မိမိတို့တိုင်းပြည်သည် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ကြီးဖြစ်၍ နှစ်ပေါင်းများစွာ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာကြသည်။ရန်းဗြဲကျွှန်း မုဒိမ်းမှုသည်လည်းကောင်း တောင်ကုတ် လူသတ်ပွဲသည် လည်းကောင်း လူမဆန်သော ရာဇဝတ်မှုများ ဖြစ်သဖြင့် ပြင်းထန်စွာ ရှုံ့ချသည်။

ထိုဖြစ်ရပ်များသည် ယနေ့ကဲ့သို့ နိုင်ငံတော် သမ္မတကြီးနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင် ညှိနှိုင်းပြီး မိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ် လိုအပ်နေသော ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည် ချီတက်နေချိန်တွင် မလိုလားအပ်သော နိုင်ငံရေး လှည့်ကွက်များ ဖြစ်ပေါ်လျှက် နောက်ကြောင်း ပြန်လှည့်နိုင်စရာ ဖြစ်ရပ်များအဖြစ် လွန်စွာ စိုးရိမ် ပူပန်မိ ကြသည်။

ထိုဖြစ်ရပ်များသည် လူမျိုးရေး ဘာသာရေးနှင့် မသက်ဆိုင်ဘဲ အလွန် လက်မခံ နိုင်သော ရာဇဝတ်မှုများသာ ဖြစ်သည့် အလျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက် မြန်ဆန်စွာ အရေးယူ ဖြေရှင်း ပေးပါရန် အာဏာပိုင် အဖွဲ့အစည်းအား လေးနက်စွာ တိုက်တွန်းပါသည်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ နိုင်ငံတစ်ဝှမ်းတွင် ဆက်လက် မကြီးထွား လာစေရန် နိုင်ငံရေး လူမှုရေး ဘာသာရေး နယ်ပယ် အသီးသီးမှ ခေါင်းဆောင်များ အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများ ရရှိလာစေရန် အထူးကြီးကြပ် စီမံ၍ အရေးတယူ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

နေ့စွဲ။ ဇွန် ၅၊ ၂၀၁၂။

ပါဝင်သောအဖွဲ့ အစည်းများ

International Burmese Monks Organization
NLD LA,UK
Women of Burma, UK
Burma Democratic Concern
Chin Community, UK
Kachin Nation Organization
Karenni Community
Burmese Democratic Movement Association
Oversea Shan Association
Arakan Rohingya National Organization
Burmese Rohingya Organization, UK
Burmese Muslim Association