ရိုဟင်ဂျာဒုက္ခသည်များသည် ဒုက္ခသည်စခန်းရှိ လက်ဘာရှိအား လမ်းဆုံလေးခုမှာ နေရပ်ပြန်ရေး လှုပ်ရှားမှု တခုကို ပြုလုပ်ခဲ့ပါတယ်။ ၎င်းကမ်ပိန်းသည် ၂၀၂၃ နှစ်ကို အိမ်ပြန်ခြင်းနှစ် အဖြစ် ကြိုဆိုရန် ရည်ရွယ် သည်။ ကမ္ဘာပေါ်ရှိလူသားတိုင်းသည် နှစ်သစ်ကို လိုလားကြိုဆိုကြသော်လည်း ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များက ၂၀၂၃ နှစ်သည် ၎င်းတို့၏ နေရပ်ပြန်နှစ် ဖြစ်ရန် လိုလားကြောင်း ပါဝင်သူများနှင့် ၎င်းတို့၏ ပိုစတာနှင့် နဖူးစည်းစာတန်းများအရ သိရသည်။

ကမ်ပိန်းတွင် ရိုဟင်ဂျာဒုက္ခသည် များစွာ ပါဝင်ပြီး တောင်းဆိုမှု နှင့် ပြဿနာအချို့ကို ပြသရန် စီစဉ်ခဲရာ “ရိုဟင်ဂျာများ ၂၀၂၃ နှစ်တွင် ပြုံးရယ်စေလို” “NVC (နိုင်ငံသားစိစစ်ရေးကတ်များ) အလိုမရှိ” ကဲ့သို့သော ကြွေးကြော်သံမျိုးစုံဖြင့် နဖူးစည်းစာတန်းများ ကိုင်ဆောင်ကာ လှုံ့ဆော်သူမှ စီစဉ်ပေးပါသည်။ “လုံလောက်ပြီ၊ အိမ်ပြန်ကြစို့” နှင့် “၂၀၂၃ ခုနှစ်သည် ရိုဟင်ဂျာတို့၏ မူလနေရာသို့ ပြန်ရန်နှစ် ဖြစ်သင့် သည်” ဟု ရေးသားထားသော စာတမ်းမျာကို ဖိနှိပ်ခံရပြီးနှင့် ထိခိုက်လွယ်သူများ အများအပြား တက်ရောက်ခဲ့ကြသူများ ကိုင်ဆောင်းထား သည်။

ဘင်္ဂလာဒေ့ခ်ျ့ရှိ လူစည်ကားသော စခန်း ၃၃ ခုတွင် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဂုဏ်သိက္ခာရှိသော နေရပ် ပြန်ပို့ရေး နှင့် နေထိုင်မှု အခြေအနေ မသေချာမှုကြောင့် ရိုဟင်ဂျာ အသိုင်းအဝန်း ခေါင်းဆောင်များက ဝမ်းနည်းကြေကွဲစွာ ညည်းတွားပြောဆိုခဲ့ကြသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်စွာ ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ရိုဟင်ဂျာ ၁.၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားသည်။

နှစ်စဉ် ဒုက္ခသည် စခန်းတွင် မွေးကင်းစ ကလေးငယ် ၃၅၀၀၀ ခန့်ကို မွေးဖွါးပြီး၊ ဒုက္ခသည်စာရင်းတွင် ပေါင်းထည့်ထားကြောင်း သိရှိထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မကြာခဏ ကြိုးပမ်းနေသော်လည်း၊ စစ်အာဏာရှင်များက အငြင်းပွားဖွယ် ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု အက်ဥပဒေဖြင့် ဖျက်သိမ်းလိုက်သော လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် နိုင်ငံသားဖြစ်ခွင့် တို့ကြောင့် ရိုဟင်ဂျာတစ်ဦး တစ်ယောက်မျှ နေရပ်ပြန်မလာနိုင်ပေ။

ရိုဟင်ဂျာဒုက္ခသည်များသည် ၎င်းတို့၏အခွင့်အရေးအတွက် ရုန်းကန်ခဲ့ရသော်လည်း ဘင်္ဂလားဒေ့ရှ် သို့မဟုတ် နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းကို မဖြည့်ဆည်းပေးခဲ့ကြပေ။ ယင်းအတွက်ကြောင်း ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို မပြန်နိုင်ကြဘူး။

ကမ်ပိန်းစည်းရုံးရေးတွင် အချက်သုံးချက်ကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ကြသည်။ ၎င်းအချက် သုံးခုမှာ အမြန်ဆုံး အိမ်ပြန်ရန်၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုပြီး၊ နောက်ဆုံး အနေနဲ့ NVC – နိုင်ငံသားစိစစ်ရေးကတ်ကို လက်ခံတာကို ကန့်ကွက်ပါကြောင်း ပါရှိသည်။

“ယခုလို အခြေအနေတွေ ဆက်ရှိနေရင် မကြာခင် အနာဂတ်မှာ ပျောက်ဆုံးနေတဲ့ မျိုးဆက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု ရိုဟင်ဂျာ အသိုက်အဝန်း ခေါင်းဆောင် မော်လနာ ဆော်ယာဒ် အုလ္လာ က ဆန္ဒပြပွဲ မိန့်ခွန်း ပြောကြားစဉ် ပြောကြားခဲ့သည်။

အခြား ရိုဟင်ဂျာ ခေါင်းဆောင်များကလည်း ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်ယူကာ နေရပ်သို့ ဘေးကင်းစွာ ပြန်လာနိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။