ထုတ်ပြန်ချက်
ဖေဖဝါရီ ၂၇၊ ၂၀၁၇ ခုနှစ်။

တုန်လှုပ်ခြောက်ခြားဖွယ်ရာသက်သေများ – ရိုဟင်ဂျာအမျိုးသမီးများကို မြန်မာစစ်တပ်က ဖိနှိပ်ရက်စက်ပုံ အသေးစိပ် အစီရင်ခံစာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် “နယ်မြေရှင်းလင်းရေး” လုပ်စဉ် မြန်မာ လုံခြုံရေးတပ်များ က ကျူးလွန်သည့် တုန်လှုပ် ခြောက်ခြားဖွယ် ဖိနှိပ် ရက်စက်ပုံ အသေးစိပ်ကို ဒုက္ခသည် ရိုဟင်ဂျာ အမျိုးသမီးများ၏ ပြောပြချက်များကို အခြေခံထားသည့် အစီရင်ခံစာသစ် ဖြစ်သည်။

ကုလားတန် သတင်း ကွန်ယက်မှ ထုတ်ပြန်သည့် “တုန်လှုပ် ခြောက်ခြားဖွယ်ရာ သက်သေများ” အစီရင်ခံစာသည် မောင်တော ဒေသ ရွာ ၉ ရွာမှ အမျိုးသမီး ၂၁ ဦး၏ ပြောဆိုချက်ကို အခြေခံထားသည်။ ၎င်းအမျိုးသမီးများသည် ၂၀၁၆ အောက်တိုဘာလ စစ်ဆင်ရေး လုပ်စဉ်မှ စ၍ ဘင်္ဂါလားဒါရှ် နိုင်ငံသို့ ပြေးလာကြသူများ ဖြစ်သည်။

အမျိုးသမီး အားလုံးနီးပါးများ၏ လင်ယောက်ျားများသည် မြန်မာစစ်တပ်မှ သတ်ဖြတ် ခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ကြရသည်။ တချို့မှာ လူ ၄၀ ထိ သော အစုလိုက် အသတ်ခံရမှုတွင် ပါသွားကြသည်။ ဤအမျိုးသမီး တဝက်၏ ခလေးများမှာ ရက်ရက်စက်စက် ခြောက်လှန့်ပြသည့် သတ်ပြခြင်းမျိုး ခံကြရသည်။ မွေးကင်းစများ၊ခလေးငယ်များ ကို အရှင်လတ်လတ် မီးပုံထဲပစ်ထည့်ခြင်း၊ နင်းသတ်ခံရခြင်း၊ မျက်စေ့ရှေ့တွင် ပစ်သတ်ခံရခြင်း၊ လည်ဖြတ်ခံရခြင်း များ တွေ့ကြရသည်။

ပြောပြသူများက မြန်မာစစ်တပ်သည် အနည်းဆုံးအမျိုးသမီး ၇၀ ကို မုဒိမ်းကျင့်ပုံကို ပြောပြကြသည်။ အထူးသဖြင့် ရွာပြင် ကွက်လပ်များတွင် သေနတ်နှင့် ချိန်၍ စုဝေးထားစဉ် ဖြစ်သည်။ အမျိုးသမီးများ၊ မိန်းခလေးများကိုဆွဲခေါ်၍ အနီးရှိ အိမ်များ၊ လယ်ကွင်းများ၊ တောများ၊ စစ်စခန်းများတွင် မုဒိမ်း ကျင့်ကြသည် ။ မုဒိမ်းကျင့်ခံရသူ အနည်းဆုံး ၆ ဦး အသတ်ခံရသည်။ တချို့မှာ ရက်စက်စွာ ကိုယ်ခန္ဓာများ လှီးဖြတ်ခံရသည်။

မတူသည့်ရွာများမှ အမျိုးသမီးများ၏ ပြောပြချက်များသည် တူညီနေပြီး ထိုသို့ နှိပ်စက် သတ်ဖြတ်မှု တို့ကို ကျယ်ကျယ်ပြန့်ပြန့် အရပ်သားများ အပေါ် လုပ်ဆောင်သည်မှာ ထင်ရှားသည်။ သက်သေများ က ထိုပြစ်မှုများကို စံနစ်တကျ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြသသည်၊ အပြည့်အ၀ တာဝန်ယူရမည်။

အစီရင်ခံစာတွင် ပြစ်မှုများကို တရာဝင် ဖုံးကွယ်ထားသည်ကို ဖေါ်ပြသည်။ မြန်မာစစ်သားများ ရွာသား များကို ဝိုင်းထားပြီး ဗွီဒီယိုကင်မရာရှေ့တွင် ထိုရက်စက်မှုတို့ကို ရိုဟင်ဂျာ စစ်သားများက လုပ်သည် ဟု အဓမ္မ ထွက်ဆိုခိုင်းသည်။

“အဆင့်တိုင်းမှာ အစီအစဉ်ရှိရှိ ဖုံကွယ်ထားတယ်။”

ဤအစီရင်ခံစာအတွက် မေးမြန်းပေးသူ ရိုဟင်ဂျာ အမျိုးသမီးရှေ့နေ ရာဇီယာစူလတန်နာ က ပြော သည်။

“ဒီရက်စက်မှုတွေကို မြန်မာအစိုးရ က ငြင်းကွယ်နေတာကို ရပ်ရမယ်။ သူတို့စစ်တပ်ကို သူတို့ တာဝန်ခံရမယ်။”

ကုလားတန် သတင်း ကွန်ယက်က ဤရက်စက်သော ပြစ်မှုများအတွက် နိုင်ငံတကာမှ လွတ်လပ်သည် စုံစမ်း စစ်ဆေးမှု လုပ်ရန်၊ လူသားချင်းစာနာမှု ရရှိရေးအတွက် အကန့်အသတ်မထားရန်၊ ရိုဟင်ဂျာများ၏ အခြခံ အခွင့်အရေးများကို အသိမှတ်ပြုရန် တောင်းဆိုပါသည်။ သို့မှသာ သူတို့၏အိမ်များဆီသို့ လုံခြုံစိတ်ချစွာ ပြန်နိုင်ကြ ပေလိမ့်မည်။

“အမျိုးသမီးများက ရဲဝင့်စွာဖြင့် ပြောပြ လိုက်ပါပြီ – ကမ္ဘာက ကြားနိုင်ကြပါစေ။ ” ဟု ရာဇီယာကဆိုသည်။

အစီရင်ခံစာကို https://kaladanpress.com/burmese မှာ ကြည့်နိုင်ပါသည်။

တုန်လှုပ် ခြောက်ခြားဖွယ်ရာ သက်သေများအစီရင်ခံစာ ကို ဖတ်ရှုလိုပါက ဤနေရာတွင် နှိပ်ပါ

ဆက်သွယ်ရန်
ရာဇီယာစူလတန်နာ -Tel:+ ၈၈ ၀၁၈၁၈၄၆၆၀၇၈ ( အင်္ဂလိပ်)
တင်စိုး – Tel:+ ၈၈ ၀၁၇၁၄၃၈၁၁၁၀ ( အင်္ဂလိပ်နှင့် မြန်မာ)