အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့ချုပ်
အာရ်ကာန်၊ မြန်မာပြည်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံ (၂/၂၀၁၄) အား ကန့်ကွက်ခြင်း
ရက်စွဲ့။ ၁၉ ၊ ၀၂ ၊၂၀၁၄
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ရခိုင်ပြည်နယ် ၊ မောင်းတောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာ၌ ဖြစ်ပွါးခဲ့သော လူမျိုးတုံးသတ်ဖြတ်သည့် ကိစ္စနှင့််ပါတ်သက်၍ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင်အစီရင်ခံစာ (၂/၂၀၁၄) တစ်ရပ် ထုတ်ပြန်လိုက်သည်ကို လေ့လာတွေ့ရှိရပါသည်။
အဆိုပါ အစီရင်ခံစာ၌ ရေးသားဖော်ပြထားချက်များသည် လုံးဝဘက်လိုက်ခြင်း၊ အမှန်တရားကို ထိန်းချန်ထားခြင်း၊ လူမျိုး-ဘာသာခွဲခြားမှ ုများကို ရှေ့တန်းတင်ရေးသားခြင်း မျှသာဖြစ်သောကြောင့် ARNO အနေ ဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။အဆိုပါ လူ့အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင် (၄) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဇွန်နဝါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့အထိ ဒု-ချီးရားတန်းသို့ သွားရောက်ကာ လူအတော်များများအား စိစစ်၍ စုံစမ်းစစ်ဆေးမှ ုများ ပြုလုပ်ခဲ့ရာ၊ လူအသေအပျောက်များရှိသည်ဟူသော သာဓကများ မတွေ့ရှိခဲ့ကြောင်း…ဟူသည့်အရေးအသားနှင့် ပါတ်သက်၍ ထိုကာလအတွင်း အခင်းဖြစ်ပွါးခဲ့သော ဒုချီးရားတန်းရွာ၌ ရွာလုံးကျွတ်နီးပါး ထွက်ပြေးခဲ့ရမှ ုကြောင့် ရွာသူ/သားဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ထို့အပြင် ဧရာဝတီသတင်းဌာနမှ ဆောင်းပါးရှင် စနေလင်း၏ ယခုလ(၁၅) ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော ဒုချီးရားတန်းသို့ အရောက်သွားခြင်း ဆောင်းပါတွင် ယခုအချိန်အထိ အဆိုပါကျေးရွာ၌ အမျိုးသား (၁၀) ဦးဝန်းကျင်နှင့် အမျိုးသမီး (၁၅) ဦးဝန်းကျင်သော နေထိုင်လျက်ရှိကြောင်း၊ ဒုချီးရားတန်း အလယ်ရွာတွင်မူ လူတစ်ဦးပင်မရှိ ကြောင်း၊ မီးမလောင်ဘဲရှိနေသည့် နေအိမ်အတော်များများတွင်လည်း လူသူနေထိုင်ခြင်းမရှိသေးကြောင်း…ဟူ၍ ဖော်ပြပါရှိရာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်လူသတ်ဂိုဏ်းအား ကြောက်ရွံ့ရသောကြောင့် လာရောက်မနေရဲခြင်း ဖြစ်ပါသည်။
သို့သော်လည်း ကော်မရှင်အနေဖြင့် ယင်းတို့၏ အစီရင်ခံစာတွင် ထိုရွာမှ အမျိုးသမီး (၂၀၀) ကျော်ကို ဒု-ချီးရားတန်း အလယ်ရွာရှိ စာသင်ကျောင်း၌ တွေ့ဆုံမေးမြန်ခဲ့သည်ဟု ဆင်ခြင်မဲ့စွာ ရေးသားထားသဖြင့် ထိုအရေအတွက်သည် စစ်အစိုးရ၏ ဒေသဆိုင်ရာ အာဏာပိုင်များကအနီးအနားမှ ကျေးရွာသူ/သားများအားခြိမ်းခြောက်၍ ခေတ္တခေါ်ယူ ပေးတွေ့ခဲ့သူများ ဖြစ်ပါသည်။ချီးရားတန်းရွာသူများ မလျဉ်းမဟုတ်ပါ။တဖန် ကော်မရှင်၏ အစီရင်ခံစာထဲ၍ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်လူကြီးများအား တွေ့ဆုံခဲ့သည်ဟု ရေးသားထားရာ၊ ထိုအကြာင်းအရာသည် ဟောင်းနွမ်းနေပြီးဖြစ်သော စစ်အာဏာပိုင်တို့၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ဖြစ်ကြောင်း ထောက်ပြအပ်ပါသည်။
ကော်မရှင်သည် ယင်းတို့အားအသတ်ခံရသူ (၅၂) ဦး၏စာရင်းကို ပေးခဲ့ခြင်းမရှိဟု ဘူးကွယ်နေခြင်း သည်ဂုဏ်သိက္ခာမဲ့စွာ လိမ်လည်ဖော်ပြချက် ဖြစ်သောကြောင့် ရိုးသားမှ ုကင်းမဲ့လျက်ရှိသည်။
အဆိုပါ ကော်မရှင်အဖွဲ့မှ တွေ့ဆုံခဲ့သူ ရိုဟင်ဂျာထဲမှ တိုက်ရိုက်ပေးအပ်ခဲ့သော အဆိုပါ (၅၂) ဦး ၏ စာရင်းကို ARNO မှ လက်ဝယ်ရရှိထားပြီ ဖြစ်သည့််အပြင်၊ အတည်ပြုရသည့် အခြား အသတ်ခံရသူများစာရင်းပါ စုံစမ်းရယူထားရာ၊ သေဆုံးခံရသူ စုစုပေါင်း (၉၃) ဦးစာရင်းကိုမူ ဇွန်နဝါရီလထုတ် Arakan လစဉ်ထုတ်စာစောင် မြန်မာပိုင်းတွင် ်ရေးသားထုတ်ဝေခဲ့ပြီဖြစ်ပါ သည်။
၎င်းအပြင် ARNO မှ အဆိုပါ ဒု-ချီးရားတန်းကျေးရွာမှ အသက်ကယ်ထွက်ပြေးလာသူ မျက်မြင်သက်သေအချို့အား ဗီဒီယိုမှတ်တမ်းများဖြင့် တွေ့ဆုံမေးမြန်ထားသည့် အထောက်အထားများ လက်ဝယ်ထားရှိရာ ယင်းတို့ထဲတွင် အရိုက်ခံရမှ ုကြောင့် အတွင်းကြေ ဒါဏ်ရာရသူတစ်ဦးနှင့် သေနတ်ကျည်ထိမှန် သူတစ်ဦးလည်း ပါရှိပါသည်။
ထို့အပြင် ရိုဟင်ဂျာတို့က မိမိကိုယ်ကိုရိုဟင်ဂျာဟုခေါ်ထွင်ရမည်ဟုဆိုလျှင် ထိုအချက်သည် ရိုဟင်ဂျာတို့၏ အခွင့်အရး တစ်ရပ်ဖြစ်သော်လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယင်းတို့၏အစီရင်းခံစာတွင် အဆိုပါလူမျိုး၏ အခွင့်အရေးကို လေးစားမှ ုမပြဘဲ ဘင်္ဂလီများဟု ရေးသားဖော်ပြလာခြင်းသည် ယင်းတို့၏ နိုင်ငံသားအခွင့်အရေးများကို ဆုံးရှုးစေလိုသည့် ဆန္ဆနှင့် တစ်ဘက်နိုင်ငံမှ မတရားခိုးဝင်လာသူများအဖြစ် အရေးယူစေလိုမှ ုစသည့် ရည်ရွယ်ချက်များဖြင့် ရေးသားဖော်ပြခြင်းဖြစ်၊ထိုကဲ့သို့ရိုင်းစိုင်းစွာ ရေးသားဖော်ပြချက်အား ဆန့်ကျင်ရှုတ်ချပါသည်။
သို့ဖြစ်၍ ဤမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာ (၂/၂၀၁၄) သည် ပေါ်တင် လိမ်လည်မှ ုကြီး တစ်ရပ်ဖြစ်ကြောင်းနှင့်မြန်မာစစ်အစိုးရ အာဏာပိုင်တို့မှ ညွန့်ကြားထားသည့်အတိုင်း ယင်းတို့အလိုကျ နှင့် မျက်နှာလို၊ မျက်နှာရ ရေးသားချက်များဖြစ်သည့််အပြင် အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှ ုကြီး၏ မှန်မှန်ကန်ကန်နှင့် လွတ်လပ်စွာပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် မဟုတ်သောကြောင့် အဆိုပါ အစီရင်ခံစာအားဆန့်ကျင်ကန့်ကွက်လိုက်ပါသည်။
သို့ဖြစ်၍ ဒု-ချီးရားတန်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှ ုအမှန်တရားကို ဖော်ထုတ်နိုင်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖြင့် လွတ်လပ်စွာ ဆောင်ရွက်ရန်ျနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘဝလုံခြုံမရှိသော ရိုဟင်ဂျာလူမျိုးစုတို့အား အကာအကွယ်ပေးရန် ARNO မှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအား တောင်းဆိုလိုက်ပါသည်။
အသေးစိတ် သိရှိလိုပါက-
နုရုလ်အစ္စလာမ် (+၄၄ ၇၉၄၇ ၈၅၄၆ ၅၂)
ဟာဘီဘုရ်ရဟ်မန် (+၈၈၀ ၁၈၁၇၀၁၂၉၂၉)
အီးမေလ်-info@rohingya.org
www.rohingya.org
သို့ ဆက်သွယ်နိုင်ပါသည်။