ်။ ရခိုင်နှင့် အရှေ့ဘင်္ဂလား (စစ်တကောင်း ဒေသ)သည် နိုင်ငံတစ်ခု တည်း အုပ်ချုပ်မူ တစ်ခုတည်းအောက်တွင် ရာစုနျစ်များစွာ တည်ရှိခဲ့၍ ရိုဟင်ဂျာ၊ ရခိုင်၊ မြို၊ ခမီ၊ သက့်၊ ဒိုင်နက်၊ ဘရူဝါ စသည် ယနေ့ ရခိုင်တိုင်းရင်းသားဆိုသူ အားလုံးသည် လက်ရှိ မြန်မာဘင်္ဂလားနယ်စပ်၏ နှစ်ဘက်စလုံးတွင် လွတ်လပ်စွာ ဆန္ဒအလျောက် ပြန့်ကျဲနေထိုင်ခဲ့သည်။ အိန္ဒယာ၊ ပါကစ္စတန်၊ မြန်မာ လွတ်လပ်ရေး ရရှိပြီးနောက် အထက်လူမျိုးများသည် အခြေစိုက်နေထိုင်ခဲ့သော နိုင်ငံများ၏ နီုင်ငံသား တိုင်းရင်းသားများ ဖြစ်သွားသည်။ ရိုဟင်ဂျာများကို ဘင်္ဂလာသားများနှင့် ဘာသာ တူသည်ဟု ဆိုပြီး အကြိမ်ကြိမ်အထပ်ထပ် စီစစ်ပြီး တခြားတိုင်းရင်းသားဆိုသူများကို ထုတ်ပေး ခဲ့သော အမျိုးသား မှတ်ပုံတင် များထုတ်ပေးခဲ့သည်။ ထိုမှတ်ပုံတင်ကဒ်ပြားဖြင့် ၁၉၈၂ ခခုနစ် နိုင်ငံသားဥပဒေအသစ် ပေါ်သည့်အထိ နိုင်ငံသား၊တိုင်းရင်းသား အခွင့်အရေးအပြည့် အဝရရှိ ခဲ့သည်။ သန်းချီသော ရိုဟင်ဂျာများကို သက်ဆိုင်ရာဠာနမှ ရွာဆင်းကွင်းဆင်းပြီး မှတ်ပုံတင်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသားမှတ်ပုံတင် NRC ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုတ်ပေးသောမြို့နယ်သည် မောင်းတောမြို့နယ်ဖြစ်သည်။

ထိုစဉ်က ရိုဟင်ဂျာကိုယခုခေတ်မှာပြောဆိုနေသလို မွတ်ဆလင်ဖြစ်၍၊ ဘင်္ဂလီနှင့် ရုပ်ရည်တူ၍၊ ရခိုင်ဗမာ စကားမတက်၍၊ နိုင်ငံခြားသားဟုသတ်မှတ်ခဲ့သော် နိုငိငံခြားသားမှတ်ပုံတင်ဥပဒေအရ နီုင်ငံခြားသား မှတ်ပုံတင်လက်မှတ် FRC ထုတ်ပေးခဲ့မည်။ ထိုသို့မဟုတ်က ၁၉၄၈ ခုနစ် နိုင်ငံသားဖြစ် ရွေးချယ်ရေး ဥပဒေအရ နိုင်ငံသားပြုခွင့် လျှောက်ထာစေမည်သာဖြစ်သည်။ ၁၉၄၈ ခုနစ် နိုင်င့သားဖြစ်မူဥပဒေ နှင့် ညီညွှတ်၍ တခြားတိုင်းရင်းသားများနည်းတူ အမျိုးသား မှတ်ပုံတင် ကဒ် များထုတ်ပေးခဲ့သည်ကို သတိပြုရန်ရှိပါသည်။ တိကျစွာ စီစစ်ပြီး အမျိုးသားမှတ်ပုံတင်များ တုတ်ပေးခြင်းများဖြစ်၍ ယခု နှစ်ပေါင်း ၆၀ ကျော်ပြီးမှ လည်၍ စီစစ်ရန်( Verification ပြုလုပ်ရန်) အကြောင်းမရှိဟု ယူဆသည်။ ထိုစဉ်က နိုင်ငံသားစာရင်းတွင် မရှိသူများကိုသာ စီစစ်ရန်ရှိပါသည်။

ထိုစဉ်က ရခိုင်တွင် အိန္ဒယာ၊ ဘင်္ဂလားနယ်သားများ မြောက်များစွာ( ထောင်ချီ၍)ရှိခဲ့သည်။ ထိုသူများက အမျိုးသားမှတ်ပုံတင်မရခဲ့ချေ။ နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ခဲ့ရသည်။ နိုင်ငံသား မှတ်ပုံတင်နဲ့ နိုင်ငံခြားသား မှတ်ပုံတင် တစ်ခုခု မကိုင်ဆောင်သူကို ဖမ်းဆီး အရေးယူသည့် ဥပဒေများရှိနေ၍ နိုင်ငံခြားသားများ အတော်များများ သူတို့နေရပ်များသို့ ပြန်သွားခဲ့သည်။

ရိုဟင်ဂျာများကို ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၄၈ ခုနိုင်ငံသားဖြစ်မှုဥပဒေက နိင်ငံသား အခွင့်အရေး အပြည့်အဝပေးခဲ့သည်အပြင် ၁၉၇၄ ခုဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ (ခ) တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဌာန်း သည့် (၃-၃-၇၄) ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူများသည် နိင်ငံသားဖြစ်သည် ဟု ပြဌာန်းထားရှိသဖြင့် ရိုဟင်ဂှာများ ထိုပြဌာန်း ချက် ဘောင်ဝင် နေ၍ ဆက်လက်နိုင်ငံသား အခွင့်အရေး ရရှိခဲ့သည်။ အထူးသတိပြု ရန် လိုသည်မှာ ၁၉၈၂ ခုနိုင်ငံသားဖြစ်မူ ဥပဒေ(အသစ်) ပုဒ်မ (၆)တွင်လည်းဤ ဥပဒေ အတည်ပြု အသက်ဝင် သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီး သူများသည်လည်း နိုင်ငံသားဖြစ်သည်ဟုပါရှိသဖြင့် ရိုဟင်ဂျာကို နိုင်ငံသားဟု သတ်မှတ်ကြောင်း တွေ့ရှိရသည်။ တိုင်းရင်းသားဆိုသူ ၁၃၅ မျိုးတွင်ရိုဟင်ဂျာ မပါသော်လည်း သူတို့ကိုင်ဆောင်သော အမျိုးသားမှတ်ပုံတင် (သုံးခေါက်ချိုး) ကိုနိုင်ငံသား လက်မှတ် သဘော အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်လွှတ်တော် ရွေးကောက်ပွဲတွင် လည်းကောင်း ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲထည့်ခွင့်များပြုခဲ့သည်။ ယာယီသက်သေခံ ကဒ်ပြား ( white card ) သည်နိုင်ငံသားစီစစ်ခြင်း မပြုရသေးသူများကို ထုတ်ပေးခြင်း မဟုတ်။ အမျိုးသား မှတ်ပုံတင် အစား ယာယီထုတ်ပေးသော ကဒ်ပြားဖြစ်သည်။ ဥပဒေအရ နိုင်ငံခြားသားများကို မထုတ်ပေးနိုင်။ ယခုနိုင်ငံသား မစီစစ်ရသေးသူများကို White card ထုတ်ပေးခဲ့သည်ဟု ရှင်းလင်းခြင်းသည် ရှေးနောက် မညီသောစကား ဖြစ်သည်။ ဥပဒေနဲ့ မညီညွတ်ပါ။ White card ထုတ်ပေးသူများအတွက် လဝကရုံး တွင်ကိုယ်ရေးအချက်အလက် အပြည့်အစုံ ပါသော လဝက ပုံစံ(၁) အပြင်တခြား မှတ်တမ်းများ လည်း ရှိပါသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး၏ NVC နဲ့ပါတ်သတ်၍ ရှင်းလင်းချက် ထုတ်ပြန်ရာတွင် အထာက်အထားရှိသူများ NVC ကိုင်ဆောင်စရားမလိုဟု ရှင်းလင်းထားသော်လည်း ယနေရခိုင်ပြည်မြောက်ပိုင်းတွင် မူဆလင်တိုင်း (Rohingya တိုင်း) ကို NVC ကိုင်ဆောင်ရန် အကြပ်ကိုင်ခြင်းသည် တရားဥပဒေ စိုးမိုးမှု ပျက်ပြားသွားခြင်းဟု ဆိုရပါမည်။ နိုင်ငံတွင်းတွင်နိုင်ငံသား စီစစ်ပြီးသူရှိသည်ဟု နိုင်ငံတော် ၏ ရှင်းလင်းချက်မှာပါရှိနေသည်။ ၎င်းမှာ အမျိုးသားမှတ်ပုံတင် ရှိသူများကို နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ပေးခြင်းသာဖြစ်သည်။ ဒီထက်ပို၍ စီစစ်ခဲ့သော အထောက်အထားမျှ မတွေ့ ရပါ။ ရခိုင်ပြည်မှမူဆလင်များကို နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ယူ နိုင်ရန် လဝက ပုံစံ နိုင် (၂)ဖြင့် လျှောက်လွှာ များ တင် သွင်းစေခဲ့ပြီး ယာယီသက်သေခံ ကဒ်ပြားများသာ ထုတ်ပေး ခဲ့သည်။ ထိုယာယီသက်သေခံ ကဒ်ပြားကို နိုင်ငံသားအထောက်အထားဟု သတ်မှတ်ခဲ့သော ကြောင့် ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ၂၀၁၀ လွှတ်တော် ရွေးကောက်ပွဲ များတွင် မဲထည့်ခွင့်များ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသူများကိုပင် ယခုနိုင်ငံသား မစီစစ်ရသေးဘူး NVC ကိုင်ဆောင်ရမည် ၈၂ ဥပဒေရ နိုင်ငံသားစီစစ်ခြင်းခံယူရမည်ဟု ပြောဆိုခြင်းများသည် ဥပဒေ ကိုနောက်ကြောင်းပြန် အာဏာသက်ရောာက် စေရန် ကြိုးစာခြင်းဖြစ်၍ ဥပဒေရူတောင့် အရ မှန်ကန်မူမရှိပါ။

ဤသို့အတင်းအကြပ် NVC ကိုင်ဆောင်စေခြင်းနှင့် ၈၂ ဥပဒေအရ စီစစ်ပြီး နိုင်ငံသား အဆင့်အတန်း များ ခွဲခြားရမည်။ အထောက်အထားမကိုင်လုံသူ နိုင်ငံမဲ့ဖြစ်ရမည်ဟု ထုတ်ပြန် ကြေညာခြင်းများသည် လူ့အခွင့် အရေး ချိုးဖောက်မူတစ်ရပ်ပင် ဖြစ်ပါသည်။ထို့ကြောင့် ရိုဟင်ဂျာ များ လူ့အခွင့်အရေး အလွန်အကျွန် ချိုးဖောက်ခြင်းခံရသည်ဟု ရှုမြင်ကာ ကမ္ဘာက ပို၍ စိတ်ဝင်စား လာသည်။ ရခိုင်ပြည်နယ်တွင် သွားလာခွင့် ပိတ်ဆိုးထားခြင်း စီးပွါးရေးပိတ်ဆိုးထားခြင်း ပညာရေး ကျန်းမားရေး အခွင့်အလမ်း များပိတ်ပင်ထားခြင်း ဒုက္ခသည် စခန်းဟူ၍ နှစ်ရှည် လများ ခွဲခြားထားခြင်းတို့ကို ကမ္ဘာက လေ့လာသိရှီပြီးဖြစ်ပါသည်။ ကုလသမဂ္ဂမှာ မှတ်တမ်းများ အစီရင်ခံစား များ ရှိနှင်းပြီးဖြစ်သည်။ ၂၀၁၆ ခု အောက်တိုဘာလတွင် ရဲစခန်းများကို အကြမ်းဖက် တိုက်ခိုက်မူ များဖြစ်ပြီး နောက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းကာလအတွင်း အိုးအိမ်များ ပျက်စိးခြင်း လူများ သေကြေခြင်း ဖမ်းဆိးခံရခြင်း စသည့် အလွန်အကျွန်ပြုမူဆောင်ရွက်မူများရှိ၍ လူပေါင်း ၅သောင်း ကျော် တစ်ဘက်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ထို့ကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မူများကို အချက်အလက် ရှာဖွေ စုဆောင်ရေး ကော်မီရှင် တစ်ရပ် ဖွဲ့စည်း စေလွှတ်ရန် ဆုံးဖြတ်ပြီးဖြစ်ပါသည်။ လုံခြုံရေးကောင်စီမှ လည်း အတည်ပြုပြီး ဖြစ်သည်။

တစ်ဖက်တွင် နိုင်ငံတော်၏ အကြံပေးပဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က ဖွဲ့စည်းပေးသော ကိုဖိအာနန် အကြံပေးကော်မီရှင်းက တန်းတူအခွင့်အရေးပေးရန် ပညာရေး ကျန်းမားအခွင့် အလမ်းများ ဖွင့်ပေးရန် ဌာနဆိုင်ရာမှာ ဝန်ထမ်းများခန့်ပေးရန် လွတ်လပ်စွာ သွားလာခွင့်ပြုရန် ဒုက္ခသည်စခန်းများ ၇ုပ်သိမ်းပြီး နေရာရင်းများဋ္ဌ် ပြန်လည်နေရာချထားပေးရန် စသည်ဖြင့် ကြားဖြတ် အကြံပြု အစီရင်ခံစာကို မှတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရမှလည်း အထက်အကြံပြုချက်များကို ကြိုဆို လက်ခံပြီး အမြန်ဆုံး အကောင်အတည် ပေါ်ပေးမည်ဟု ကြေညာချက် ချက်ချင်းထုတ်ပြန် ခဲ့ပါသည်။ ဤအတိုင်း ဆောင်ရွက် သွားလျှင် ရခိုင်ပြည်မကြာခင် တည်ငြိမ်းအေးချမ်းလာမည်ဟု မျှော်လင့်သည်။ တိုးတက်ပြောင်းလဲ လာမူကို မည်သည့်အပျက် အင်အားစုကမျ ပိတ်ပင်တားဆီးနိုင် မည်ဟု မထင်ပါ။ ကျွန်တော်များ နိုင်ငံရေးအင်အားစုများကလည်း နိုင်ငံတော်၏် စီမံဆောင်ရွက် မူများ ကို ပါဝင်ပံ့ပိုးကူညီရန် ဆန္ဒရှိပါသည်။

ဦးရဲထွဋ်သည် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချူပ်ရေး၊ အတွ့အကြုံရှိသူ တစ်ဦးဖြစ်သည်။ သူသည် လက်ရှိ ရခိုင် ပဋိပက္ခနှင့် ဆက်နွယ်သော အကြောင်းကိစ္စများ လူပဂ္ဂိုလ်များနှင့်ပါတ်သတ်၍ အတော် အသင့် သိရှိ နားလည်သူဖြစ်သည်ဟု ယူဆရသည်။ ရိုဟင်ဂျာပြသနာ အဖြစ်မှန်များကို သိရှိ၍ရိုဟင်ဂျာ ကိုနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်အကြံပြုခြင်းဖြစ်သည်ဟု ထင်မြင်ပါသည်။ ပြီးခဲ့သော သန်းခေါင်စာရင်း တွင် လူမျိုးစုပေါင်း ၃၀၀ ကျောါပေါ်ထွက်လာသည်ဟု လဝက ဝန်ကြီးဟောင်း ဦးခင်ရီက ပြောဆိုခဲ့ရာ တိုင်းရင်းသားလူမျိုးစု စာရင်းကို ၁၃၅ မျိုးဟု အတည်ယူ၍ မရပါ။ ဦးရဲထွဋ်က သမ္မတဦးသိန်းစိန်နှင့်အတူ ခရီးသွားစဉ် လန်ဒန်မှာ ရခိုင်ပြည်နယ်သည်မြန်မာနိုင်ငံ၏ အစိတ်အပိုင်း တစ်ခု မဖြစ်ခင် ရခိုင်ဘုရင်များခေတ်တွင် မူဆလင် လူဦးရေး ခြောက်သောင်းကျော် ရှိကြောင်း သတင်းထောက်များကို ဖြေကြားခဲ့သည်ကို သိရှိရပါသည်။ ရိုဟင်ဂျာသည် မည်သည့်အခါမှ ခွဲထွက် လိုသည် ပြည်နယ်လိုချင်သည် သမ္မတဖြစ်ချင်သည် စသည်ဖြင့်တောင်းဆိုခဲ့ခြင်း မရှိပါ။ ရခိုင်တိုင်းကို ရခိုင်းပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဟု ဆိုရာတွင် မိမိတို့အား လုံခြုံမူမပေး နိုင်ပါက လိုအပ်သောအကာ အကွယ်များမပေးနိုင်ပါက ရခိုင်ပြည်နယ် အုပ်ချူပ်မူအောက်တွင်မထားပဲ ပြည်မနှင့်တွဲထား ရန်သာ တောင်းဆိုမူရှိခဲ့သည်။ သို့ဖြစ်၍ ရခိုင်မြောက်ပိုင်းကို မေယူနယ်ခြားဒေသ အုပ်ချူပ်ရေးဟုသတ်မှတ်ပြီး ဦးနေဝင်း၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ထားပြီး တပ်မတော် အရာရှိများကအုပ်ချူပ်ခဲ့သည်။ ထိုကာလသည် အလွန်အေးချမ်းသော တရားဥပဒေစိုးမိုးမူရှိသော ဖွံးဖြိုးရေး လုပ်ငန်းများ စတင် အကောင် အတည်ဖော်ခဲ့သော ကာလဖြစ်ခဲ့သည်။ ထိုအချိန်ကာလကို မှီခဲ့သော အသက်အရွယ် ကြီးသူများ က ယနေ့အထိ ဦးနေဝင်းကို ကျေးဇူးတင်လျက်ရှိသည်။ ထိုနယ်မြေတွင် လက်နက်ကိုင် သောင်းကျန်းခဲ့သော မူဂျာ်ဟစ် သုပုန်းများ လည်းလက်နက်ချ အလင်းဝင်ခဲ့သည်။ သို့ဖြစ်၍ ရိုဟင်ဂျာများသည် ပြည်နယ်မလို မေယုခရိုင်ခေတ်က ရှိခဲ့သော တရားဥပဒေ စိုးမိုးမူကို ဖန်တီးပေးနိုင်လျှင် ကျေနပ်နေမည်ဖြစ်သည်။ ယခင်ကလည်း ရခိုင်နှင့် ရိုဟင်ဂျာ သဟဇာတ ကျကျ ငြိမ်းချမ်းစွာ အတူ နေထိုင်ခဲ့သူများဖြစ်ရာ ဦးရဲထွဋ် ကိုယ်တိုင် ရခိုင်ပြည်ငြိမ်းချမ်းရေး အတွက် စတင်ဦးဆောင်ကြိုးစားလျှင် လုပ်ပိုင်ခွင့်ရှိသူ အာဏာ ရှိသူ ပါဝင်ခွင့်ရှိသူ အားလုံး၏ ပူးပေါင်းပံ့ပိုးမူကို ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။ ရိုဟင်ဂျာအရေး အခင်းသည် ကမ္ဘာပေါ်တွင် အရေးကြီး စိတ်ဝင်စားစရာ ပြဿနာတစ်ခုဖြစ်နေသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပင်လျှင် အကြိမ်ကြိမ်ဆွေးနွေးရသော ပြဿနာဖြစ်သည်။ သို့ဖြစ်၍ ၁၉၆၀ ခုနှစ်များတွင် ဦးနေဝင်းက ရိုဟင်ဂျာတောင်းဆိုမှုများကို လိုက်လျော ကူညီခဲ့သလို ယနေ့လည်း ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှုကြီး မင်းအောင်လှိုင်သည်သာ ရိုဟင်ဂျာအရေး အခင်းကို မှန်ကန်စွာ ဖြေရှင်းပေး နိုင်မည့် ပုဂ္ဂိုလ်ဟု ကျွန်တော်များ ရှုမြင်ပါသည်။ ရိုဟင်ဂျာအရေးအခင်းသည် နိုင်ငံအသီးသီးကလည်းကောင်း အဖွဲ့အစည်း အတော်များများက လည်းကောင်း ဖြေရှင်းရန် ကြိုစားရာ ဖြေရှင်း၍မရသော လိပ်ခဲတည်းလင်းဖြစ်နေသော ရူပ်ထွေးနေသည်ဟုသုံးသပ်နေသော ပြဿနာ တစ်ခုဖြစ်ရာ တာဝန်ယူပါဝင် ဖြေရှင်းပေးနိုင်သူသည် ကမ္ဘာငြိမ်းချမ်းရေး Noble ဆုပင် ရနိုင်ပေသည်။ ရိုဟင်ဂျာထု ကလည်း အပျက်အမှောင်များကို နားမယောင်ပဲ ငြီမ်းချမ်းရေး စီမံချက်တွင်လက်တွေ့ ပူးပေါင်း ပါဝင်သွားမည်ဟု မျှော်လင့်ပါကြောင့် အများပြည်သူ သိရှိနိုင်အောင် ရေးသားဖော်ပြ အပ်ပါသည်။