ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် “နယ်မြေရှင်းလင်းရေး” လုပ်စဉ် မြန်မာ လုံခြုံရေးတပ်များ က ကျူးလွန်သည့် တုန်လှုပ်ခြောက်ခြားဖွယ် ဖိနှိပ်ရက်စက်ပုံ အသေးစိပ်နှင့် တာဝန်ရှိသူတို့၏ ဖုံးကွယ်မှုကို ထုတ်ဖေါ်သောပေးသည့် ဒုက္ခသည် ရိုဟင်ဂျာ အမျိုးသမီးများ၏ ပြောပြချက်များကို အခြေခံထားသည့် အစီရင်ခံစာသစ် တခုဖြစ်ကြောင်း ကုလားတန် သတင်းကွန်ယက်မှ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။ကုလားတန် သတင်းကွန်ယက်မှ ထုတ်ပြန်သည့် “တုန်လှုပ်ခြောက်ခြားဖွယ်ရာ သက်သေများ” အစီရင်ခံစာသည် မောင်တော ဒေသ မြောက်ပိုင်းရှိ ရွာ ၉ ရွာမှ အမျိုးသမီး ၂၁ ဦး၏ ပြောဆိုချက်ကို အခြေခံထားသည်။

၎င်းအမျိုးသမီးများသည် ၂၀၁၆ အောက်တိုဘာလ စစ်ဆင်ရေးလုပ်စဉ်မှစ၍ ဘင်္ဂါလားဒါရှ် နိုင်ငံသို့ ပြေး လာကြသူများ ဖြစ်သည်။ ဤမေးမြန်းချက်ကို ဘင်္ဂါလားဒါရှ် အခြေစိုက် ရိုဟင်ဂျာ အမျိုးသမီးရှေ့နေ ရာဇီယာ စူလတန်နာ နှင့် အတူ ရိုဟင်ဂျာ သတင်းဌာန- ကုလားတန် သတင်းကွန်ယက်က လုပ်ဆောင်ခဲ့သည်။

အမျိုးသမီး အားလုံးနီးပါး၏ လင်ယောက်ျားများသည် မြန်မာစစ်တပ် မှ သတ်ဖြတ်ခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ကြရသည်။ တချို့မှာ လူ ၄၀ ထက်ပိုသော အစုလိုက် အသတ်ခံရမှုတွင် ပါသွားကြသည်။ ဤအမျိုးသမီး တဝက်၏ ကလေးများမှာ ရက်ရက်စက်စက် ခြောက်လှန့်ပြသည့် သတ်ပြခြင်းမျိုး ခံကြရသည်။ မွေးကင်းစ ခလေးများ၊ ကလေးငယ်များကို အရှင်လတ်လတ် မိးပုံထဲ ပစ်ထည့်ခြင်း၊ နှင်းသတ်ခံရခြင်း၊ မျက်စေ့ရှေ့တွင် ပစ်သတ်ခံရခြင်း၊ လည်ဖြတ်ခံရခြင်းများတွေ့ကြရသည်။

ပြောပြသူများက မြန်မာစစ်တပ်သည် အနည်းဆုံး အမျိုးသမီး ၇၀ ကို မုဒိမ်းကျင့်ပုံကို ပြောပြကြသည်။ အထူးသဖြင့် ရွာပြင် ကွက်လပ်များတွင် သေနတ်နှင့် ချိန်၍ စုဝေးထားစဉ်ဖြစ်သည်။ အမျိုးသမီးများ၊ မိန်းကလေးများကို ဆွဲခေါ်၍ အနီးရှိ အိမ်များ၊ လယ်ကွင်းများ၊ တောများ၊ စစ်စခန်းများတွင် မုဒိမ်းကျင့်ကြသည်။ မုဒိမ်းကျင့်ခံရသူ အနည်းဆုံး ၆ ဦး အသတ်ခံရသည်။ တချို့မှာ ရက်စက်စွာ ကိုယ်ခန္ဓာများ လှီးဖြတ်ခံရသည်။

မတူသည့်ရွာများမှ အမျိုးသမီးများ၏ ပြောပြချက်များသည် တူညီနေပြီး ထိုသို့ နှိပ်စက် သတ်ဖြတ်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် အရပ်သားများအပေါ် လုပ်ဆောင်သည်မှာ ထင်ရှားသည်။ သက်သေများက ထိုပြစ်မှုများကို စံနစ်တကျ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြသသည်၊ အပြည့်အ၀ တာဝန်ယူရမည်။

အစီရင်ခံစာတွင် ပြစ်မှုများကို တရာဝင်ဖုံးကွယ်ထားသည်ကိုလည်း ဖေါ်ပြသည်။ မြန်မာစစ်သား များက ရွာသား များကို ဝိုင်းထားပြီး ဗွီဒီယို ကင်မရာရှေ့တွင် ထိုရက်စက်မှုတို့ကို ရိုဟင်ဂျာ စစ်သားများက လုပ်သည် ဟု အဓမ္မ ထွက်ဆိုခိုင်းသည်။

“အဆင့်တိုင်းမှာ အစီအစဉ်ရှိရှိ ဖုံကွယ်ထားတယ်။” ဤအစီရင်ခံစာအတွက် မေးမြန်းပေးသူ ရိုဟင်ဂျာအမျိုးသမီး ရှေ့နေ ရာဇီယာ စူလတန်နာ ကပြောသည်။

“ဒီရက်စက်မှုတွေကို မြန်မာအစိုးရက ငြင်းကွယ် နေတာကို ရပ်ရမယ်။ သူတို့၏စစ်တပ်ကို သူတို့ တာဝန်ခံရမယ်။”

“အမျိုးသမီးများက ရဲဝင့်စွာဖြင့်ပြောပြလိုက်ပါပြီ – ကမ္ဘာက ကြားနိုင်ကြပါစေ။ ” ရာဇီယာ ကဆိုသည်။

ဤအစီရင်ခံစာအပြည့်အစုံကို ကုလားတန်သတင်းဌာန၏ ဝတ်ဆိုဒ်တွင်၎င်း၊ ဤနေရာတွင်၎င်း ဖတ်ရှုနိုင် ပါသည်။

 

ဤအစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုလိုပါက ဤနေရာတွင် နှိပ်ပါ။