ကိုမင်းထွန်း (ရန်ကုန်)

ကျွန်တော်ရဲ့ လေ့လာတွေ့ရှိချက်တွေ ကို ချမရေးခင် ဦးစွာပထမ စာဖတ်သူတွေ သိအောင် ကျွန်တော် အနေ နဲ့ ပြောစရာလေး အနည်းငယ်ရှိနေလို့ ပြောခွင့်ပြုပါလို့ ခွင့်ပန်ပါရစေ။

ကျွန်တော်ဟာ ရိုဟင်ဂျာလူမျိုးစုတွေကို ထောက်ခံနေသူ လုံးဝမဟုတ်ပါဘူး၊ ကန့်ကွက် ဆန့်ကျင်နေသူ တစ်ဦးလည်း မဟုတ်ကြောင်းဆိုတာ စာဖတ်သူများအနေနဲ့ သိစေချင်ပါတယ်။ အမှန်တရားကို မြတ်နိုးသူ ပီပီ ရှာတွေ့ သမျှကို အမှန်အတိုင်း ဖေါက်သည် ချပေးခြင်းသာဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါတယ်။ရိုဟင်ဂျာလူမျိုးအကြောင်း၊ ၎င်းတို့၏ သမိုင်းဆိုင်ရာအကြောင်းအရာများနှင့် ယင်းလူမျိုးတို့၏ ဇစ်မြစ်ကို မလေ့လာဘဲ မနေနိုင်လောက်အောင် တွန်းအားပေးနိုင်ခဲ့တဲ့ အဓိကအချက်ကတော့ အင်တာနက် စာမျက်နှာ ကို ဖွင့်ကြည့်တိုင်း ဖွင့်ကြည့်တိုင်း ရိုဟင်ဂျာတွေကို ဆန့်ကျင်နေသူ လူတစ်စုနဲ့ တခြားတဖက်မှာ ရိုဟင်ဂျာ တွေကို ထောက်ခံနေသူလူတစ်စု ယင်းလူနှစ်စုတို့၏ အငြင်းအခုံကြောင်း ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံ မှာ တကယ်ရှိနေသလား ရှိခဲ့ဖူးသလား ဆိုတာကိုလေ့လာဖြစ်သွားအောင် တွန်းအားပေးခဲ့သော ကြောင့် (လ)ပေါင်းများစွာ အချိန်ပေးကာ ရိုဟင်ဂျာလူမျိုးနဲ့ ဆက်နွယ် ပက်သက်နေသမျှ စာအုပ်စာပေတိုင်း ကို အလွတ်မပေးဘဲ လေ့လာ မှတ်သားခဲ့မိပါတယ်။

ထို့သို့ရှာဖွေလေ့လာရာတွင် ရိုဟင်ဂျာဆန့်ကျင်သူတွေက ထုတ်ဝေထားသောစာအုပ် စာပေတိုင်းကို ဖတ် ခဲ့ရပြီ၊ တဖန် ရိုဟင်ဂျာထောက်ခံသူတွေက ထုတ်ဝေသော စာအုပ် စာပေတွေကိုလည်း ဖတ်ကာ လေ့လာ မှတ်သားမိပါတယ်။ ပြီးတော့ ရိုဟင်ဂျာဆန့်ကျင်းသူ နှင့် ထောက်ခံသူ နှစ်ဖက်စလုံးနဲ့ မသက်ဆိုင်သော ကြားလူ၊ ကြားအဖွဲ့အစည်း၊ ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများ၊ လွတ်လပ်ရေးမတိုင်မီ နှင့် လွတ်လပ်ရေး နောက်ပိုင်း တက်လာတဲ့အစိုးရအဖွဲ့အစည်းတို့မှ ရေးသားထုတ်ဝေခဲ့သော စာအုပ်စာပေ စသည့် စသည့် စာအုပ်ပေါင်းများစွာကို ကြိုးစား ရှာဖွေပြီးမှ ရရှိခဲ့သော ရိုဟင်ဂျာလူမျိုးတို့၏ မှတ်တမ်း မှတ်ရာများကို စာဖတ်သူများသိရှိရန် ရေးသားချပြခြင်းဖြစ်ပါတယ်။

လူတတ်ကြီးလုပ်ကာ ရေးခြင်းမဟုတ်ဘဲ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့သော ရလဒ်အချို့ကို
အမှန်အတိုင်း ရေးသားခြင်းသာဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိလှ တယ် မဟုတ်ပါလား။ ရိုဟင်ဂျာလူမျိုးနဲ့ပက်သက်ပြီ ငြင်းနေခုန်နေကြရတဲ့ အဓိကကျသော အချက်တွေကို အောက်ပါအတိုင်း ကျွန်တော့်ရဲ့ ရှာဖွေတွေ့ရှိချက်တွေဖြင့် နှိုင်းယှဉ် ရေးသားထားတာတွေကို တွေ့ရမှာပါ အဲဒါတွေကို ဖတ်ပြီးသွားရင် စာဖတ်သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ရဲဝံ့စွာ ရေးသားပေးခဲ့ကြပါ။

(၁) ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ရိုဟင်ဂျာဆန့်ကျင်းရေး လှုပ်ရှားသူတွေက စွပ်စွဲထားသည်။

(ကျွန်တော့်၏ လေ့လာတွေ့ရှိချက်)
၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီ မြန်မာနိုင်ငံ အသံလွှင့်ဦးစီးဌာနမှ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုရဲ့ မိန့်ခွန်းပြောရာတွင် ရခိုင်ပြည်နယ်တွင် နေထိုင်နေသော ရိုဟင်ဂျာ လူမျိုးများသည် အခြား ဒေသများ တွင် နေထိုင်နေတဲ့ မြန်မာ့တိုင်းရင်းသားများကဲ့သို့ တိုင်းရင်းသား မျိုးနွယ်တစ်စု ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ခြင်းကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာလူမျိုး ဆိုတာ မြန်မာ့တိုင်းရင်းသား စစ်စစ်ဖြစ်ကြောင်း အတိအကျ ပြောလိုနိုင်တယ်။

(၂) ရိုဟင်ဂျာလူမျိုးများသည် အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဘင်္ဂလာဒေ့ရှ်မှ မြန်မာနိုင်ငံသို့ခိုးဝင် အခြေချ နေထိုင် လာကြောင်း ရိုဟင်ဂျာဆန့်ကျင်းသူတွေက စွပ်စွဲထားသည်။

( ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက် )
ရိုဟင်ဂျာလူမျိုးများသည် အင်္ဂလိပ်ကိုလိုနီခေတ် မတိုင်ခင် ရှေးရခိုင်ဘုရင်များ ရှိစဉ်ကတည်းက ရခိုင် အမျိုးသားများနှင့် ရိုဟင်ဂျာတို့သည် ရာထူးအမျိုးမျိုးဖြင့် ရခိုင် ဘုရင်များ ထံတွင် အမှူးထမ်းများ လုပ်လာခဲ့ ကြောင်း သမိုင်း အထောက်ထားများအရ တွေ့ရလေ၏။ ရခိုင် တိုင်းပြည်သည် ဗမာ အမျိုးသားတို့၏ လက်အောက်ခံ ကိုလိုနီ မရောက်ခင်ကတည်းက ရိုဟင်ဂျာ လူမျိုးဆိုတာ ရခိုင်ပြည်နယ်မှာ ရှိခဲ့ကြောင်း တွေ့ရ ၏။ တဖန် အင်္ဂလိပ်ကိုလိုနီခေတ်က ရိုဟင်ဂျာတို့က အင်္ဂလိပ်တပ်ကို ထောက်ခံ၊ ရခိုင် အမျိုးသားတို့က ဂျပန်ကိုထောက်ခံခဲ့မှုကြောင့် ၁၉၄၂ ခုနှစ်မှာ အင်္ဂလိပ်နှင့် ဂျပန်တို့၏ ပယောဂကြောင်း ရခိုင်အမျိုးသား များနှင့် ရိုဟင်ဂျာအမျိုးသားများကြား လူမျိုးရေး အဓိကရုဏ်ကြီးဖြစ်ကာ အပြန်အလှန် သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည်။ ယင်း အချက်အလတ်တွေကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာ လူမျိုးတွေဟာ ၎င်းတို့ကို ဆန့်ကျင် နေသော လူတစ်စုက ပြောနေသကဲ့သို့ အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဝင်လာတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ ယုတ္တိ မရှိတဲ့ ပြောဆိုမှုသာဖြစ်နေလေ၏။

( ၃ ) ဘူးသီးတောင်နှင့် မောင်းတောမြို့ များတွင် ရိုဟင်ဂျာလူမျိုး အဆမတန်တိုးပွား လာခြင်းသည် ဘင်္ဂလာဒေ့ရှ်ဖက်မှ ခိုးဝင်လာခြင်းကြောင်းဟု ရိုဟင်ဂျာ ဆန့်ကျင်းရေး လှုပ်ရှားသူတွေက စွပ်စွဲထားသည်။

( ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက် )
ဘူးသီးတောင်၊ မောင်းတော ဒေသများတွင် ရိုဟင်ဂျာ လူမျိုးများ များလာ ရခြင်းက အချက် ၂ ချက်ကြောင့် ဖြစ်တယ်။

နံပါတ်(၁) ၁၉၄၂ ခုနှစ် ရခိုင် ရိုဟင်ဂျာ လူမျိုးရေး အဓိကရုဏ် ဖြစ်တုန်းက ကျောက်တော၊ မြေပုံ၊ ရန်ဗြဲး၊ ရသေ့တောင် စသည့် ရခိုင်ပြည်နယ်၏ အခြားအခြားသော မြို့များတွင် နေထိုင်နေတဲ့ လူနည်းစု ရိုဟင်ဂျာ အိမ်ထောင်စုတွေဟာ ရခိုင်တို့၏ သတ်ဖြတ်ခြင်းကို မခံရလေအောင် ရခိုင်ပြည်နယ် အနှံ့အပြန့်မှ ရိုဟင်ဂျာ လူနည်းစုတို့သည် ထွက်ပြေးကာ ဘူးသီးတောင်နှင့် မောင်းတောမြို့များတွင် နေထိုင်နေသော ၎င်းတို့၏ လူမျိုးစု ရိုဟင်ဂျာများနှင့် ပေါင်းစည်းကာ ရခိုင်အမျိုးသားတို့၏ ရန်ကို ပူးပေါင်း ကာကွယ်ခဲ့ကြသည်။ သတ်ဖြတ်မှုတွေ အဆုံးသတ်သွားသော်လည်း ၎င်းတို့ စွန့်ခွါခဲ့သော မြို့များသို့ မပြန်ရဲတော့သဖြင့် သူတို့ ရောင်ရင်းများ ဖြစ်သော ဘူးသီးတောင်၊ မောင်းတော က ရိုဟင်ဂျာ အမျိုးသားများနှင့် အတူ ထို့ဒေသ များတွင် အခြေချ နေထိုင် လာခဲ့သော အတွက်ကြောင့် ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသ တစ်လျှောက် လူဦးရေများ သည်ဟု ထင်နေခြင်း ဖြစ်သည်။ ၁၉၄၂ ခုနှစ်တုန်းက ကျောက်တောမြို့မှ ထွက်ပြေး လွှတ်မြောက်လာသူ အဘိုးအိုး တစ်ဦး၏ ပြန်လည် ပြောပြချက်ကို ကိုးကားပြီး ဘူးသီးတောင်မြို့ NGO တစ်ခုတွင် အလုပ် ဝင် လုပ်နေသော ကျွန်တော်၏ ငယ်သူငယ်ချင်းဖြစ်သူ တစ်ဦးထံမှ သိရှိခဲ့ရပါသည်။

နံပါတ် (၂) ၁၉၇၈ ခုနှစ် နဂါးမင်းစီစစ်ရေး အတွင်း ရခိုင်ပြည်နယ် အရပ်ရပ်မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည် အဖြစ် ထွက်ပြေး ထိမ်းရှောင်သူ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ပြန်လည်ခေါ်ယူကာ ဘူးသီးတောင် နှင့် မောင်တောမြို့များတွင် နေရာချထားပေးခဲ့သဖြင့် နောက်ထက် များပြားလာခြင်းဖြစ်တယ်။ ၁၉၇၈ ခုနှစ်တုန်းက ဒုက္ခသည်အဖြစ် ဘင်္ဂလာသို့ ထွက်ပြေးတိမ်းရှောင်နေသူအချို့ဟာ ၎င်းတို့၏ ဇာတိမြေ ရခိုင်ပြည်နယ်ကို အခုချိန်ထိ မပြန်သေးဘဲ နယ်စပ်ဒုက္ခသည် စခန်းများတွင်နေထိုင်နေတဲ့ အကြောင်း ဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံအစိုးရ၏ ပြန်လည်ခေါ်ယူခြင်းကို ခံရသူတချို့ ၏ပြောပြခြင်းဖြင့် ကျွန်တော့် သူငယ်ချင်းက သိရှိခဲ့ရ တယ် ဆိုတဲ့ အကြောင်း ကျွန်တော်ကိုပြန်ပြောပြခဲ့တယ်။

(၃) ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကြီး ပေါ်ပေါက်လာပြီး နောက်ပိုင်း ယနေ့အချိန်ထိ မြန်မာနိုင်ငံ အတွင်းက ပြည်သူတွေဟာ စားဝတ်နေရေး အကြပ်အတည်းကြောင့် ရခိုင်ပြည်နယ်ထဲက လူတွေ အပါ အဝင် တစ်နိုင်ငံလုံးက ပြည်သူတွေ နိုင်ငံရပ်ခြားသွားပြီ ရရာ အလုပ်ကိုလုပ်ကာ ဝမ်းရေးအတွက် ဖြေးရှင်းနေရတဲ့ ကာလတွေမှာတောင် ဘင်္ဂလာဒေ့ရှ်က လူတွေခိုးဝင် နေထိုင်နေတယ်ဆိုတာ ဖြစ်နိုင်ပါ မလား၊ ဒါဟာလုံးဝကို မှားယွင်းတဲ့ စွပ်စွဲချက်လို့ကျွန်တော်မြင်တယ်။

၁၉၆၂ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းကတည်းက မြန်မာနိုင်ငံရဲ့ လူဦးရေစစ်တမ်းကို တရားဝင် ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့တယ်။ ကျွန်တော်အဖေက အဘိုးကို မေးခဲ့တယ် မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက် ရှိသလဲတဲ့။ အဘိုးက ပြန်ဖြေးခဲ့တယ်( သန်း ၆၀ )တဲ့။

လွန်ခဲ့တဲ့ တပတ်လောက်က အဖေကို ဒီမေးခွန်းဘဲ ကျွန်တော်ပြန်မေးခဲ့တယ် မြန်မာနိုင်ငံမှာ လူဦးရေး ဘယ်လောက်ရှိသလဲ အဖေပြန်ဖြေခဲ့တာလဲ (သန်း၆၀)ပါပဲ။ နောက်လာမည် နှစ်ပေါင်း မြောက်များစွာထိ မြန်မာနိုင်ငံရဲ့ လူဦးရေးဟာ သန်း ၆၀ မှာဘဲ ရှိနေအုံးမှာပါ။ သိပ်မကြာတောတဲ့ ကာလ တစ်ခုမှာ ကျွန်တော် တို့ရဲ့ သားသမီးတွေ ကလည်း မြန်မာနိုင်ငံလူဦးရေး အကြောင်းမေးလာရင် သန်း ၆၀ လိုဘဲ ပြန်ဖြေမိကြမှာ ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နှစ်စဉ် လူဦးရေး တိုးပွားနေတာကို အစိုးရ နှင့် ပြည်သူက သိကြပေမဲ့ ကျွန်ုပ်တို့ နိုင်ငံမှာတော့ဖြင့် သန်း ၆၀ ကနေ မတိုးနိုင်တော့ဘူး။ လူဦးရေးပြဿနာ ဆိုတာ အစိုးရ လ ဝ က ဌာနနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့အတွက် ယင်းအဖွဲ့အစည်းကို ဦးဆောင်သူတွေမှာ လူဦးရေးစာရင်းမှန် ပြုစုကာ ပြည်သူကို ချပြသင့်တယ် ထို့သို့မပြုလုပ်ဘဲ၊ လွှတ်တော် အခန်းဝမှနေ၍ ထို့ဒေသမှာ လူဦးရေးများနေတယ် ဘာဖြစ်နေတယ် ညာဖြစ်နေတယ်လို့ ပြောချင်းတိုင်း ပြောကာ အဆုံးသတ်လိုက်ခြင်းကို ကြည့်ခြင်းဖြင့် လူဦးရေးကိစ္စဆိုတာ တမင်အကြောင်းပြချက်သာ ဖြစ်နေကြောင်း ကျွန်တော်သုံးသပ်မိတယ်။

( ၄ ) ဦးနုအစိုးရက ရိုဟင်ဂျာတွေရဲ့ ထောက်ခံမှုကိုရရန် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ခဲ့ကြောင်းဟု ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားသူလူတစ်စုက စွပ်စွဲထားသည်။

( ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက် )
မြန်မာနိုင်ငံသည် အနှောင်းအဖွဲကင်း၍ သီးခြားလွတ်လပ်ပြီး နောက်ပိုင်း ပြည်သူလူထုရဲ့ သဘော ဆန္ဒ အတိုင်း ပြည်သူ လူထုက ရွေးချယ် တင်မြှောက်ထားသော အစိုးရတစ်ရပ်က ‘ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံတွင်းက အခြားတိုင်းရင်းသား လူမျိုးများကဲ့သို့ လူနည်းစု တိုင်းရင်းသား တစ်စုဖြစ်ကြောင်း’ တိုင်းသိ ပြည်သိ ရေဒီယိုမှ မိန့်ကြားခြင်းဖြင့်လည်းကောင်း ၊ ရိုဟင်ဂျာ လူမျိုးနွယ်စုတို့၏ ဓလေ့ ရိုးရာ၊ ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများ နှင့် တန်းတူ ရေဒီယိုမှ တရားဝင်ထုတ်လွှင့်ခွင့် ပေးခြင်းဖြင့် သော်လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် ပညာရေး ဝန်ကြီးဌာနမှ ပုံနှိပ် ထုတ်ဝေသော အထက်တန်း ကျောင်းသုံး ပထဝီစာအုပ် စာမျက်နှာ (၈၆) တွင် ဖေါ်ပြ ထားသော တိုင်းရင်းသား လူမျိုးများ ပြန့်နှံ့နေထိုင် မြေပုံတွင် ရိုဟင်ဂျာ လူမျိုးနွယ်စုတို့၏ နေထိုင်ရာ ဒေသများ ကို ရခိုင်ပြည်နယ်ရှိ မြို့အမည်များဖြင့် တကွ ယှဉ်တွဲ ဖေါ်ပြပေးခြင်းတို့ကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာ လူမျိုး နွယ်စုတွေဟာ မြန်မာနွယ်ဖွား တိုင်းရင်းသား စစ်စစ်ဖြစ်နေတာကို တွေ့နေရသည်။ ဝန်ကြီးချုပ် ဦးနုက ရိုဟင်ဟင်ဂျာတွေရဲ့ ထောက်ခံမှုရရန် တိုင်းရင်းသား အဖြစ် သက်မှတ်သည်ဟု ယူဆရရင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာပြီး တိုင်းရင်းသားအဖြစ် သက်မှတ် ပေးတာကို ခံရတာ ရိုဟင်ဂျာ လူမျိုးတစ်စုတည်း မဟုတ်ပါဘူး အခြား လူနည်းစုတွေ အများကြီးရှိပါသေးတယ်။

ယင်းလူမျိုးစုတွေကို ကျတော့ တိုင်းရင်းသားမဟုတ်ဟု ငြင်းဆို ကန့်ကွက်ပေး နေသူတွေ မရှိကြတာကို တွေ့နေရတယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ အီစ္စလန်ဘာသာကို ကိုးကွယ် ယုံကြည်ခြင်းက သူတို့ရဲ့မဟာ အမှားကြီးဖြစ်နေတယ်ဟု မြန်မာအစိုးရ နှင့် ရိုဟင်ဂျာ ဆန့်ကျင်းသူတွေက ထင်မြင် ယူဆ နေကြတယ်လို့ ကျွန်တော် မြင်မိတယ်။

ရခိုင်ပြည်နယ်မှာ အခြား တိုင်းရင်းသား လူနည်းစု တစ်စုအဖြစ် ရှိနေတဲ့ လူမျိုးတစ်စု ရှိသေးတယ်၊ ၎င်းလူမျိုး အမည်မှာ (မာရမာကြီး) ဟုခေါ်သည်၊ ထိုလူမျိုးသည်လည်း ရိုဟင်ဂျာများ ပြောဆိုသော ဘာသာစကား နှင့် တထက်တည်း ပြောပြီး ဟိန္ဒူဘာသာကို ကိုးကွယ် ယုံကြည့်ကြတယ်။

မရမာကြီး လူမျိုးတို့၏ ရုပ်အသွင် သဏ္ဏာသည်လည်း ရိုဟင်ဂျာလူမျိုးများကဲ့သို့ တူညီပြီး မရမာကြီးလား ရိုဟင်ဂျာလား ဆိုတာခွဲခြားဖို့ အလွန် ခက်ခဲလှပါတယ်။ စစ်အစိုးရက သူတို့တွေကို ကျတော့ တိုင်းရင်းသား ဟု သတ်မှတ်ကာ တူညီတဲ့ လူမျိုး၂ စုကို ကိုယ်ကွယ်သည့် ဘာသာပေါ် အခြေခံပြီး တိုင်းရင်းသား နှင့် နိုင်ငံခြားသား ဟု ခေါ်နေခြင်းဟာ၊ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေက လူမျိုးစု တစ်စုကို သမိုင်း အခြေခံ လျော့နည်းမှုကြောင့် တိုက်ခိုက်နေတာ မဟုတ်ဘဲ ကိုးကွယ်သည့် ဘာသာကိုသာ အခြေခံပြီး တိုက်ခိုက် နေခြင်းဆိုတာ လူတိုင်းတွေ့ မြင်ရမှာပါ။

ကျွန်တော်အနေနဲ့ မြန်မာအစိုးရကို ပြောချင်နေတဲ့ စကားခွန်းပါးလိုက်ပါစေ အစိုးရရဲ့ လုပ်ရပ်တွေဟာ ကိုယ့်ပြည်သူတွေ ပေါ် အစွန်းရောက်လွန် နေပါတယ်။ ဦးနုအစိုးရက ရိုဟင်ဂျာတွေရဲ့ ထောက်ခံမှုကို ရရန် တိုင်းရင်းသားဟု သက်မှတ်ခဲ့တယ်ဆိုရင် စစ်အစိုးရက ရခိုင်အမျိုးသားတွေရဲ့ ထောက်ခံမှုကို ရရန် ရိုဟင်ဂျာကို နိုင်ငံခြားသား စွပ်စွဲ နေတာမဖြစ်နိုင်ဘူးလို့ မည်သူက အာမခံ ပြောနိုင်သလဲ။

မရမာကြီးလူမျိုး အကြောင်းပြောလို မရမာကြီး လူမျိုးများ အနေနဲ့ စိတ်မရှိကြပါနှင့်လို့ ပြောပါရစေ အကြောင်း ကိစ္စချင်း တိုက်ဆိုင် သွားလို့သာ နှုင်းယှဉ် ပြောပြခြင်းသာ ဖြစ်ကြောင်း နာလည်ပေးကြပါ။ ရန်ကုန်မှာနေတဲ့ မရမာကြီးလူမျိုးတွေ ဆံပင်ညှပ်ဆိုင လုပ်ငန်းကို လုပ်ကိုင်နေသူ အများအပြား ကျွန်တော်နဲ့ ရင်းနှှီးကြပါတယ်။
အထက်က ဖေါ်ပြလာခဲ့တဲ့ အကြောင်းအရာတိုင်းကို စေ့စပ် နှိုင်းယှဉ်ကြည့်ပါက ရိုဟင်ဂျာလူမျိုးစုဟာ
မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသား၊ မြန်မာလူမျိုးဆိုတာကို ယုံမှားသံသယ မရှိနိုင်ပါ။

ကျွန်ုပ်တို့ နိုင်ငံ လွတ်လပ်ရေး မရတုန်းကလည်း သူများ ကျွန်ပြုတာကိုခံခဲ့ပြီပြီး လွတ်လပ်ရေး ရပြန်တော့ လည်း အေးချမ်းစွာ အတူတကွ နေထိုင်နိုင်အောင် မကြိုးစားကြဘဲ တစ်စုနဲ့တစ်စု အပြန်အလှန် ကိုယ့် အချင်းချင်း သတ်ဖြတ် နေကြတယ်။ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုး တိုးတက်နေတဲ့ အခြားနိုင်ငံများနဲ့ အတူ အေးချမ်းစွာ နေထိုင်နိုင်တဲ့ ဘဝကို လိုချင်းရင် သူတို့လို စိတ်ထားမွေးရမည်။ လူသား အချင်းချင်း နစ်နာနိုင်စေတဲ့ လုပ်ရပ် မုန်းတီးခြင်းတွေ ကို စွန့်လွှတ်မှ သာလျှင် စစ်မှန်တဲ့ အေးချမ်းမှုကို ရကြမှာပါ။

(ကိုယ်ပြုသည့် ကံ ပဲ့တင်းသံ ကိုယ့်စီပြန်လာမည်တဲ့ ) လူတိုင်း လူတိုင်းဟာ ကိုယ်ပြုလိုက်တဲ့ အကျိုးဆက် ကိုဘဲ ကိုယ်ပြန် ခံစားခွင့် ရကြမှာပါ။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး အမှန်တရားကို မြတ်နိုးကာ အမှန် တရား အပေါ် အခြေခံတဲ့ စိတ်နှလုံးေတွေ ပိုင်ဆိုင်ကြပါစေ။