ဖေဖေါ်ဝါရီလ ၂၁ ၊ ၂၀၁၈ ခုနှစ်။
ထုတ်ပြန်ချက်။

မြန်မာစစ်တပ်သည် ရိုဟင်ဂျာတွေကို ဆန့်ကျင်ရာ၌ မုဒိမ်းကျင့်ခြင်းကို လက်နက် အဖြစ်သုံးကြောင်း – အစီရင်ခံစာသစ်။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများကို ဆန့်ကျင်သည့် “နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး” တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရည်ရွယ်ချက်ရှိရှိ စံနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်း အထောက်အထား ဖေါ်ပြသည့် ဤအစီရင်ခံစာကို ကုလာတန်သတင်းကွန်ယက်မှ ယနေ့ထုတ်ပြန်လိုက်သည်။“မုဒိမ်းကျင့်မိန့်” အစီရင်ခံစာသည် မုဒိမ်းအကျင့်ခံရပြီး လွတ်မြောက်လာသူ အမျိုးသမီး ၈ ဦးအပါအဝင် ဒုက္ခသည် ၃၆ ဦး၏ ထွက်ဆိုချက် အပေါ် အခြေခံ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း တလျှောက်ရှိ ရွာများမှ အမျိုးသမီးနှင့် မိန်းခလေး ၃၀၀ ကျော် ကို အစိုးရစစ်တပ်မှ မုဒိမ်းကျင့်သည့် သက်သေကို ဖေါ်ပြထားသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွါးသည် နေရာကို မြေပုံတွင် ဖေါ်ပြရာ၌ မောင်တောမြို့လည်းပါဝင်သည်။

မုဒိမ်းမှု အများစုမှာ သြဂုတ်လ ၂၅ ရက်မှစ၍ ရာချီသော စစ်သားများ ရွာထဲဝင်လာပြီး ရွာသားများကို ထင်ရာမြင်ရာ ပစ်ခတ်ခြင်း၊ နှိပ်စက် ညှင်းပမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ အိမ်များကို မီးရှို့ခြင်း စလုပ်သည့် အချိန်မှ စ ကျူးလွန်ခဲ့ကြ သည်။ အိမ်များထဲတွင်၎င်း၊ ထွက်ပြေးနေသောအခါ၊ သို့မဟုတ် ရွာထဲတွင် အစုလိုက်ဝိုင်း ဖမ်းထားခြင်းခံရစဉ် အမျိုးသမီးနှင့် မိန်းခလေး များကို မုဒိမ်းကျင့်ကြသည်။ ဆယ်ဂဏန်း များစွာရှိသော အမျိုးသမီးနှင့် မိန်းခလး တို့မှာ မေယူတောင်တန်းကိုကျော်၍ ဘင်္ဂါလားဒေရှ့် နယ်စပ် ဘက်ပြေးလာစဉ် မုဒိမ်းကျင့်ခံကြရသည်။

စစ်သားတို့က အုပ်စုလိုက် ဗြောင် မုဒိမ်းကျင့်ကြသည်။ တခြားစစ်သာများ အရပ်သာများ ရှေ့တွင်ပင် ကျူးလွန်ကြ သည်။ ဤသည်မှာ သူတို့အတွက် အရေးယူခြင်းမှ ကင်းလွတ်ကြောင်း စိတ်ချနေပုံ ရသည်။ မုဒိမ်းကျင့်ရန် အတွက် အမျိုးသမီးများကိုလည်း စစ်စခန်းများတွင် ဖမ်းဆီးထားသည်။

မုဒိမ်းအပြင် တခြား ရက်စက်သည့် နှိပ်စက်သည်နည်းများကိုလည်း သုံးသေးသည်။ သွားဖြင့်ကိုက်ခြင်း၊ ရိုက်နှက်ခြင်း၊ ဒါးဖြင့်မွှန်းခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်းတို့ကို လုပ်ခဲ့သည်။ နေရာ ၁၂ ခုတွင် ငယ်ရွယ် သည့် မိန်းခလေးများ အပါအဝင် မုဒိမ်းကျင့်ခံရသူများ အသတ်ခံရသည်။ ရက်စက်စွာ လှီးဖြတ်ခံရသော ဒဏ်ရာများ ကြောင့် သေဆုံးကြရသည်။

“ ရိုဟင်ဂျာ ဖြစ်ခြင်းကြောင့်ပင် အမျိုးသမီးနှင့် မိန်းခလေးတို့ဟာ မုဒိမ်းအကျင့်ခံရ၊ ကိုယ်အင်္ဂါ ဖြတ် တောက် ခံကြ ရတယ်။” ဟု အဓိက သုတေသီ မစ္စ ရာဇီယာ စူလတန်နာမှ ပြောဆိုသည်။ “လူမျိုးတုန်းစေရေး အတွက် မုဒိမ်းကျင့်မှု ကို လက်နက်လို အသုံးချတာ”။

အစီရင်ခံစာက မြန်မာအစိုးရအား စစ်တပ်ကို မျက်စိမှိတ် မကာကွယ်ဖို့နှင့် အရပ်သားတွေအပေါ် အစီအစဉ်ရှိရှိ လုပ်ဆောင်နေသည့် မုဒိမ်းမှု အပါအဝင် တခြား နှိပ်စက်မှုတို့အတွက် စစ်တပ်အာဏာပိုင် တစုလုံးကို တာဝန် ယူခိုင်းရန် တိုက်တွန်းထားသည်။

“ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းခလေးများ ခံစားရသည့် တုန်လှုပ် ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တွေက မပြောပြ နိုင်လောက်အောင် ဆိုးဝါးလွန်းတယ်။ အခုတော့ အမိန့်ပေးတဲ့ သူတွေကို တာဝန်ခံခိုင်းရတော့မယ်။” ဟု မစ္စ ရာဇီယာက ပြောသည်။

အစီရင်ခံစာကို ဝက်ဖ်ဆိုက်တွင် ကြည့်နိုင်ပါသည်။ ( အင်္ဂလိပ် ၊ မြန်မာ ဘာသာဖြင့် ဖေါ်ပြထားသည်။)

အစီရင်ခံစာကို အပြည်ံအစုံ ဖတ်ရှု လိုပါက ဤနေရာတွင် နှိပ်ပါ။

ဆက်သွယ်ရန် – ရာဇီယာ စူလတန်နာ – + ၈၈၀ ၁၈၁၈၄၆၆၀၇၈ ( အင်္ဂလိပ် ဘာသာ)
တင်စိုး – +၈၈၀ ၁၇၁၄၃၈၁၁၁၀ ( မြန်မာ ၊ အင်္ဂလိပ် ဘာသာ)