မောင်တော၊ ရခိုင်ပြည်နယ်။ ။ တရားမဝင်ကလေးများအား အစိုးရ – နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက)- မှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူဦးရေး စာရင်း ကောက်ယူ နေစဉ် ပညတ်ဖြင့် ဆက်လက် ထိန်းသိမ်း ကျန်ရစ်ထားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။တရားမဝင်ကလေးများဟုပညတ်ရာတွင် တရားဝင် အစိုးရခွင့်ပြုချက်အရ လက်ထပ်ခဲ့သော်လည်း အိမ်ထောင်စု စာရင်းတခုတွင် မပါဝင်သည့် မိဘနှစ်ပါး မှ မွေးဖွါးသည့် ကလေး၊ တရားဝင် အစိုးရ ခွင့်ပြုချက်အရ လက်ထပ်ခဲ့ ပြီး စာရင်းကောက်နေစဉ် အဖေမရှိသည့် ကလေး၊ တရားဝင် အစိုးရ ခွင့်ပြုချက်မရှိဘဲ လက်ထပ်ခဲ့သည့် မိဘများမှ မွေးဖွါးသည့် ကလေးတို့ဖြစ်သည်။

နစကများသည် မိဘနှစ်ပါး အိမ်ထောင်စု တခုတွင် မပါ၍ မွေးဖွါးသည့် ကလေးများကို စာရင်းမသွင်းသည့်အပြင် မိသားစု မှတ်တမ်းဓါတ်ပုံ ရိုက်ခွင့်လည်းမပေး ဟု မောင်တောမြို့မှ လူကြီးတဦးမှ ပြောပြသည်။

လွန့်ခဲ့သော နှစ်တွင် စာရင်းကောက်ပြီး ဓါတ်ပုံပါ ရိုက်ခဲ့သော်လည်း ယခုနှစ်တွင်မှု ကျွန်တော်ကလေးကို စာရင်း လည်း မသွင်း၊ ဓါတ်ပုံရိုက်ခွင့်လည်း ပိတ်ပင်ထားသည့် ဟု အမှတ် ၂ ရပ်ကွက် မှ ဂျာန်ဂိရ်၏ ပြောပြချက်အရ သိရသည်။
ကျွန်တော် နစကများကို ငွေ ၆၀၀၀ ကျပ်ပေးမှ သာ ကျွန်တော်သားကို စာရင်းထဲ သွင်းပေးသည့်အပြင် မိသားစု မှတ်တမ်းဓါတ်ပုံလည်း ရိုက်ပေးသည်။

တရားဝင် အစိုးရခွင့်ပြုချက်အရ လက်ထပ်ခဲ့သည့် ဇနီးမောင်နှံများအား အိမ်ထောင်စု စာရင်းတခုအတွင်း ပြောင်းရွေ့ပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လူဦးရေးစာရင်းစစ်ဆေးနေသော နစက အရာရှိအား တောင်းဆိုခဲ့သော်လည်း နစကအရာရှိက ၎င်းတွင်း အိမ်ထောင်းစု စာရင်းတခု မှ နောက်တခု သို့ ပြောင်းရွေး လုပ်ပိုင်ခွင့် မရှိသည့်အတွက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာနချုပ် သို့ သွားရောက် တင်ပြရန်ပြောဆိုခဲ့ကြောင်း၊ သို့သော် နစက ဌာနချုပ်တွင် အိမ်ထောင်စု စာရင်းတခု မှ နောက်တခုသို့ ပြောင်းရွေးရန် ငွေ ၆၀၀၀၀ ကျပ်တောင်းဆိုနေကြောင်း သိရသည်။

၎င်းငွေကို ဆင်းရဲသား ရိုဟင်ဂျာများ မပေးနိုင်သည့်အတွက် ၎င်းတို့၏ သားသမိးများမှာ တရားမဝင် ကလေးများ အဖြစ် စာရင်း တင်သွင်း နေကြောင်း သိရသည်။