“နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာသွားလာခွင့် ကိစ္စရပ်များနဲ့ ပတ်သတ်တဲ့ အကြံပြု ချက်တွေဟာ ရခိုင်ပြည်သူလူထုက စိုးရိမ်နေမှုတွေရှိတယ်ဆိုတာ ကျွန်တော်တို့ကောင်းစွာသိရှိ ထားပါတယ်။ ဒါပေမယ့်လဲ ကော်မရှင်အနေနဲ့ အဲ့လိုထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်များကို ကိုင်တွယ်ဖို့ ရွေး ချယ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုချန်ရစ်ထားခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်၊ တကယ်တော့ မြန်မာတနိုင်ငံလုံးရဲ့ အနာဂတ်ဟာ နောက်ပြန်လှည့်လို့မရတဲ့ ပျက် ဆီးဆုံးရှုံးမှုတွေ ကြံုတွေ့နိုင်မယ်လို့ ကျွန်တော်တို့ အနေနဲ့ ယုံကြည်လို့ဖြစ်ပါတယ်”

“အစီရင်ခံစာထဲ အကြံပြုထားတဲ့ ပြောင်းလဲရေးဖြစ်စဉ်မှာ ရခိုင်ပြည်သူတွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ရေရှည်တိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းအားလုံးအကြား ယုံကြည်မှု တည်ဆောက်ရာမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံမှုကတဆင့် အပြောင်းအလဲ ရှိဖို့ လိုအပ်ကြောင်းကို သူတို့အနေနဲ့ လက်ခံယုံကြည်မှု ရှိရပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရခိုင်ပြည်နယ်ကိစ္စ ရှေ့ဆက်လှမ်းနိုင်ရေးအတွက် နိုင်ငံတွင်းကြိုးပမ်းအားထုတ်မှုတွေအပေါ်မှာရပ်တည်ပြီးတော့ ဘက်မလိုက်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်သင့်ပါတယ်။”

ရခိုင် အကြံ ပေး ကော်မရှင် ဥက္ကဌ ကုလအတွင်းရေးမှုးချုပ်ဟောင်း Kofi Annan က သတင်းစာရှင်းလင်းပွဲမှာ အခု လို ပြောသွားသည်။

အပြီးသတ် အစီရင်ခံစာ အပြည့်အစုံ ကို လေ့လာလိုပါက ဤနေရာတွင် နှိပ်ပါ။