တန်းဖိုးမသိတော့ တန်ဖိုးမရှိဘူးပေါ့……
# မြန်မာ မွတ်စ်လင်မ် တို့ဧ။် အံ့သြစရာကောင်းလိုက်သောလုပ်ရပ်များ# မွတ်စ်လင်မ် များသိသင့်သိထိုက်သောကြောင့်ဖတ်ကြည့်ပေးပါ.
သက္ကရာဇ် ၁၈၂၄ ခုနစ် အင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရန်ကုန်မြို့ကို ကာကွယ်တိုက်ခိုက်ခဲ့ကြသော တောင်ငူမှ ဗိုလ်မှူးရွှေသိုင်းနှင့် ဗိုလ်မှူးရွှေမှိုင်းတို့မှာ မြန်မာ မွတ်စ်လင်မ်များဖြစ်ကြသည့်အတွက် ဘကြီးတော် မင်းဘုရားကြီးက ၎င်းတို့နှစ်ဦးကို ဂုဏ်ပြုသောအားဖြင့် တစ်ခြမ်းပဲ့ဗလီကြီးကို တည်ဆောက်ပေးခဲ့ပါသည်။ထို့အချိန် ဝါးဓနိဖြင့် ဗလီဝတ်ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့သည်။ပုဂံမင်းလက်ထက် မြန်မာမွတ်စ်လင်မ်နှစ်ဦးဖြစ်သူ မြို့ဝန် ဘိုင်ဆပ်နှင့် မြို့စာရေး မေါင်ပိန်တို့သည် တိုင်းပြည်အပေါ် သစ္စာရှိစွာ အသက်ပေးအမှုထမ်းခဲ့သည်။ ဦးပိန်သည် ရခိုင်ဆက် မြန်မာမွတ်စ်လင်မ် ဘုံးအိုရွာဇာတိ ဖြစ်သည်။ ပုဂံမင်းလက်ထက်တွင် အမရပူရ နေပြည်တော်၏ မြို့စားမင်းဖြစ်လာခဲ့သည်။မြို့တော်ဝန် ဘိုငိဆပ် သည် အမရပူရမြို့တော်တွင် ဘုန်းတော်ကြီးကျောင်းများအနက် ရှားရှားပါးပါး ဗားကရာအုတ် တိုက်ကျောင်းကြီး ဆောက်လုပ် လှူဒါန်းခဲ့သည်။
မြို့တော် မင်းမောင်ပိန်ကလည်း တောင်သမံအင်းကိုဖတ်၍ တိုင်ပေါင်းတစ်ထောင်ကျော်ပါဝင်သည့် သစ်သား တံတားကြီး တစ်ခု ဆောက်လုပ် လှူဒါန်းခဲ့ရာ ယနေ့တိုင် မြန်မာ ဂုဏ်ဆောင် ကမ္ဘာကျော် ဦးပိန်တံတား အဖြစ်ရှိနေခဲ့သည်။
မြန်မာမွတ်စ်လင်မ် မြို့စာရေး ဦးပိန်သည် ဦးပိန်တံတား တစ်ခုတည်းကိုသာ ဆောက်လုပ်ခဲ့ခြင်း မဟုတ်
ဘဲ ကျင်းချောင်းကိုဖြတ်၍ တောင်ကြီး တံတား၊ ဟသာင်္တံတား၊ ပန်းပဲတံတား၊ ဘုံးအိုတံတား၊ စကျင်ဝတံတား နှင့် ကုက္ကိုတံတားများကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့သည်။
မင်းတုန်မင်းတရားကြီး လက်ထက် (ရတနာပုံ နေပြည်တော်တွင် မိုးခေါင်ခဲ့သည်။ လူသူအများနှင့်ကျွဲနွား တိရစ္ဆာန်များပါ ဒုက္ခရောက်ခဲ့သည်။ မင်းတရားကြီးသည် ပုရောဟိတ် ပုဏ္ဌား ပညာရှိ သုခမိန်များကို ခေါ်စေ ၍ တိုင်ပင်သည်။ (ဘာသာ အသီးသီးမှ သူတော်စင် ဟုကျေားကြားသော ပုဂ္ဂိုလ်များကိုတောင် ဥယျာဉ်တွင် မိုးဆုပန်စေသည်။)ထိုအခါ တစ်ဘာသာလျှင် တစ်ရက် မိုးဆုပန်ရသည်။အခြားဘာသာဝင်းများ ဆုပန်သောနေ့တွင် ရာသီဥတု မှာမည်သို့မျှ မထူးခြားချေ။ အစ္စလာမ် ဘာသာဝင်များ ဆုပန်ရမည့်နေတွင် (သူတော်စင် ကာဘွလ်မော်လဝီကြီး (ခေါ်) ရှိတ် ခ အဗ်ဒွလ်ဟလီးမ် ဦးဆောင်၍ ဘာသာ ထုံးတမ်း အစဉ်လာ အရ မိုးဆုပန်ခဲ့သည်။ ဆုပန်နေစဉ်မှာပင် (နေပြည်တော်တစ်ဝှမ်းသည်) အံ့ဖွယ်ကောင်းလောက် အောင် မိုးကြီးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မော်လဝီဆရာကြီး၏ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံသွားသည်။အစ္စလာမ် ဘာသာဝင်ဆရာကြီးအား (မိုးဆုပန်ဆရာကြီး) အဖြစ် တင်စားခေါ်ကြသည်။မင်းတရားကြီး၏ ရှေ့တော်မှောက်တွင် ဝင်ရောက်ရသဖြင့် စာတော်ပြန်ဆရာကြီးဟု လည်းကျော်စောသည်။မင်းတုန်းမင်းတရားကြီးက နှစ်သက်အားရသဖြင့် မော်လဝီကြီးကို (ရွှေထီး၊ ဖလားစုံကွမ်းအစ်၊ တုမရှိရာဇအုပ် နှင့် ဆုတော်ငွေများကို လည်း ဆည်းကပ်ခဲ့သည်။ မော်လဝီ ဆရာကြီးနှင့်အတူ ဆုပန်ခဲ့သော သူတောစင် (၄၀)ကို သူကောင်းပြုခဲ့သည်။ ဆရာကြီးသီတင်းသုံးရာ ဗလီကြီးကို လည်း (မင်္ဂလာဗလီကြီး) ဟုတင်စားခေါ်ဝေါ်ခဲ့သည်။
သင်ဖတ်ရလို့နှစ်သက် ပါလျှင်အခြားသူများဖတ်ရအောင်လို့ လက်ဆင့်ကမ်း share ပေးပါရန် မေတ္တာရပ်ခံပါသည်။