ရိုဟင်ဂျာ အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအပေါ် ကျင့်သုံးလျက်ရှိသော အသားအရောင် ခွဲခြားဆက်ဆံရေး (Apartheid) သည် အပြည်ပြည် ဆိုင်ရာ အသိုင်းအဝန်းများအနေဖြင့် ပူပန်သောကရောက်သင့်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မူဆလင်များ အပေါ် အသားအရောင် ခွဲခြားရန်၊ မြန်မာပြည်တဝှမ်း စည်းရုံး လှုံ့ဆော် အသက်သွင်းလျက်ရှိသည့် “ရခိုင်အမျိုးသာများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” (RNDP ) အား အောက်တွင် လက်မှတ်ရေးထိုး ထားသည့် ပါတီအသင်းအဖွဲ့များမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။RNDP ပါတီ၏ ဇွန်လ ( ၂၆ ) ရက် ၊ ၂၀၁၂ ရက်စွဲ့ပါ ထုတ်ပြန်ကျေညာချက်ထဲတွင်– ရခိုင်ပြည်နယ်အတွင်း ကာလကြာရှည်စွာ ကတည်းကနေထိုင်လျက်ရှိသည့် ရိုဟင်ဂျာ လူမျိုး တစ်ရပ်လုံးအား “မတရား ကျူးကျော် ဝင်ရောက် လာသူ ဘင်္ဂါလီ လူမျိုး” ဟူ၍ စွတ်စွဲသည်။ ၎င်းအပြင် RNDP သည်၊ အဆိုပါကျေညာချက်တွင် ရခိုင်လူမျိုး ၊ ဗုဒ္ဓဘာသာဝင်များ နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တိုင်းနှင့် ကျေးရွာတိုင်းမှ ရိုဟင်ဂျာတို့အား ခွဲခြားခေါ်ထုတ်ပစ်ပြီး၊ နေရာ ဒေသ အသစ် တစ်ခုခုတွင် သီးသန့်နေရာ ချပေးရန် အစိုးရ နှင့် ပြည်သူတစ်ရပ်လုံးအား တိုက်တွန်း နိုးဆော်လိုက်ပါသည်။ ဆက်လက်၍ ယင်းတို့သည် ကမ္ဘာ့ ကုလသမဂ္ဂ နှင့် အခြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အထောက်အကူပြုမည့် အသင်းအဖွဲ့များအား အမြန်ဆုံး ညိုနှိုင်း တိုင်ပင်ပြီး၊ သတ်မှတ် ထားသည့် ကာလတို တစ်ခုအတွင်း မတရား ကျူးကျော် ဝင်ရောက် နေထိုင်သူ ဘင်္ဂါလီများ အား တတိယ နိုင်ငံတစ်ခုသို့ ပြောင်းလဲ နေရာချထားရန်လည်း တောင်းဆိုလိုက်ပါသည်။

လက်တလော ဖြစ်ပေါ်လျက်ရှိနေသည့် လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် ၊ ရိုဟင်ဂျာ လူထုအား သတ်ဖြတ် ချေမုန်းသည့် ပွဲတော်ကြီး ဖန်တီးရာ၌ စစ်တပ်၊ လုံထိန်း ၊ နစက ၊ ခိုင်မာစ္စာ လက်နက်တပ်ဆင်ထားသည့် ရခိုင် လက်နက်ကိုင်းများ (သို့) ရဲတပ်ဖွဲ့ဝင်များက ကျောထောက် နောက်ခံပြုသည့် အစ္စန်းရောက် ဗုဒ္ဓဘာသာဝင်၊ ရခိုင်အမျိုးသာများက ရာပေါင်းမျာစွာသော ရိုဟင်ဂျာမူဆလင်တို့အား သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရစေခြင်း၊ ဗလီဝတ်ကျောင်းတော်များနှင့် ကျေးရွာ အုပ်စုပေါင်း မြောက်များစွာတို့ကို ပျက်စီးခြင်း၊ ထောင်နှင့်ချီသော အိုးအိမ်များ မီးရှိူးပစ်ခြင်း၊ ထို့အပြင်တန်ဖိုးအားဖြင့် မဖော်ပြနိုင်လောက်သည့် ရိုဟင်ဂျာတို့ပိုင် ဥစ္စာ စည်းစိမ်များကို ခိုးဝှက်၊ လုယက်ခြင်းများ ပြုလုပ်လျက်ရှိရာ ကလေး သူငယ်များနှင့် အမျိုးသမီးများ အပါအဝင် အရွယ် မျိုးစုံ ရိုဟင်ဂျာ ကျား၊ မ တို့သည် အငတ်ဘေးကို ရင်ဆိုင်နေရသဖြင့် မခံမရပ်နိုင်ဖြစ်လျက် နတ်မြစ်ကို ကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့လေသည်။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းများမှ ဤမျှ အော်ဟစ် တောင်းဆို နေသည့် ကြားမှာပင်၊ ဘင်္ဂလားဒေ့ရှ် အစိုးရက ယင်းတို့၏ နယ်စပ်ကို တင်းကျပ်စွာ ပိတ်ဆို့ ထားမူကြောင့် အဆိုပါ ထွက်ပြေးလာကြသူများသည် နတ်မြစ် နှင့် ဘင်္ဂလားပင်လယ်အော် တလျှောက်တွင် ဒလဟော မျှောပါ သေဆုံး ခဲ့ရလေသည်။

ခိုင်လှုံသော အထောက်အထားများအရ- ၁၉၄၂ ခု နှစ်မှ စ၍ ရိုဟင်ဂျာ ဦးရေ ၁.၅ သန်းခန့်တို့သည် မိမိတို့ မွေးရပ် ရခိုင်ကို စွန့်ကာ ခြေဦးတည်ရာ အနယ်နယ်အရပ်ရပ်သို့ အသက်ကယ် ထွက်ပြေး ထိမ်းရှောင် ခဲ့ရလေသည်။ အပြန်အလှန်အားဖြင့် အဏာရှင်နေဝင်း၏ မဆလ (မြန်မာ့ဆိုရှယ်လစ်လစ်းစဉ်ပါတီ ) ခေတ်မှစ၍ နိုင်ငံတော် စီမံကိန်းတစ်ရပ်အဖြစ် ဘင်္ဂါလားဒေ့ရှ် နိုင်ငံမှ မောဂ် (ခ) ရခိုင်အမျိုးသား ထောင်ပေါင်းများစွာ တို့ကိုလည်း ရခိုင် ပြည်နယ်အတွင်း ပုံမှန်နေရာချပေး ၊ အခြေစိုက်နေထိုင်လျက် ရှိစေခဲ့သည်။ ထိုသူများ အထဲမှ မောဂ် အမျိုးသား အချို့သည် မြန်မာအစိုးရ၏ အရေးပါ အရာရောက်သည့် အဆင့်အထိ ပါဝင်ပါတ်သက်မှုများ ရှိနေပါသည်။ သို့ဖြစ်၍ ယင်းတို့ စွတ်စွဲ ပြောဆိုနေသည့်အတိုင်း မတရားကျူးကျော် ဝင်ရောက်နေထိုင်သူ ရိုဟင်ဂျာ ဟူ၍ မတွေ့ခဲ့ ရပေ။ ရခိုင်မောဂ် လူမျိုးများကိုသာ ပင့်ခေါ်လာခြင်း ဖြစ်ပါသည်။ သို့သော်လည်း ယခုကဲ့သို့ ပြောဆိုနေမူများ သည် နိုင်ငံရေးအရ နိုးဆော်မူနှင့် အစ္စလာမ် ဘာသာကို ရွံ့ရှာ ကြောက်ရွံ့မှုများ ရှိသည့် အယောင် ကြိုတင် အကွက် ဆင်ထားခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရာသည် လူမျိုးရေး အစွန်းရောက် ဝါဒီ ရခိုင် အမျိုးသားများ နှင့် ဘာသာ လူမျိုးခြားများအား မုန်းတီးရေးဝါဒီတို့က ဘင်္ဂါလားဒေ့ရှ်မှ အဆက်မပြတ် ဝင်ရောက် အခြေချ နေထိုင် လျက်ရှိသော မောဂ် အမျိုးသားများ အကြောင်းကို ဖုံးကွယ် ထားလို သောကြောင့်၊ ရိုဟင်ဂျာတို့အား ခုတုံးလုပ်၊ ဖန်တီး ထုတ်လွှင့် ပြောဆို နေမူများသာလျှင် ဖြစ်ပါသည်။ ယင်းတို့၏ အဓိကရည် ရွယ်ချက်မှာ “လွတ်လပ်သော ရခိုင်နိုင်ငံတော်ကြီး” ထူထောင်ရေး ဖြစ်ပြီး ရိုဟင်ဂျာတို့သည်၊ ယင်းတို့ အကြံအစည်တွင် ကြီးမားသည့် အတား အဆီး ဖြစ်သောကြောင့် ဖြစ်ပါသည်။

RNDP ၏ အငြိုးကြီးသော ပေကျံစည်းရုံး လှုံ့ဆော်မှု အစီအရီကြောင့် ယခုလူမျိုးရေး မီးတောက်မီးလျှံကြီး အရှိန်ရ လာခြင်းဖြစ်ပြီး ၊ ရိုဟင်ဂျာ နှိမ်နင်းရေး စတင်နေသည့်အချိန်မှ စ၍၊ ယင်းတို့သည် ပြည်တွင်း/ပြည်ပ၌ ရွံ့ရှား မုန်းတီးဖွယ် တရားဟောစည်းရုံးမူကိုလည်း တိုးချဲ့လုပ်ဆောင်လျက် ရှိနေပါသည်။ ဤရက်စက် ကြမ်းကြုတ်သည့် ကျူးကျော် တိုက်ခိုက်မူကြီးသည် RNDP ၏ လက်ရာပြောင်မြောက်သည့် အကြံအစည်ဖြစ်ပြီး၊ ဘာသာ လူမျိုးခြား များ အား မုန်းတီးရေးဝါဒီ ရခိုင်ပညာရှင်များ၏ ဖျောင်းဖျမူကြောင့် ခေါင်းမာသူ စစ်ခေါင်းဆောင်တို့ ကလည်း မသိကျိုးကျွံပြုခဲ့ကြောင်း၊ ကြီးမားစွာ ထင်ရှားလျက် ရှိနေပါသည်။ RNDP ၏ နိုင်ငံရေး ပေါ်လစီ ဖြစ်သော ရိုဟင်ဂျာ တို့အား “အတင်းနေရာပြောင်းရွေ့ခြင်း”နှင့် “တိုင်းပြည်မှ အတင်း နှင်ထုတ်ခြင်း”တို့သည်၊ ရခိုင် ပြည်နယ်တွင် ရခိုင် ဗုဒ္ဓဘာသာဝင်တို့၏ တကိုယ်တော် ဦးဆောင် ကြီးစိုးမှုကို ဖော်ဆောင်နိုင်ရန် ရည်စူးခြင်းဖြစ် ပါသည်။ ထိုအချက် သည် ရိုဟင်ဂျာတို့အား လုံးဝ ဥဿုံ ချေမုန်း သုတ်သင်သည့် လူမှုဆိုင်ရာပြစ်မှုကြီး(Crime Against Humanity) တစ်ရပ် ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းတို့၏ ထွက်ဆိုချက်ထဲတွင် လူ့အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်ပါ ခွဲခြားဆက်ဆံရေးကို ဆန့်ကျင်သည့် ပြဌာန်းတိုင်းကို ချိုးဖေါက်သည်။ ၎င်း ချိုးဖေါက်သူများမှာ လုံဝ တာဝန်ရှိသူ များဖြစ်သည်။ မြန်မာနိုင်ငံ၏ မရေရာသော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် လူ့ အခွင့်အရေး တိုးတက်ရေး ဖြစ်ရပ်စဉ်များတွင် အတားအဆီး လုပ်နေခြင်းသည် ရိုဟင်ဂျာတို့ အနေဖြင့် လုံးဝ တာဝန်ကင်းကြောင်း သံသယ မရှိပေ။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ့ (Akyab) တွင် ရိုဟင်ဂျာတို့ပိုင် ဈေးဆိုင်ခန်းများနှင့် ဥစ္စာဓနများကို သိမ်းပိုက် ခြင်း၊ အမျိုးသမီးထုအား မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာ ပညာတတ်များနှင့် လူငယ်များအား ဖမ်းဆီး ချုပ်နှောင် သတ်ဖြတ်ခြင်း၊ မှတ်ပုံတင်နှင့် အခြား အထောက်အထား၊ စာရွက်တမ်းများကို သိမ်း ယူခြင်း ၊ ငွေကြေး ညှစ်ခြင်း၊ ခိုးယက်ခြင်း၊ အဖိုးတန်ရတနာ ပစ္စည်းများနှင့် အခြားဥစ္စာဓနများ လုယက်ခြင်း အစရှိသည် တို့သည် မြောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပုံမှန် ကျုးလွန်လျက် ရှိသည့် လုပ်ရိုးစဉ် အစဉ်အလာ တစ်ရပ်ဖြစ် လာလေသည်။ အစာရေစာ ငတ်မွတ် ခေါင်းပါးစေခြင်း၊ စားသောက်ဖွယ်ရာများ မလုံမလောက် ဖြစ်စေခြင်း နှင့် ဆေးဝါးကုသ ခံယူမူ ငြင်းဆန် စေခြင်းတို့ကြောင့် နေ့စဉ်နှင့်အမျှ အသေအပျောက် စာရင်း တိုးပွားလားကာ လူမှုအကျပ်အတည်း ကို အချိုးချိုး အခေါက်ခေါက် ဖြစ်ပေါ်လျက်ရှိနေပါသည်။

အထက်အကြောင်း တရား များကိုထောက်ရူ၍ ကျွန်တော်များ အောက်တွင်ဖော်ပြထားသည်အတိုင်း ပန်ကြား တောင်းဆိုလိုက်ပါသည်။

မြန်မာအစိုးရသို့တောင်းဆိုချက်။

  • RNDP ပါတီအား နိုင်ငံရေး အသင်းအဖွဲ့စာရင်းမှ ပယ်ဖျက်ပြီး ၊ ရခိုင်ပြည်နယ်တွင် ဖန်တီးခဲ့သောလူမျိုးရေး မငြိမ်မသက် အတွက် ကြံရာပါ အားလုံးကို တရားဥပဒေကြောင်းအရ ထိထိရောက်ရောက် အပြစ်ပေး အရေးယူ ဆောင်ရွက်ပါရန်။
  • RNDP နှင့် အခြား အစွန်းရောက် ရခိုင်အမျိုးသားတို့၏ အထက်ပါ ရွံ့ရှားမုန်းတီးဖွယ် အပြုအမူများကို ချက်ချင်း ရပ်ဆိုင်းပေးပါရန်။
  • ရိုဟင်ဂျာတို့အား အချိန်မဆိုင်း၊ နှောင်းနှေးခြင်းမပြုဘဲ လုံလောက်သည့် ပြည်တွင်း အကာအကွယ် ပေးဆောင်ပါရန်
  • စစ်တပ်၊ လုံထိန်း၊ နစက၊ ရခိုင်လက်နက်ကိုင်များ (သို့) ရဲတပ်ဖွဲ့ဝင်တို့က ရိုဟင်ဂျာထု အပေါ် ကျူးလွန်လျက် ရှိသော မုဒိမ်းကျင့်ခြင်း၊ မတရားချူပ်နှောင်ခြင်း၊ ငွေညှစ်ခြင်နှင့် လူဖမ်း ငွေတောင်းခံခြင်း၊ ခိုးးဝုက်၊ လုယက်ခြင်း၊ ဥစ္စာဓန ပိုင်ဆိုင်မှုများ ဖျက်ဆီးပစ်ခြင်း အစရှိသည်တို့ကို ချက်ချင်း ရပ်စဲအောင်လုပ်ဆောင်ပါရန်။
  • မမှန်ဇာတ်ခင်းပြီး မှားယွင်းသည့် စွတ်စွဲချက်များဖြင့် ထောင်ဒဏ် စီရင်ဖမ်းချုပ်ထားသည့် ရိုဟင်ဂျာများအား ပြန်လည် လွှတ်ပေးပါရန်။
  • ရိုဟင်ဂျာတို့၏ ဈေးဆိုင်များ၊ ဥစ္စာ ပစ္စည်းများ၊ မှတ်ပုံတင် ကတ်ပြားနှင့် အခြားအထောက်အထားများ သိမ်း ပိုက်နေမှုများကို ရပ်ဆိုင်းပြီး၊ ယခင်သိမ်း ယူခဲ့သည်များကိုပြန်လည် ပေးဆောင်ရန်။
  • စိတ်ဓါတ်ရေးရာအားဖြင့်ထိခိုက်ဒဏ်ရာ ရနေသူ ရိုဟင်ဂျာများအား ရခိုင်အိုးအိမ်များ ပြန်လည် ဆောက်ပေးရန် အတင်းခိုင်းစေခြင်းကို ရပ်ဆိုင်ပေးပါရန်။
  • သောကြာနေ့ ဗလီ ၌ စုပေါင်းဝတ်ပြုခြင်း အပါအဝင်၊ လုံးဝ ချုပ်ချယ်မှုကင်းသော ဘာသာရေး လွက်လပ်ခွင့် ကို အာမခံချက်ပေးပါရန်။

ကမ္ဘာ့ကုလသမဂ္ဂသို့ပန်ကြားချက်

  • ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်း၊ OIC ၊ ဥရောပ သမဂ္ဂ ၊ အာဆီယံ၊ အာမေရီကား၊ ဗြိတိန် နှင့် မြန်မာ့ အိမ်နီးချင်း နိုင်ငံများ အား ပန်ကြားလိုသည်မှာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ ရင်ဆိုင်နေရသော အသားအရောင် ခွဲခြား ဆက်ဆံရေးဝါဒ (Aparthied) ကို နိဂုံးချုပ်စေရေး အတွက် လိုအပ်သည်များကို လုပ်ဆောင် ဆောင်ရွက်ပါရန်။
  • ရခိုင်ပြည်နယ် အတွင်း အမှန်တကယ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ကို လိုအပ်သလို စီမံကွပ်ကဲ နိုင်ရန် လွတ်လပ်သော သတင်း မီဒီယာများ ဝင်ရောက် သတင်းရယူနိုင်အောင် ဆောင်ရွက်ပေးပါရန်။
  • ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်နေရမှု နှင့် ဆက်စပ်သည့်အကျိုးဆက်များ အားလုံးကို လွတ်လပ်ပြီး၊ ဘက်လိုက်မှု ကင်းမဲ့သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်အောင် ဆောင်ရွက်ပါရန်။
  • ရခိုင်ပြည်နယ်အတွင်း အထိဒုက္ခရောက်နေသူများနှင့် အိုးအိမ် ပျက်စီး အပြောင်းအရွေ့ခံနေသူ အားလုံးကို လူမူရေး အထောက်အပံ့များ တိုးချဲ့ဆောင်ရွက်ပါရန်း။

ဘင်္ဂလားဒေ့ရှ်အစိုးရသို့ပန်ကြားချက်

  • အကြမ်းဖက်မှု နှင့် နှိပ်စက်ခံနေရမှုများကြောင့် တွက်ပြေးထိမ်းရှောင်လာကြသူ ရိုဟင်ဂျာများအား ယာယီခို လှုံခွင့် နှင့် အကာအကွယ်များပေးရေးကို လူမူရှူထောင့်မှနေ၍ သက်ညုာစွာ စဉ်းစားပေးပါရန်။
  • OIC အပါအဝင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းတို့နှင့် ပူးပေါင်းလက်တွဲကာ “ရိုဟင်ဂျာပြဿနာ” အတွက် အမြဲတမ်း ခိုင်မာသည့် ဖြေရှင်းချက် တစ်ရပ် ရယူနိုင်ရေး အတွက် ကြိုးစား လုပ်ဆောင်ကြပါရန်။

လက်မှက်ရေးထိုးသူများ

၁။ ရိုဟင်ဂျာ အမျိုးသားအဖွဲ့ချုပ် ( အာရ်ကာန်) ၊ ARNO
၂။ မြန်မာ ရိုဟင်ဂျာများ အသင်း ( ဂျပန် ) ၊ BRAJ
၃။ မြန်မာ ရိုဟင်ဂျာများ အသင်း (ဂျာမဏီ )၊ BRAD
၄။ မြန်မာ ရိုဟင်ဂျာများ အသင်း ( ထိုင်း ) ၊ BRAT
၅။ မြန်မာ ရိုဟင်ဂျာ အသိုင်း အဝန်း ၊ သြစကြေလျား ၊ BRCA
၆ ။ မြန်မာ ရိုဟင်ဂျာ အဖွဲ့ ၊ လန်ဒန် ၊ BROUK
၇။ နော်ဝေး နိုင်ငံရောက် ရိုဟင်ဂျာ အသိုင်းအဝန်း RCN
၈။ အမျိုးသား လူ့ အခွင့်အရေး ဒီမိုကရက်တစ်ပါတီ (ပြည်ပ )
၉။ ရိုဟင်ဂျာ ဒီမီုကရေစီ အဖွဲချုပ် ( မြန်မာနိုင်ငံ) ၊ RLDB