မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ပ်ဆိုက်မှာ ဧပြီလ ၈ရက်နေ့က “အာဆာ အကြမ်းဖက် သောင်းကျန်းသူ ယာယီ စခန်း” တခုကို လုံခြုံရေး တပ်တွေက မောင်တောမြောက်ဖက်မှာ တွေ့ခဲ့သည်။ ၄င်းစခန်းတွင် တဲနှစ်လုံး၊ကျည်ဆံတချို့၊ လမ်းလျှောက် စကားပြောဖုံးတလုံး၊ ယူနီဖေါင်းတစုံ၊ WFP တံဆိပ်ပါ ဆန်အိတ်၊ ဆီနှင့် ကိုရ်ရမ် ကျမ်းစာအုပ်စတာ တွေကိုလည်း တွေ့ရှိခဲ့ကြောင်း ကျေညာပါသည်။စခန်းသည် မောင်တော မြောက်ဖက်စွန်း ခမောင်းဆိပ် အနောက်ဖက်မှာ တွေ့ရှိခဲ့တယ်လို့ဆိုပါသည်။ ၎င်းနေရာ သည် အာဆာတွေရဲ့ လှုပ်ရှားမှု ရှိတယ်လို့ အစိုးရက မကြာသေးခင် နှစ်များက မကြာခဏ ပြောခဲ့သည့် နေရာများ လည်း ဖြစ်ပါသည်။

ဒီဒေသအကြောင်းကို သိရှိသည့် ရိုဟင်ဂျာတွေက ဒီစခန်းရှိတာကို မယုံသည်အပြင်၊ အဲဒီနားမှာ အာဆာ လှုပ်ရှားမှု ရှိသည်ကိုလည်း မယုံပါ။ ၂၀၁၇ ခု ဩဂုတ်လ ကထည်းက ခမောင်းဆိပ်ကွင်းပြင်ဟာ လုံခြုံရေးအရ ပိတ်ပင်ထားတဲ့ နေရာဖြစ်ပါသည်။ ယခင် ရှိခဲ့သည့် ရိုဟင်ဂျာများကလည်း အကုန်စွန့်ပြေးခဲ့ကြပါပြီ။

ယခင်က ထောင်ချီသောရိုဟင်ဂျာတွေ ရှိခဲ့သည့် ခမောင်းဆိပ်ကျေးရွာအုပ်စုသည် အခုတော့ ရိုဟင်ဂျာမဟုတ်တဲ့ လူမျိုးစု ရာဂဏန်း လောက်သာ အိမ်ခြေရှိပါတောသည်။

မြို၊ ဒိုင်းနက်၊ ခူမီး၊ ကသည်း(မဏီပူ) နဲ့ ရခိုင်တွေသာ ရှိပါသည်။ တချို့ ရခိုင်များသည် ၁၉၉၁ ခုမှာ ဘင်္ါလားဒက်ရှ်ဘက်မှ ပြောင်းလာသူများနှင့် တည်ထားတဲ့ စံပြ ဗုဒ္ဓဘာသာ ကျေးရွာ (နတလ) တွေဖြစ်ကြပါသည်။

ခမောင်းဆိပ်မှာ ရဲစခန်းတခု၊ နယ်ခြားစောင့်ရဲနဲ့ စစ်တပ်စခန်းတခုလည်းရှိပြီး အင်အားတရာကျော်ရှိသော စစ်သားများသည် အမြဲ ဘေးဝန်းကျင်ကို ကင်းလှည့်လေ့ရှိပါတယ်။

“မေးစရာရှိတာက ဘာကြောင့် အာဆာက ဒီနေရာကိုမှ ရွေးရတာလဲ ဆိုတာပါဘဲ။ စစ်တပ် က‌ပြောသလို အာဆာစခန်းက ခမောင်းဆိပ်ရွာရဲ့ အနောက်ဖက် မီတာ ၂၅၀၀ လောက်မှာရှိတယ် ဆိုတော့ လူမရှိတဲ့ ကွင်းပြင်မှာ ခိုလုံပုန်းနေဖို့ ရိုဟင်ဂျာအိမ်ဆိုလို့ တလုံးမှ မရှိတော့သည့်အတွက် စဥ်းစားစေရာဖြစ်သည်။”

အစိုးရစစ်တပ် သတင်းမှာ စခန်းပုံမပါ၊ ဘေး၀န်ကျင်မပါ၊ ဖမ်းမိတယ်ဆိုတဲ့ ပစ္စည်းပုံတွေသာပါတယ်။ တွေ့ရှိတဲ့ ရက်စွဲလည်း မဖေါ်ပြထားပါ။

ခမောင်းဆိပ် အနောက်မြောက်ဖက် ငှက်ထောင်သွားတဲ့ ဒိုင်းနက်တစုကို အာဆာက တိုက်ခိုက်တယ် ဆိုတဲ့ တခြား သတင်းတခုကို အစိုးရထုတ်ပြန်တဲ့ သတင်း အပြီး တပတ်အကြာမှာ ပေါ်လာတာဖြစ်ပါသည်။

အစိုးရထုတ်ပြန်သည့် သတင်းမှာ “အာဆာအဖွဲ့ဝင်တွေ”က ဖေါက်ခွဲတယ်၊ လူနှစ်ယောက်ကို သတ်တယ်၊ လက်နက် ငယ်နဲ့ ပစ်လို့ တခြားလူသုံးဦး ဒဏ်ရရတယ်။ သတင်းတွင် တိုက်ခိုက်သူတွေဟာ အာဆာဖြစ်တယ်ဆိုပေမဲ့ အထောက်အထားမပြဘူး ၊ဘာကြောင့် အရပ်သားတွေကို လုံခြုံရေး တင်းကြပ်တဲ့ နေရာမှာ ဗြောင် တိုက်ခိုက် ရတာလဲ ဆိုတာလည်း မပြောဘူး။ အချိန်ကိုက်မှုသည့် ဒီသတင်းရဲ့ သော့ချက်ဖြစ်တယ်။

အာဆာ စခန်းကိုတွေ့ရှိသည့် သတင်းထုတ်ပြန်ချက်မှာ မြန်မာ သမတရုံးက ထုတ်ပြန်တဲ့ လူမျိုးပြုံးစေမှု ကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ် ကို လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ သက်သေ အထောက်အထားနဲ့ ပစ္စည်းများကို ထိန်းသိမ်းထားရှိရန် ညွှန်ကြားချက် ၂ ခုမှာ ICJ က ကြားဖြတ် အရေးယူမှု အတိုင်းဖြစ်ပါတယ်။ ဒီညွှန်ကြားချက်များ ထွက်တဲ့ရက်မှာ စခန်းတွေ့တဲ့ သတင်းလည်း ထွက်လာပါသည်။

အစိုးရစစ်တပ်က သူတို့၏ ဧပြီလ ၈ ရက်နေ့ သတင်းမှာ ဆက်ပြီး ဆိုထားတာက “အာဆာ အကြမ်းဖက် သောင်းကျန်းသူတွေဟာ မြန်မာနဲ့ ဘင်္ါလားဒက်ရှ် နယ်စပ်မှာ နှောက်ယှက်ဖို့ အစီအစဥ် ရှိသည့် လက္ခဏာများကို တွေ့ရသည်။ မြန်မာက ဂမ်ဘီယာ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး အစီရင်ခံရန်ရှိတာကိုလည်း နှောက်ယှက်ရာ ရောက်တယ်” လို့ဆိုထားတယ်။

မြန်မာအစိုးရ၏ အကြောင်းပြချက် ဖြစ်တဲ့ “အစ္စလာမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု” ဆိုတာကိုသုံးပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လ စစ်ဆင်ရေးဟာ တရားသယောင် ဆက်လက် အသက်သွင်းနေတာဖြစ်တယ် ဆိုတာ ထင်ရှားပါသည်။

ဒီလိုအကြောင်းပြတာကို အသေအချာ စိစစ်ဖို့လိုနေပြီ။ အထူးသဖြင့် မြန်မာအစိုးရက အခုအခါ အေအေကို အကြမ်းဖက် ဆိုတဲ့ တံဆိပ်ကပ်ပြီး မြန်မာပြည်အနောက်ခြမ်းမှာ အရပ်သားတွေအပေါ် သူတို့ကျူးလွန်နေတဲ့ ပြစ်မှုတွေကို တရားသလို လုပ်နေပါသည်။

အစိုးရစစ်တပ်၏ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ အာဆာနဲ့ အေအေ ကို အကြမ်းဖက်အဖွဲ့အဖြစ် လုံး၀ သတ်မှတ်လိုက်ပြီ၊ နိုင်ငံတကာ အကူအညီကို သုံးစွဲနေကြောင်း စွပ်စွဲလိုက်၍ နိုင်ငံတကာ အကူအညီကို တားဆီးရတာဖြစ်တယ်လို့ အကြောင်းပြတော့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို လူသားချင်းစာနာမှု အကူအညီ မရအောင်လုပ်တာဖြစ်ပါသည်။

ဧပြီလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ “ အေအေ က မောင်တောတွင် အရပ်သားကားများကို တိုက်ခိုက်” လို့စွပ်စွဲထားပြီး “အေအေအဖွဲ့ဝင် ၄ ဦး”က ဧပြီလ ၅ ရက် ည ၈နာရီတွင် ကျီးကန်းပြင် နယ်ခြားစောင့်ရဲ ဌာနချုပ်အနီး လမ်းပေါ်တွင် သွားနေတဲ့ မောင်းသူသာပါတဲ့ ပစ်ကပ်ကားကို မိုင်းနှင့်ခွဲ၊ သေနတ်နှင့် ပစ်တယ် လို့ဆိုပါသည်။

ဒေသခံ သတင်းရပ်ကွက်များက ဤအစီရင်ခံစာ အပေါ်အလွန်သံသယရှိသည်။ အကြောင်းမှာ စစ်တပ်၏ ညမထွက်ရ အမိန့်ကို ထုတ်ထားပြီး တင်းကျပ်ထားသောကြောင့် မည်သည့် အရပ်ဘက် ယာဉ်များ ညအချိန်တွင် ကားမမောင်းရဲသောကြောင့် ဖြစ်သည်။ အေအေ ကလည်း ဘာမှ မပါတဲ့ကားကို အစောင့်အကြပ်ထူတဲ့ နယ်ခြားစောင့်ရဲ ဌာနချုပ်ရုံးရှေ့မှာ တိုက်ပါ့ မလား။

အစိုးရ၏ အင်တာနက် ပိတ်ဆို့ခြင်းနှင့် သတင်းမီဒီယာများကို ရှုပ်ထွေးစေခြင်းတို့ကြောင့် ထိုကဲ့သို့သော အစီရင်ခံစာများကို မေးခွန်းထုတ်ရန် ပိုမိုခက်ခဲစေသော်လည်း၊ ယခုအချိန်တွင် ယခင်ကထက် ပို၍ များပြားလှသော မြန်မာနိုင်ငံတွင်းနှင့် ပြင်ပရှိ အိုးအိမ်မဲ့အိုးမဲ့များကြောင့် ကိုဗစ် -၁၉ ရောဂါ အန္တရာယ်ပိုး ကျလာစရာရှိပါသည်။

ဒေသခံနှင့် နိုင်ငံတကာ ဂျာနယ်လစ်များ၊ လေ့လာသုံးသပ်သူများက အစိုးရဲ့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း တွေကို မေးခွန်းထုတ်ရပါမည်၊ ဇာတ်ကြောင်း၏ ဖြစ်နိုင်ချေကိုစိစစ်ရပါမည်။