ဦးကျော်မင်း
၁၉၄၂ ခုနစ်က ရခိုင်တိုင်းတွင် ပေါ်ပေါက်ခဲ့သော မွတ်စလင်နှင့် ရခိုင် အဓိကရုဏ်းကို စစ်ပြီးခေတ်
ဗြိတိသျှ အစိုးရသည်လည်းကောင်း လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအစိုးရသည်လည်းကောင်း တရားဝင် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ မှတ်တမ်း ပြုစုထားခြင်းမရှိသဖြင့် ယနေ့အခါ လူတို့က လိုရာဆွဲ ပြောဆိုမှုများ ပုံကြီးချဲ့မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှ တပ်သားများ ဂျပန် ရန်ကို ရှောင်ရန် မြန်မာပြည်မှ ဆုတ်ခွာသွားသောအခါ ၁၉၄၁ ခုနစ် နှောင်းပိုင်းတွင် အန္ဒိယနိုင်ငံသား ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြည်မတွင် အရှိန်မြင့်ဖြစ်ပေါ်၍ အန္ဒိယနိုင်ငံသားများမှာ ရရာလမ်းကြောင်း ကြုံရာယာဉ်၊ ရထားများဖြင့် အိန္ဒိယသို့ သုတ်ကြီးသုတ်ပြာ ထွက်ခွာ သွားခဲ့ကြသည်။ ယာဉ်၊ ရထား မမှီသူများ ကုန်းကြောင်း တောင်ကျော်လမ်းများမှတဆင့် ခြေလျင်သွားခဲ့ကြသည်။ လမ်းခရီးတွင် လုယက် တိုက်ဖျက်ခြင်းခံရသူများ ရှိသည့်အပြင် ရောဂါဘယနှင့် ငတ်ပြတ်၍ သေဆုံးသူများလည်း မနည်းမနောပါ။ ထိုစဉ်အခါ ရခိုင်ပြည်နယ်မှာလည်း အန္ဒိယ၊ ဘင်္ဂလားသားများ ပြည်မမှ ထွက်ပြေးလာသူများနှင့်အတူ ထွက်ပြေးသွားခဲ့သည်။ ဗြိတိသျှတပ်များ ရခိုင်တိုင်းတစ်ခုလုံးမှ နောက်ဆုတ်၍ မောင်တောမြောက်ပိုင်းတွင် တပ်တချို့ စခန်းချလျက်ရှိသည်။ထိုကာလတွင် အရှေ့ဘက်က ဂျပန်တပ်များလည်း မရောက်သေးပါ။ တရားဝင် အစိုးရ ကင်းမဲ့နေ၏။ ဗြိတိသျှက အရေးပိုင် ဦးကျော်ခိုင်ကို ရခိုင်ပြည်နယ် အုပ်ချုပ်ရေးအတွက် ရခိုင်ရဲတပ်သားများ အပ်နှံပြီး ထားခဲ့သည်။ သို့သော် မြို့နယ်အလိုက် ပေါ်ပေါက်ခဲ့သော ရခိုင် စစ်သွေးကြွအုပ်စုများက လက်နက်ခဲယမ်းများ ရခဲ့ပြီး သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ခဲ့သည်။ ဦးကျော်ခိုင်၏ အုပ်ချုပ်ရေးကို ဂရုမစိုက် ထင်ရာစိုင်း သောင်းကျန်း နေခဲ့သည်။ မြို့တိုင်းတွင် ထိုသူတို့၏ သောင်းကျန်းမှု၊ ဆူပူသတ်ဖြတ်မှု၊ မီးရှို့မှုများ ဖြစ်ပေါ်နေခဲ့သည်။ အတားအဆီးမရှိ မင်းမဲ့ စရိုက်ဆန်ခဲ့သည်။ ဗြိတိသျှ အုပ်ချုပ်ရေး လုံးဝ ပျက်ပြား သွားခဲ့သည်။ ၁၉၄၂ ခုနစ် အစောပိုင်းကာလမှာ မြန်မာ့လွတ်လပ်ရေး တပ်မတော် ထိုဒေသသို့ ရောက်ရှိပြီး ဆူပူမှုကို ထိန်းသိမ်းရန် ကြိုးစားခဲ့သည်။ စစ်သွေးကြွများ၏ အုပ်ချုပ်ရေးကို ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA) တပ်များ၏ အုပ်ချုပ်ရေးဖြင့် အစားထိုးခဲ့သည်။ နောက်ပိုင်း ဂျပန်များ ရောက်လာသောအခါ ဂျပန်အုပ်ချုပ်ရေးစနစ် အသက်သွင်းခဲ့သည်။ လအတန်ကြာပြီး ဂျပန်တပ်များ ရောက်ရှိခါမှသာ စစ်သွေးကြွများ၏ လုယက်၊ သတ်ဖြတ်၊ မီးရှို့မှုများလည်း ရပ်စဲသွားခဲ့သည်။ ၎င်းသည်ပင် မွတ်စလင်နှင့် ရခိုင် အဓိကရုဏ်းဖြစ်သည်။ နှစ်တစ်ဝက်နီးပါး ကြာခဲ့သည်။
ဤအရေးအခင်းတွင် ပါဝင်ပတ်သတ်သူ လူမျိုးစု နှစ်စုလုံးမှ ထိခိုက်နစ်နာဆုံးရှုံးမှု၊ သေကြေပျက်စီးမှု အတိုင်းအတာ တစ်ခုအထိ ရှိခဲ့ပေသည်။ အများဆုံး ခံစားရခဲ့သူများမှာ ဒေသခံ မွတ်စလင်များပင် ဖြစ်သည်။ ၎င်းကို ယနေ့အခါ ချဲ့ကား၍ ပြောဆိုမှုများ ရှိသလို၊ တလွဲစွပ်စွဲ အပြစ်တင်မှုများလည်း ရှိပေသည်။ သို့ဖြစ်၍ အဖြစ်မှန်များကို သိရှိနိုင်ရန် အထူးသဖြင့် ရခိုင်အမျိုးသားများ၏ ဆုံးရှုံးနစ်နာမှုကို ဖော်ဆောင် မှတ်တမ်း တင်ထားခဲ့သော အရေးအခင်းကာလက ရခိုင်ခေါင်းဆောင် နှစ်ဦး၏ မှတ်တမ်းများကို ကိုးကား၍ တင်ပြ လိုက်ပါသည်။ ထိုပုဂ္ဂိုလ် နှစ်ဦးမှာ အရေးအခင်းတွင် လက်တွေ့ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ၊ ကိုယ်တိုင် သိမြင်ခဲ့သူ ခေါင်းဆောင်များဖြစ်ပြီး နောင်တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ဆုတံဆိပ်နှင့် လွတ်လပ်ရေး မော်ကွန်းဝင်ဆု တံဆိပ် ရရှိခဲ့သူများ ဖြစ်သည်။ ထိုသူတို့၏ ကိုယ်တွေ့ မှတ်တမ်းများကို သမိုင်းဘာသာရပ်အတွက် အခြေခံ သတင်းအချက်အလက် (Primary Source Materials) ဟု ဆိုနိုင်ပါသည်။ ယနေ့ ပြည်သူများ သမိုင်းဖြစ်ရပ် အမှန်ကို သိရှိနိုင်အောင် တဆင့်ကိုးကား ရေးသားရခြင်းဖြစ်ပါသည်။
ပထမ ပုဂ္ဂိုလ်တစ်ဦးမှာ ဘုံပေါက်သာကျော်ဖြစ်သည်။ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် ဘွဲ့တံဆိပ် ရရှိခဲ့သူ ဖြစ်သည်။ မြေပေါ်မြေအောက် နိုင်ငံရေးတွင် ဆယ်စုနှစ်များစွာ ပါဝင် ခေါင်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ သူ၏ “တော်လှန်ရေး ခရီးဝယ်” ၁၉၇၃ခု၊ ဇွန်လထုတ် စာအုပ်တွင် မြေအောက် တော်လှန်ရေး အတွက် လက်နက်ခဲယမ်း ရရှိနိုင်အောင် အသဲအသန် ကြိုးစားခဲ့သည်။(စာ-၄၂) ၊စစ်တွေတွင် အင်္ဂလိပ်များ ဆုတ်ခွာသွား၍ မြိ့ပြအုပ်ချုပ်ရေး ပျက်ပြားသွားသည်။ စစ်တွေခရိုင် မြို့နယ်ပေါင်းများစွာတွင် စစ်သွေးကြွများက သူတို့၏ မာရှယ်လောဖြင့် အုပ်ချုပ်နေသည်။ မြေပုံမြို့နယ် ရက်ချောင်းပိုင်းနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းတို့မှ လူမျိုးရေး အဓိကရုဏ်း စတင်ဖြစ်ပေါ်သည်။ (စာ – ၆၀) ၊(အထက်ကိုယ်ပိုင်) မာရှယ်လောဖြင့် အုပ်ချုပ်သော အာဏာရှင်ပေါင်း မှိုလိုပေါ်ပေါက်ခဲ့သည်။ ဦးဂန္တမာတို့က မြို့ဟောင်း (မြောက်ဦး) မှာလည်းကောင်း၊ ဦးသိန်းကျော်အောင်၊ ဦးကျော်ယ၊ ဦးပန်းသာအောင် တို့က မင်းပြားမှာ လည်းကောင်း၊ ဦးထွန်းလှအောင်က ပေါက်တောမှာ လည်းကောင်း၊ ငါမင်းငါချင်း မာရှယ်လောဖြင့် (စိတ်တိုင်းကျ အမိန့်အာဏာများဖြင့် ) အုပ်ချုပ်လျက် ရှိသည်။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များ (မွတ်စလင်များသောမြို့နယ်များ) မှအပ စစ်တွေခရိုင် အခြားမြို့နယ်များတွင် ဗြိတိသျှ အုပ်ချုပ်ရေး ပျက်ပြားသွားသည်။ ____ ၁၉၄၂ ခု မတ်လမှာ ဂျပန်က ဗုံးကြဲရာ စစ်တွေ ပလုပ်တောင် စစ်တန်းလျားများမှ ခဲယမ်းမီးကျောက်များ ကျွန်တော် အလစ်ယူခြင်း၊ ကရင်အမျိုးသား စစ်သားများနှင့် ကျည်ဆန်လက်နက်များကို အခေါက်ခေါက် (မင်းပြားရှိ ဆရာတော် ဦးပညာသီဟသို့) ပို့ပေးခြင်းများ ပြုလုပ်ခဲ့သည်။ (စာ – ၆၉)
မကြာခင်ကာလတွင် ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်မှူး ဗိုလ်ရန်အောင်၏တပ် ရခိုင်တိုင်း၊ မင်းပြားမြို့သို့ ရောက်ရှိပြီး တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်လာသည်။ မင်းပြား၊ မြောက်ဦး နယ်မှ စစ်သွေးကြွ ခေါင်းဆောင်များနှင့် ဘုံပေါက်သာကျော်က ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ဆိုသည်။ သူ့အဆိုအရ စစ်သွေးကြွ ခေါင်းဆောင် တို့ကို အုပ်ထိန်းရန် ခဲယဉ်းပေသည်။ ထိုသူတို့က တစ်ရက်တစ်ရက် ကုလား ၂၀၀ – ၃၀၀ ကို (ခေါင်းဆောင်တစ်ဦးချင်းက) တစ်ဦးတည်းက သတ်ဖြတ်ဟု ဆိုကာ ဂုဏ်တုဂုဏ်ပြိုင် အသားယူနေကြောင်း တွေ့ရသည်။ စစ်သွေးကြွ ခေါင်းဆောင်ပေါင်း ဒါဇင်ချီ၍ရှိခဲ့ရာ တစ်ရက်တစ်ရက် မွတ်စလင် ထောင်၊ သောင်း ချီ၍ အသက်ခံခဲ့ရကြောင်း ထင်ရှားပေါ်လွင်နေသည်။ (စာ – ၇၆)
ဘုံပေါက်သာကျော်က ဦးပညာသီဟ၊ ဦးစိန္ဒာ တို့နှင့် အလွန်ရင်းနှီးပြီး မြေအောက်တော်လှန်ရေးများ လက်တွဲလုပ်ဆောင် လာခဲ့သည်ဟု ရှင်းပြပြီး ဦးပညာသီဟက လွတ်လပ်ရေးရလျှင် ရခိုင်တိုင်း သီးခြားသမ္မတနိုင်ငံအဖြစ်ပေးနိုင်မည်၊ မပေးနိုင်မည်ကို ကျွန်တော့်အား(ဘုံပေါက်သာကျော်အား)မေးခဲ့သည်။ ___ ၎င်းကို မြေအောက်ဋ္ဌာနချုပ်ခေါင်းဆောင် ကိုသိန်းအောင်၊ သခင်တင်မြတို့က တာဝန်ယူခဲ့သည်။ (စာ – ၁၉)
ဘုံပေါက်သာကျော်က ဆက်လက်ရှင်းပြရာတွင် ဗိုလ်ရန်အောင်တပ်က မင်းပြားမှတဆင့် စစ်တွေမြို့ကို သိမ်းယူခဲ့သည်။ ၎င်းနောက် ဗိုလ်ရန်အောင်ကိုယ်တိုင် ကြီးကြပ်သော ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များနှင့်အတူ ကိုမြ၊ ကိုသာထွန်း (ယခု ဗကပ ရခိုင်ကော်မတီဝင်)၊ ကျွန်တော်တို့သည် Karishna မီးသင်္ဘောဖြင့် ဘူးသီးတောင်သို့ ချီတက်သွားကြသည်။ ကျွန်တော်တို့ ထင်ခဲ့သလို စစ်တွေမှ ဘူးသီးတောင် ရေလမ်းခရီးတွင် ခုခံမှုများ တစ်စုံတစ်ရာ မတွေ့ခဲ့ဘဲ ဘူးသီးတောင်သို့ ချောမောစွာ ရောက်ရှိသွားခဲ့သည်။ (စာ – ၉၂) ဘူးသီးတောင်ရောက်ပြီး ၂ ရက်ခန့်တွင် ကုလားစစ်ပြေးများနှင့် လက်နက်ကိုင် မွတ်စလင်တို့သည် ဘူးသီးတောင်မြို့ကို တောင်ပေါက်ဝမှနေ၍ (မောင်တော တောင်ကျော်လမ်းမှ လာ၍) တိုက်သော်လည်း ခုခံနိုင်ခဲ့သည်။ ___ ကျွန်တော်တို့အဖွဲ့နှင့်အတူ ရခိုင်မွတ်စလင် အမျိုးသားခေါင်းဆောင် ရှေ့နေဦးဖိုးခိုင်၊ ဦးယာဆိန်တို့လည်း ပါသည်။ (စာ – ၉၃)
ဘူးသီးတောင် ရှိရာပေါင်းများစွာသော ရခိုင်အမျိုးသားများသည် စစ်ပြေးကုလားများ (ရခိုင်ပြည်နယ် အလယ်ပိုင်းမှ ထွက်ပြေးသူများ) နှင့်မူစလင် အမျိုးသားများ (မြို့ခံ မူဆလင်များ) ၏ သတ်ဖြတ်မှုကြောင့် သွေးချောင်းစီးခဲ့ရသည်။ မောင်တောရှိ ရခိုင် အမျိုးသားများက မောင်တောရှိ အရာရှိအရာခံများ၏ အကူအညီကြောင့် အိန္ဒိယ (ယခု ဘင်္ဂလားဒေ့ရှ်) သို့ ရွှေ့ပြောင်းနိုင်သဖြင့် အတော်အသင့် အသက်ဘေးမှ လွတ်ကင်းသွားခဲ့ရပြီ။ (စာ – ၉၁) ___ စစ်ပြေးကာလများနှင့် လက်နက်ကိုင်မူဆလင်များ ဘူးသီးတောင်မြို့ကို လာရောက် တိုက်ခိုက်ခြင်းကို ဘူးသီးတောင်ရှိ ပလိပ်များ(ရဲတပ်သားများ) နှင့် မြို့သူမြို့သားများ (ရခိုင်များ) က ခုခံကာကွယ်လျက်ရှိခဲ့သည်။ (စာ – ၉၁) ___ ဦးပညာသီဟ၏ သတင်းပေးချက်အရ မောင်တော၊ ဘူးသီးတောင်တွင် ကုလား ရခိုင် အဓိကရုဏ်း တစ်နေ့တခြား ကျယ်ပြန့်စွာ အရှိန်ပြင်းလာသဖြင့် “စစ်တွေမြို့ ဒေါ်သိန္တာ မူလတန်းကျောင်း (ယခု ရူပရွာ မူလတန်းကျောင်း) တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ဗိုလ်ရန်အောင်နှင့် သူ၏ လက်ထောက်များ၊ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံးမှ အရေးကြီး ပုဂ္ဂိုလ်များ ၊ဦးပညာသီဟ၊ ကိုမြ ၊ ကျွန်တော် (ဘုံပေါက်) လျှို့ဝှက်ဆွေးနွေးခဲ့ပြီး မောင်တော၊ ဘူးသီးတောင်သို့ လက်နက်ခဲယမ်းများ ပို့ပေးရန် ယခုပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိပ်ကမ်းတွင် သိမ်းထားသော သင်္ဘောသို့ တိတ်တဆိတ် တင်ပေးခဲ့သည်။ နံနက်အရုဏ်ဦးတွင် ကိုညိုထွန်း သင်္ဘောသို့ ဆင်းသွားသည်။ ဘယ်ကသိ၍ ဘယ်အချိန်ကရောက်နေမှန်း မသိသော ဂျပန်စက်သေနတ်ကိုင် တပ်သားများက သဘောင်္ပေါ် ရောက်နေသော လက်နက်ကျည်ဆန်များကို သိမ်းယူလိုက်သည်။ ဗိုလ်ရန်အောင် အကြိမ်ကြိမ် ဂျပန်စစ်ဗိုလ်များနှင့် ဖြေရှင်းယူသဖြင့် ကိုညိုထွန်း ဘေးမခခဲ့ချေ” (စာ – ၉၀) ___ ထိုစဉ်အခါ မောင်တောမြို့သို့ ဗြိတိသျှ စစ်တပ်များ မကြာခဏ အလုံးအရင်းနှင့် ရောက်တတ်ကြောင်း လည်း သိရသည်။ (စာ – ၉၁)
အရေးအခင်းစဖြစ်ပြီးနောက်ပထမဗမာ့လွတ်လပ်ရေး တပ်မတော်ရောက်ရှိခဲ့သည်။တစ်လခန့်ကြာပြီးမှ ဂျပန်တပ်ဖွဲ့များ ရောက်ရှိခဲ့သည်။ ဂျပန်တပ်ဖွဲ့က မြေပုံမှာ ဦးစန္တာကို ကုလား၊ ရခိုင်အဓိကရုဏ်းကို ဦးဆောင်ဖန်တီးခဲ့သူအဖြစ် ဖမ်းချုပ်ခဲ့လေသည်။ ဓမြဗိုလ် ဦးမောင်သာဦးကို မွေးထားသည်ဟု စွပ်စွဲ၏။ ဦးစန္တာ၏ တပည့်များနှင့် ဦးပညာသီဟတို့ ကြားဝင်ဖျန်ဖြေမှုကြောင့် နောက်ဆုံးလွှတ်ပေးခဲ့သည်။(စာ-၁၁၅)
စစ်တွေမြို့တွင် မူဆလင် ခေါင်းဆောင်များ ဖြစ်သော ဦးဖိုးခိုင်၊ ဦးဆူလ်တန်မာမွဒ်၊ ဦးယာဆိန်စသည့် ခေါင်းဆောင်များ လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်မှုနှင့် ရိုင်ဖယ်သေနတ်တချို့လက်ထဲ ရှိနေခြင်းကြောင့် ရခိုင်စစ်သွေးကြွများ၏ ကျုးကျော်မှုမှ ကင်းဝေးခဲ့ပေသည်။
မကြာမီ ၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်က စစ်တွေမြို့ကို သိမ်းယူခဲ့သဖြင့် မြို့နယ်အခြေအနေ တည်ငြိမ် လာခဲ့သည်။ ထိုအတောအတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ရန်ကုန်ပြန်ရန် ဂျပန်က အမိန့်ထုတ်ခဲ့ရာ ဘူးသီးတောင်မှ (Progress) သင်္ဘောဖြင့် ပြန်ထွက်ခွာရာတွင် ဘူးသီးတောင်မြို့ခံများက နောက်မှလိုက်၍ ထွက်ခွာသွားရန် တခြားသဘောင်္တစ်စီး(မင်းဝ)ပေါ်သို့ အလုအယက် တက်ရာ လူနှင့်ဝန်များပြီး သင်္ဘောသည် ယိမ်းယိုင်တုန်ခါပြီး ရေမြုပ်သွားခဲ့သည်။ ၎င်းတွင် ရခိုင်သားအချို့ (လူ ၃၀၀ခန့်) နှင့် ရွှေငွေပစ္စည်း သိန်းပေါင်း များစွာဖိုး ဆုံးရှုံးခဲ့ရသည်။ (ဘုံပေါက် စာ – ၉၆ ) ၊ (ဦးဘစံ စာ – ၁၁၃ )
၁၉၄၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းကို မှတ်တမ်းတင်ခဲ့သော ထိုစဉ်က အခြားခေါင်းဆောင်တစ်ဦးမှာ ဦးဘစံ(မော်ကွန်းဝင်ပထမအဆင့်နှင့် နိုင်ငံဂုဏ်ရည် ဒုတိယအဆင့် ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လက်ရုံး မိတ်ဆွေ တစ်ဦးလည်း) ဖြစ်သည်။ သူက “ရခိုင်သားများနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု” ၁၉၉၈-ခုထုတ်စာအုပ်တွင် ကျောက်ဖြူ ခရိုင်၊ မြေပုံမြို့နယ် လမ်းမရွာမှ စတင်၍ ကုလား ရခိုင် အဓိကရုဏ်း ဖြစ်ပွားသည်။ ဤအဓိကရိုဏ်း ဖြစ်ရခြင်းမှာ ကုလားများပေါ် စီးပွားရေး မကျေနပ်မှုများရှိ၍ အုပ်ချုပ်သူကင်းမဲ့ နေစဉ် စစ်သွေးကြွများက အခွင့်ကောင်းကြီး ယူနိုင်၍ ဖြစ်သည်။(ဘစံစာ-၁၀၈) – – – ဦးဘစိန်၊ဦးသာအောင်၊ဦးသိန်းကျော်အောင်၊ဦးကျော်ယ၊ဦးဂန္တာမာ၊ဦးထွန်းလှအောင်၊ဦးစိန်ရွှေ အစရှိသည်တို့သည် လက်နက်ငယ်များ စုဆောင်ပြီး ကုလားရခိုင် အဓိကဂုဏ်း စတင်ခဲ့ပေသည်။ (စာ- ၈၀)-
အာဏာရှင်ထွန်းလှအောင်ကို သေဒဏ်ပေးရန် စီစဉ်ခဲ့သည်။ဆိုးသွမ်းသူအဖြစ်သတ်မှတ်ခဲ့သည်။ဦးသိန်းကျော်အောင်ဦးကျော်ယတို့ကိုလည်းဗိုလ်ရန်အောင်ကထိန်းသိမ်းခေါ်ဆောင်သွားသည်။ (ဘစံ စာ၁၀၈)နယ်တွင်လူစုလျက်စတင်တိုက်ခိုက်သဖြင့်အဓိကရုဏ်းကြီးကျယ်ပြန့်နှံ့သွားလေသည်။___ ကျွန်တော်သည် မင်းပြားရှိ ဘုန်းကြီးကျောင်းမှာ နေ၍ ရသမျှသော လက်နက်များကို ဝယ်ယူစုဆောင်းလျက် ရှိသည်။ ဆရာတော်ဦးပညာသီဟနှင့် ကိုလှကျော်တို့ စစ်တွေသို့ တိတ်တဆိတ် ဝင်ရောက်ပြီး အင်္ဂလိပ်စစ်တပ်မှ လက်နက်များ ရယူရန် ကြိုးစားသည်။ (ဘစံ၊ စာ – ၈၃)နိုင်ငံခြားသားကုလားများကိုသာအကြီးအကျယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။(ဘစံ၊ စာ -၈၂)___ဘီအိုင်အေတပ်များဘူးသီးတောင်ရောက်နေစဉ်ဗိုလ်မျိုးညွှန့်၊ဗိုလ်ရန်နောင်ကို၊ဗိုလ်ရန်အောင်ကမောင်တောသို့စေလွှတ်ခဲ့ရာကုလားများလက်ချက်ကြောင့်သေဆုံးရသည်ဟုဗိုလ်ရန်အောင်သိရ၍မောင်တောသွားရန်အစီစဉ်ကိုဖျက်ခဲ့ရသည်။ထိုစဉ်အတွင်းဂျပန်များကဗိုလ်ရန်အောင်တပ်မှလက်နက်ခဲယမ်းများသိမ်းယူပြီး၊ မြန်မာပြည်မသို့ နောက်ဆုတ်ရန်အမိန့်ပေးခဲ့သည်(ဘစံ၊ စာ – ၁၁၃။ ဘုံပေါက်၊စာ၉၈)___မြေပုံမှစတင်သောအဓိကရုဏ်းသည်ရခိုင်တစ်တိုင်းလုံးသို့ပျံ့နှံ့သွားသည်၊ကုလားများမြေပုံဖက်မှဘူးသီးတောင်၊မောင်တောမြို့များသို့တဖြည်းဖြည်းထွက်ပြေးကြသည်။မင်းပြား၊ ကျောက်တော်၊ မြို့ဟောင်းမြို့များမှကုလားများသည်လည်းထွက်ပြေးကြ၏___ဤဒေသများတွင် ရခိုင်လူဦးရေများ၍ကုလားများကခုခံခြင်းမပြုခဲ့ပေ။ကုလားဦးရေများသောမောင်တောဘူးသီးတောင် ရောက်မှှပြန်လည်ခုခံခဲ့ကြသည်။(ဘစံ၊ စာ-၁၁၅)
[ဤတွင် အဓိကရုဏ်းကို ကုလားများက ဗြိတိသျှကုလားစစ်သားများမှ လက်နက်များရ၍ စတင်ခဲ့သည်ဟု အထက်ပါ ရခိုင်ခေါင်းဆောင် နှစ်ဦးစလုံးက ရေးမှတ်ခြင်း မပြုခဲ့ချေ။] ___ ထိုအခြေနေတွင်ရသေ့တောင်၊ဘူးသီးတောင်ဘက်သို့ဘီအိုင်အေတပ်မတော်သားရဲဘော်မင်းအောင်နှင့်အခြားရဲဘော်များကိုမော်တော်ဘုတ်တစ်စင်းဖြင့်စေလွှတ်ခဲ့သည်။___ရသေ့တောင်မှဆက်သွားရာသေကန်ခွဆုံအရောက်တွင်ကုလားများကနှစ်ဖက်ညှပ်၍သေနတ်များဖြင့်ပစ်ခက်ခဲ့ကြသည်၊ရဲဘော်များအားလုံးကျရှုံးပြီး မော်တော်ဘုတ်လည်းစန်းစန်းမြုပ်သွားသည်။ (ဘစံ၊ စာ -၁၁၄)
အထက်ဖော်ပြသလိုမောင်တောမှာ ဗိုလ်နှစ်ယောက် ကျဆုံးခြင်း၊ သင်္ဘောနှစ်စီး မြုပ်သွားခြင်းကြောင့် အရပ်သားတချို့နှင့်ရဲဘော်တချို့သေဆုံးခြင်းကုလားများကရခိုင်တချို့ကိုသတ်ဖြတ်ခြင်းတို့သည်ယင်းအဓိကရုဏ်းကြီး၏ရလဒ်ပင်ဖြစ်သည်။(ဘစံ၊ စာ-၁၁၅) ဦးဘစံ၏ စာအုပ်တွင် ရခိုင်ပြည်နယ် အတွင်းပိုင်းမှ ကုလားများ အသတ်ခံရခြင်း၊ ကုလားရွာများ မီးရှို့ဖျက်ဆီးခံရခြင်းများ ဖော်ပြထားခြင်း မရှိချေ။
အထက်နိုင်ငံရေးခေါင်းဆောင်နှစ်ဦး၏မှတ်တမ်းအရသုံးသပ်ပါကကုလားများကရခိုင်ကိုထောင်သောင်းချီသတ်ဖြတ်ခဲ့သည့်သာဓကမတွေ့ရပါ။မောင်တောမှာဘီအိုင်အေတပ်မှဗိုလ်နှစ်ယောက်ကျဆုံးခြင်းသည် မောင်တောမှာထိုစဉ်အထိရှိခဲ့သောဗြိတိသျှတပ်များ၏ပယောဂကြောင့်ဟုဆိုနိုင်ပေသည်။
စစ်တွေတွင်စစ်တပ်စခန်းများနှင့်ပုလိပ်(ရဲ)တန်းလျားများကိုဂျပန်ကလေယာဉ်များကဗုံးကြဲချသည်___ စစ်သားပုလိပ်မဲ့ဖြစ်နေသောစစ်တန်းလျားများသို့ဝင်ကာရသမျှကျည်ဆန်များအလစ်သုတ်ယူခဲ့သည်။ရိုင်ဖယ်ကျည်ဆံအနည်းငယ်ကျွန်တော့်လက်ဝယ်ရယူနိုင်ခဲ့သည် ___ ဘီအိုင်အေက စစ်တွေမြို့ကို သိမ်းပြီးနောက်လေယာဉ်ကွင်းတွင်စစ်တန်းလျားများတွင်မြေပေါ်မြေအောက်လက်နက်ကျည်ဆန်၊ ရတနာများစွာ ရရှိခဲ့သည်။ (ဘုံပေါက်၊ စာ – ၈၉) ___ စစ်တွေကိုသိမ်းပြီး အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပြီးကာဘူးသီးတောင်သို့ထွက်ခွာသွားသည်။ဘူးသီးတောင်မှာအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ခဲ့သည်။အုပ်ချုပ်ရေးဖက်နှင့်စစ်ရေးဖက်နှစ်ဖက်ထားသည်။အုပ်ချုပ်ရန်ဗမာ့တပ်မတော်မှစစ်ဗိုလ်နှစ်ဦးမှာဗိုလ်မျိုးညွန့် နှင့်ဗိုလ်ရန်နောင်တို့ဖြစ်ကြသည်။၎င်းတို့ကမြို့ကိုကာကွယ်ပေးပြီးမြို့ငြိမ်းချမ်းသာယာရေးကိုလုပ်ဆောင်ခဲ့ကြသည်။(ဘစံ၊ စာ-၁၀၅)
တဖန်ဘူးသီးတောင်မြို့မှမြောက်ဦးသို့သွားရန်စီစဉ်သည်။ဗိုလ်ရဲလှနှင့်ဗိုလ်အာဠာဝကတို့အားတပ်စိတ်တစိတ်ဖြင်မြောက်ဦးသို့ဘုတ်ဖြင့်စေလွှတ်လိုက်သည်။ထိုအချိန်ကဆရာတော်ဦးစိန္တာနှင့်အခြားရဲဘော်တို့ကို မေးမြန်းစုံစမ်းခြင်း ပြုလုပ်သည်။ ဦးသိန်းကျော်အောင်၊ ဦးကျော်ယ၊ ဦးပန်းသာအောင် စသည်တို့ကို လက်နက်များ ပေးအပ်စေခဲ့သည်။ မြောက်ဦးတွင် ဦးဂန္တမာကလည်း လက်နက်ချလိုက်သည်။ ဤသို့ဖြင့် ကုလားရခိုင် အဓိကရုဏ်းကို ရပ်တန့်စေခဲ့သည်။ (ဘစံ၊ စာ – ၈၈၊၈၉) ကျောက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ရသေ့တောင်နယ်များတွင်အဓိကရုဏ်းကာလအတွင်းမွတ်စလင်ရွာပေါင်းရာကျော်ပျက်စီးခံခဲ့ရခြင်း၊လူထောင်သောင်းပေါင်းများစွာသတ်ဖြတ်ခံရခြင်းကိုအထက်နိုင်ငံရေးခေါင်းဆောင်နှစ်ဦး၏မှတ်တမ်းမှာ မတွေ့ရှိရချေ။ဘီအိုင်တပ်ကရခိုင်များကိုအကာအကွယ်ပေးထားကြောင်းသာတွေ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများလက်ထဲတွင် လက်နက်များ ရှိနေခဲ့ကြောင်းလည်း ပေါ်လွင်နေသည်။ ရာဂျ်ပုတ် ဗြိတိသျှတပ်သားများမှ လက်နက်ရရှိ၍ မွတ်စလင်များက အဓိကရုဏ်းကို စတင်ခဲ့သည်ဟုလည်း မတွေ့ရှိရပါ။မူဆလင်လူဦးရေများသောမောင်တော၊ဘူသီးတောင်စစ်တွေမြို့နယ်များမှစတင်၍လူမျိုးရေးတိုက်ခိုက်မှုများ ပေါ်ပေ်က်ခဲ့သည်ဟု အထက်စာအုပ်များတွင် ဖော်ပြထားခြင်း မရှိပါ။
သို့ဖြစ်၍နှစ်ပေါင်းများစွာယခင်ကဖြစ်ပျက်ပြီးဆုံးခဲ့သည့်ကိစ္စရပ်များကိုပြနလည်ဖော်ထုတ်ဆွပေးခြင်းမျိုးမပြုလုပ်ဘဲအနာဂတ်မှာသင့်သင့်မြတ်မြတ်နေထိုင်ပြီးလူမှုဘဝသာယာတိုးတက်ရေး၊အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးများပြုလုပ်ပေးသင့်ပေသည်။ကမ္ဘာရွာဖြစ်နေသောယနေ့အခါတွင်ဒေသတွင်းပြည်သူများအချင်းချင်းအပြင်ကမ္ဘာပြည်သူများနှင့်ပါပူးပေါင်းဆောင်ရွက်မှပြည်သူများ၏လူမှုစီးပွားဘဝတိုးတက်လာမည်။ပြည်ပသို့ထွက်၍စီးပွားရှာနေရသောဘဝမှကင်းဝေးမည့်အကြောင်းအကြံကောင်းပေးအပ်လိုပါသည်။ နယ်မြေအေးချမ်းရေး၊ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပြည်သူအားလုံး လူမျိုးဘာသာမရွေးယခင်အစိုးရများခေတ်ကာလမှာကဲ့သို့တစ်တန်းတစ်စားတည်းထားရှိဆက်ဆံရေးတို့သည် ယနေ့ကာလအစိုးရ၏ အဓိက လိုအပ်ချက် ဖြစ်နေသည်ဟု သုံးသပ်မိပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရခိုင်ပြည်နယ်နှင့်အရှေ့ဘင်္ဂလားသည် နိုင်ငံတခု ၊ အုပ်ချုပ်ရေးတခု အောက်တွင် ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့သည်။ယနေ့ ရခိုင်ပြည်တွင် ရှိသော လူမျိုးစု အားလုံးသည် ယခု မြန်မာ၊ ဘင်္ဂလား နယ်စပ် နတ်မြစ်၏ တဖက်တချက်တွင် လူမျိုးအားလုံးသည် နှစ်နိုင်ငံခွ ၍ အခြေစိုက် နေထိုင်ခဲ့ကြသည်။ပါကိစ္စတန် ၊မြန်မာ လွတ်လပ်ရေး ရသောအခါ ထိုသူတိ့ုကို့ နေထိုင်သော နိုင်ငံတွင် နိုင်ငံသား အဖြစ် အသိအမှတ် ပြုခဲ့သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ(မူဆလင်) များကို လိုအပ်သော စီစစ်မှုများ ပြုလုပ်ပြီး အမျိုးသား မှတ်ပုံတင် ကဒ်များ၊ (NRCများ) ကျေးရွာများသို့ ကွင်းဆင်း၍ ထုတ်ပေးခဲ့သည်။ နိုင်ငံသား မဖြစ်ထိုက်သူ အိန္ဒိယသား(မူဆလင်၊ ဟိန္ဒူ) အားလုံးကို နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်(FRC)ထုတ်ပေးခဲ့သည်။NRCကိုင်ဆောင်သူသည်၂၀၁၅ခုနှစ်ရွေးကောက်ပွဲအထိမဲထည့်ခွင့် အရွေးခံခွင့် ရရှိခဲ့သည်။ သူတို၏့မွေးစာရင်း၊ အိမ်ထောင်စု စာရင်း ၊ဝန်ထမ်းကတ်၊ ပင်စင်စာအုပ် စသည့်တို့တွင် နိုင်ငံသားဟု ပါရှိသည့် အပြင်လူမျိုးနေရာတွင် ရိုဟင်ဂျာ ဟုပင် ပါရှိလေသည်။ NRC သည်နိုင်ငံသားဖြစ်မှုအတွက်ပြည့်စုံခိုင်လုံသောအထောက်အထားဖြစ် ၍ ဒေါအောင်ဆန်းစုကြည်ပင်လျှင် ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကာလအထိ နိုင်ငံသာ းစိစစ်ရေးကဒ် လှဲယူခြင်း မပြုပဲနေခဲ့ကြောင်းတွေ့ရသည်။မောင်တော ဘူသီးတောင်မှာ န.စ.က အဖွဲ့က နှစ်ပေါင်း (၂၀)ကျော် ကြပ်တည်းစွာ ထိန်းချုပ် စိစစ်ခဲ့ရာ တဖက်နိုင်ငံမှ ခိုးဝင်လာသူများ မတွေ့ပဲထွက်ပြေးသူ(B.D ပြေး)များ သာ တွေ့ရှိခဲ့ကြောင့် ပထမ အကြိမ်လွတ်တော် ဒုတိယ အစည်းအဝေးမှာ သက်ဆိုင်ရာ ဝန်ကြီးများက ရှင်းလင်းထား ကြောင်း တွေ့ရှိရသည်။ ယခင် သမ္မတ ဦးသိန်းစိန် နှင့် လဝက ဝန်ကြီး ဦးခင်ရီ တို့က ၃-လ တိတိ ဌာနပေါင်းစုံဖြင့် စိစစ်ခဲ့ရာ ခိုးဝင်လာသူမတွေ့ရှိခဲ့ဟုရှင်းလင်းပြောဆိုသည့်အသံဖိုင်များပါရှိသည်။ထိုဒေသမှမူဆလင်များသည် ယခင်ကနိုင်ငံသားအခွင့်ရေးအပြည့်အဝရရှိခဲ့သည်။ယခုမူနိုင်ငံသားမဟုတ်ပဲနိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင်ဆောင်ရမည့် လက်မှတ်(NVC) ကိုင်ဆောင်ရမည့်ဟု သတ်မှတ်ခြင်းသည် ၁၉၈၂-ခု နှစ် နိုင်ငံသား ဥပဒေ ပုဒ်မ ၅နှင့် ဆန့်ကျင်နေသည်။ ၎င်းမှာ နိုင်ငံသားဖြစ်ပြီးသူကို ဆက်လက် နိုင်ငံသား အဖြစ် အသိမှတ်ပြုရမည်ဟု ပါရှိသည်။ ထိုဒေသမှ မူဆလင်များ သည် ဗမာ စကား မပြောတတ်သော်လည်း နိုင်ငံသား၊ တိုင်းရင်းသားများ ဖြစ်ကြောင့် တရားရုံးချုပ်နှင့် အောက်ခြေ တရားရုံးများ ၏ ဆုံးဖြတ်ချက်များ ရှိခဲ့ပေသည်။Burma law reports 1960 Page 217 တွင် တရားလွှတ်တော်ချုပ် ၏ ၁၉၆၀ -ခု အောက်တိုဘာလ ၂၄.ရက် ဆွတ်ယောတ်အာလောမ် ပါ ၂၃.ဦး နှင့် အတွင်းဝန်၊ လူဝင်မှုကြိးကြပ်ရေးနှင့် အမျိုးသားရေး မှတ်ပုံတင်ရေး ဝန်ကြီး ဌန ၏ အယူခံ ဆုံးဖြတ်ချက်မှာ ပါရှိခဲ့သည်။ထိုဆုံးဖြတ်ချက်တွင်မြန်မာနိုင်ငံကဲ့သို့ လူမျိုးပေါင်းများစွာ နေထိုင်သော နိုင်ငံမှာ ဗမာစကား မပြောတတ်သော တိုင်းရင်းသား လူမျိုးပေါင်းများစွာ ရှိနေပေမည်။ သို့ဖြစ် အထက် ဆွတ်ယောတ်အာလောမ် ပါ ၂၃.ဦးကို ဗမာစကားမတတ်ဟု အကြောင်းပြချက်နှင့်အောက်ရုံးမှပြည်နှင်ဒါဏ်အမိန့်ထုတ်ပေးခြင်းသည်မှားယွင်းကြောင်းနှင့်ထိုသူတို့အားချက်ခြင်းတရားသေလွှတ်ပေးရန်စီရင်ချက်အမိန့်ထုတ်ခဲ့သည်။သိ့ုဖြစ်ပါ၍ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ယခင်နိုင်ငံသားအဖြစ်သတ်မှတ်ခဲ့သူများကယခုနိုင်ငံသားစိစစ်ခံရမည့်သူများကိုင်ဆောင်ရသည့် လက်မှတ်(NVC) ကိုင်ဆောင်ရမည်ဟု သတ်မှတ်ခြင်းသည် အတင်းအကြပ် နိုင်ငံခြားသားများ အဖြစ်တွန်းပို့ခြင်းဖြစ်နေပေသည်။ သူတိုကို့နိုင်ငံသားအခွင့်ရေး ပိတ်ပင်ကန့်သတ်ထားခြင်းကြောင့် ယနေ့ပြဿများ ပေါ်ပေါက်ခြင်းဖြစ်သည်။ ထိုဖြစ်ပေါ်နေသော လက်ရှိ ပြဿနာကို ကုလ တို့ ့၊ အကြံပေး ကော်မရှင် တို့က ဖြေရှင်းနိုင်မည် မဟုတ်ချေ။ နိုင်ငံတော် အစိုးရကသာ လျှင် ဘက်မလိုက်ဘဲမျှတစွာ ကိုင်တွယ် ဖြေရှင်းရမည်။ နစ်နာ နေသူများ ၏ သဘော ဆန္ဒကိုလည်း နားထောင်ပေးရမည။် လက်ရှိ ဖြစ်နေသော ပြဿနာများကို ဖြေရှင်းရန် သက်ဆိုင်ရာ လူမျိုးစု အားလုံးကို စစ်မှန်သော ကိုယ်စားပြုသည့် ခေါင်းဆောင် များနှင့်ညှိုင်းနှိုင်း ဆွေးနွေး ရမည်ဖြစ်သည်။
အထူးသဖြင့် IDP စခန်းများတွင် မွတ်စလင်များ နိုင်ငံသား မဖြစ်သေးဟု လွှတ်တော်မှာ ဆွေးနွေးခြင်းသည်ယုတ္တိဆင်ခြေမခိုင်လုံဟုဆိုရပေမည်။ နိုင်ငံသား မဖြစ်သေးလျှင် နိုင်ငံခြားသားဖြစ်ရမည်။ UEHRD ထုတ်ပြန်ချက်အရ ရခိုင်ပြည်မှာ မွတ်စလင် ၁.၂ သန်းခန့် (ကမန် မွတ်စလင်မပါဘဲ) ရှိသည်ဟု သိရသည်။ ထိုသူများကို နိုင်ငံခြားမှ ခိုးဝင်သူများမှန်လျှင် ဖမ်းဆီးအရေးယူ ပြည်နှင်ဒါဏ်ပေးနိုင်သော လဝက ဥပဒေများ ရှိနေရာယခင်အစိုးရများက ပြစ်ဒါဏ်ပေးရန်သာ ရှိသည်။ ထိုသို့မဟုတ်ဘဲ လွတ်လပ်ရေးရပြီးနောက်မှ စ၍ မကြာခင် ကာလအထိ နိုင်ငံသားများသာ ကိုင်ယူပိုင်ခွင့်ရှိသော အမျိုးသားမှတ်ပုံတင်၊ ယာယီသက်သေခံ ကတ်ပြားများ ထုတ်ပေးခဲ့ပြီး နိုင်ငံသားအခွင့််အရေး အပြည့်အဝ ပေးခဲ့သည်။ ယင်းကဲ့သို့ နိုင်ငံသားအဖြစ် လက်ခံထားရှိခဲ့ခြင်းသည် ယခင်အစိုးရများ၏ မှားယွင်းမှုဟု ပြောပါမည်လား။ ယခု သူတို့ကို နိုင်ငံသား မစိစစ်ရသေးသူများဟု သတ်မှတ်ပြီး နိုင်ငံသား အဆင့်လျော့ခြင်းသည် ဥပဒေ နှင့် ညီညွတ် ပါမည်လား ဟူ၍ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း တင်ပြအပ်ပါသည်။
ref: A glimpse into the 1942 Rakhine state communal conflict