အာရ်ကာန် ရိုဟင်ဂျာ အမျိူးသား အဖွဲ့ချုပ်
အာရ်ကာန်၊ မြန်မာပြည်

၂၀၁၂ ခုနှစ်၊ နိုဝင်ဘောလ ၂၄ ရက်
လွတ်လပ်သော အာရှ အသံ မှ ထုတ်လွှင်သော သတင်းအပေါ် အေအာရ်အန်အို မှ ကန့်ကွက်ရှုတ်ချ

နိုဝင်ဘာ ၂၁ ရက်နေ့ လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီစဉ်မှ ထုတ်လွှင်သောသတင်း –
“မြန်မာနဲ့ဘင်္ဂလားဒေ့ရ်ှနယ်စပ် နေ့ချင်းပြန်သွားလာမှု တင်းကြပ်လိုက်ပြီ” ခေါင်းစဉ်အောက်တွင် “မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ဝန်ထမ်း ၃ ဦးကို အာရ်ကန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး ARNO က ဖမ်းဆီး ထားတယ်လို့ ယူဆတဲ့ အတွက် မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ တက္ကနက်မြို့တို့ အကြား နေ့ချင်းပြန် သွားလာမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စပြီး မြန်မာဘက်ရှိ နယ်စပ် အဝင်အထွက်ရုံး ကို အကန့်အသတ်မရှိ ပိတ်ဆို့ လိုက်တယ် လို့ သိရပါတယ်။” ဆိုသည့် ကို အေအာရ်အန်အို အနေဖြင့် ပြင်းပြင်းတန်တန် ရှုတ်ချ ကန့်ကွက် သည်။မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ဝန်ထမ်း ၃ ဦးကို ဖမ်းဆီးထားသည့် ဆိုရာတွင် အေအာရ်အန်အို အနေ့ဖြင့် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ပတ်သက်မှုမရှိပါ။ အေအာရ်အန်အို ၏ ဂုဏ်သိက္ခ ကျဆင်းစေရန် နိုင်ငံရေးအရ လံကြုပ် လုပ်ဇာတ်ခင်းပြီး ထုတ်လွှင်သည့် သတင်းဖြစ်သည့်အတွက် ပြင်းပြင်းတန်တန် ကန့်ကွက်သည့် အပြင် လွတ်လပ်သော အာရှအသံ အနေဖြင့် သက်သေ အထောက်အထားများ ပြသပါရန် တောင်းဆိုသည်။

ထို့ပြင် အေအာရ်အန်အို သည် ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်တွင် ရပ်တည်သော နိုင်ငံရေး အဖွဲ့အစည်း တခု ဖြစ်ကြောင်း၊ ရိုဟင်ဂျာများ ပြဿနာကို နိုင်ငံတကာ ပူးပေါင်းမှုဖြင့် ငြိမ်းချမ်းစွာ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်သည်။

အပြည့်အစုံ သိရှိရန် နှင့် ဆက်သွယ်ရန်။

နူရ်အီစ္စလာမ် ဖုံး ။ + ၄၄ ၇၉၄၇၈၅၄၆၅၂