ဦးကျော်မင်း
”ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ နောက်ကွယ် မှ ပကတိအမှန်တရား”ဟူသော ခေါင်းစဉ်ဖြင့်ဘာသာပြန် ဆောင်းပါး တစ်ပုဒ်ကို (၂ဝ၁၇-ခုနှစ်၊ အောက်တိုဘာ ၁၃-ရက်) နေ့စွဲပါ ကြေးမုံသတင်းစာမှာ တွေ့ရှိဖတ်ရှု ရသည်။ The Global New Light of Myanmar မှာ ဦးခင် မောင်မြင့်က The Truth behind the Northern Rakhine Issue) အမည်ဖြင့် ရေး ခဲ့သောဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။
ဆောင်းပါးရှင်က သမိုင်းမှန်ကိုသိရှိသဖြင့် ဘက်လိုက် ခြင်းမရှိ၊ အစွဲကင်းကင်းဖြင့်ရေးသည်ဟု ပြောဆိုထား သော်လည်း၊သူ့ဆောင်းပါးသည် လက်တွေ့နှင့် လွဲနေခြင်း၊ အမြင် စောင်း၍ရေးခြင်း ၊ အစဉ်အလာ အတိုင်း ရိုဟင်ဂျာများ မြေခံ၊နယ်ခံများမဟုတ်ဘဲ တဖက် အိန္ဒိယ၊ ဘင်္ဂလား မှ လာရောက်နေထိုင်သူများအဖြစ် သရုပ်ဆောင် ရန် ထင်ဟပ် စေရန် အားထုတ်ထားသော ဆောင်းပါးသာဖြစ်သည်။ သို့ ဖြစ်၍ အထက်ဆောင်းပါး နှင့် စပ်လျဉ်း၍ အဖြစ်မှန်၊ အကြောင်းမှန်ကို ပြည်သူများ သိရှိနိုင်ရန် ဤဆောင်းပါးဖြင့် သုံးသပ်တင်ပြခြင်း ဖြစ်ပါသည် ။ဆောင်းပါးရှင်က ”ရခိုင်ပြည်နယ်အတွင်း ဥပဒေ မဲ့ နေထိုင်သော မွတ်စလင်များအား မိမိကိုယ်ကိုမိမိဘာ လိုမျိုးပါဟု ထုတ်ဖော်ပြောဆိုသော လူမျိုးတစ်မျိုးအဖြစ် ပြည်ပမီဒီယာများနှင့် ရုပ်သံလွှင့်မီဒီယာများက အသိ အမှတ်ပြုထားသည်ကိုတွေ့ရသည်”ဟု ရေးသား ထား သည်။ ဤတွင် ရခိုင်ပြည်နယ်မှာ လူဦးရေ ၁၅-သိန်း နီးပါး လွတ် လပ်ရေးရပြီးမှ ယနေ့ထိ နှစ်ပေါင်းခုနစ်ဆယ် နီးပါး ဥပဒေမဲ့ နေထိုင်သည်ကို နိုင်ငံတော်မှ အဘယ်ကြောင့် လဝက ဥပဒေများဖြင့် အရေးမယူဘဲ ထားရှိသနည်း။ အဘယ် ကြောင့် အိုး၊အိမ်၊မြို့ရွာ တည်၍ နေထိုင်ခွင့်ပြုခဲ့သနည်း၊ အဘယ်ကြောင့် နိုင်ငံသား ဆိုင်ရာ လဝက အထောက် အထားများထုတ်ပေး ထားသည့်အပြင် နိုင်ငံသားအခွင့် ရေးများပေးထား ခဲ့သနည်းဟူသော မေးခွန်းများ ပေါ် လာသည် ။
ဆောင်းပါးရှင်က . . . မြန်မာနိုင်ငံ၌ မြန်မာ နိုင်ငံသား များအဖြစ် နေထိုင်လျက်ရှိကြသော ဘင်္ဂါလီ အများအပြား ရှိပါသည်။ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသများ၌ နေထိုင်လာခဲ့ကြသူများ တိုးပွား လာခဲ့ပြီး ယင်းဒေသများ၏ လူဦးရေ ၉ဝရာခိုင်နှုန်း ကျော်မှာ ဘင်္ဂါလီများ ဖြစ်ကြကာ ¤င်းတို့အနက် အချို့မှာ မြန်မာနိုင်ငံသား အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင် ထား ကြပါသည်ဟုရေးထားသည်။
ဤအပိုဒ်တွင် နေထိုင်လာခဲ့ကြသူများ(ဘင်္ဂါလီများ) ဟု ဖော်ပြထားခြင်းသည် စွပ်စွဲမှုတစ်ရပ်ဖြစ်ပြီး အဖြစ်မှန် နှင့်လွဲမှားနေပါသည်။ အချို့က မြန်မာနိုင်ငံသား အသိ အမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားကြသည် ဟု ဆိုထား ရာ ကျန်တချို့က အဘယ်ကြောင့် မရသနည်း၊ ခွဲခြားခြင်း မဟုတ်လော့။ ဗြိတိသျှခေတ်မှာ ဝင်လာသူများဟုလည်း တစ်ဆက်တည်းရေးထားခြင်းရှိရာ ၁၉၄၈-ခုနှစ် မြန်မာ နိုင်ငံသားဥပဒေတွင် မျိုးဆက် ၃ ဆက်မြန်မာနိုင်ငံ တွင်း မွေး ဖွားနေထိုင်လာသူများကိုနိုင်ငံသား အဖြစ် အသိအမှတ်ပြု ထားသည်ကိုထိမ်ချန် ထားခြင်းမျိုး ဖြစ်နေသည်။
သို့သော် ၁၉၉ဝ ကျော်နှစ်များတွင်စစ်တကောင်းနှင့် နတ်မြစ်ကြားဒေသကိုကွင်းဆင်း သုတေသနပြုခဲ့သူ အမရ ပူရမှဗြိတိသျှသံအဖွဲ့ဝင်ဒေါက်တာFrancis Buchanan က ထိုစဉ်ရခိုင်မှာမွတ်စလင်များ ရှိကြောင်း¤င်းတို့ကို ရိုဟင်ဂျာ (Rooinga) ဟုခေါ် ကြောင်း ဖော်ပြထားသည်။ ၎င်းတို့၏ဘာသာ စကားကို ရခိုင်ဘာသာ စကားနှင့်နှိုင်း ယှဉ်ဖော်ပြသုတေသနပြု ထားသည်ကိုလည်းတွေ့ရသည်။ရိုဟင်ဂျာဘာသာစကားကို နတ်မြစ် အနောက်ဘက် အခြမ်း ရောက်ရှိနေသူ ရိုဟင်ဂျာများမှ လေ့လာသိရှိရသည်ဟု လည်းပါရှိ ပါသည်။ (Dr.JacquesLeider 2014&SK) ထိုရိုဟင်ဂျာစကားကို ယနေ့ကမ္ဘာ့ဘာသာစကားများ မှတ်ပုံတင်သော အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ှုှဥ က ကမ္ဘာ့သီးခြားဘာသာစကားတစ်ခုအဖြစ် အသိအမှတ်ပြု ထားသည်။ Rohingya Language has been approved as an active individual living language and hence assigned a unique identifier ISO-639-3 “RHG” as being among recognized languages of the world ( http://en.wikipedia.org^ wiki/Rohingya,language) ထို့ကြောင့်ဆောင်းပါးရှင်က နိုင်ငံ ခြားသားများအဖြစ်ရေးသားထ ားသူများသည်မူလ ဒေသခံ များဖြစ်သည်ကိုအသိအမှတ်ပြုနိုင်မည်ဟု ယူဆ ပါသည်။
အထက်ဆောင်းပါးရှင်၏ ရေးသားချက်များသည် သူ ပြောသလို အမှန်ကန်ဆုံးနှင့်အပြည့်အစုံဆုံးမဖြစ်နိုင်ပေ။ ရခိုင်ဘုရင်များ ခေတ်မှာကတည်းကရှိခဲ့သော မွတ်စလင် များကို စစ်တကောင်းသားများအဖြစ် တံဆိပ်ခတ်ရန် ကြိုး စားခြင်းသာဖြစ်သည် ။
အထက်ပါဆောင်းပါးတစ်နေရာတွင် ”တရားမဝင် ဝင်ရောက် နေထိုင်သူများကို (၁၉၆၉-ခုနှစ်) လောက်က မိမိကိုယ်တိုင်လဝကဝန်ထမ်း(၂ဝဝ)ကျော်ကိုကြီးမှူး၍ ကျီးကန်းစစ်ဆင်ရေးအမည်ဖြင့် စစ်ဆင်ရေး ပြုလုပ်ခဲ့ သည်။ စစ်တွေခရိုင်အတွင်းရှိ မြောက်ဦး၊ပေါက်တော၊ မင်းပြားမြို့နယ်များတွင်ဆောင်ရွက်ခဲ့သည်။ မသင်္ကာဖွယ် ဘင်္ဂါလီနိုင်ငံသားသက်သေခံကဒ်ပြားမရှိသူနှစ်ထောင်ကျော်ကို နယ်စပ်မှပြည်နှင်ဒဏ်ပေးခဲ့သည်ဟု” ပါရှိသည်။
ကျန်သူများကို တရားဝင်နေထိုင်သူများဖြစ်၍ နှင်မထုတ် ဘဲ ချန်ထားခြင်းဖြစ်ရမည်။ အထက်စာပိုဒ်တွင် နိုင်ငံသား သက်သေခံကဒ်ပြားဟု ပါရှိရာထိုစဉ်ကနိုင်ငံသား စီစစ်ရေး ကတ်ပြားမရှိခဲ့ချေ။ အမျိုးသားမှတ်ပုံတင် ကတ်ပြားကို ဆိုလိုခြင်းဖြစ်မည်။ ထိုကျန်နေသူများ (အမျိုး သား မှတ်ပုံတင်ကတ်ကိုင်ဆောင်သူများ)ကိုပါ ဆောင်းပါး ရှင်က ဥပဒေမဲ့နေထိုင်သူများဟု စွပ်စွဲခြင်း သည် တရားနည်း လမ်းမကျပါ။
”ထိုသူများကို အိမ်ထောင်စု စာရင်းများ၊ အမျိုးသား မှတ်ပုံတင်ကတ်များ၊ ယာယီသက်သေခံကတ်များ၊ မွေးစာ ရင်းများထုတ်ပေးခဲ့ခြင်းသည် ဥပဒေမဲ့ထုတ်ပေးခြင်းလော ဟု” မေးခွန်းထုတ်စရာဖြစ်နေသည်။ထုတ်ပေးသော အစိုးရ နှင့်ဝန်ထမ်းများကိုအရေးယူသင့်သည်။
”မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခြင်းကိုလူမျိုးအခြေခံ၍ သတ်မှတ်ခြင်းမဟုတ်။ဗမာ၊ရခိုင်၊ရှမ်းတိုင်းရင်းသား တွေဖြစ်စေ၊ ပြည်ပမှာမွေး ပြည်ပမှာ ကြီးပြင်းလာသူများ (၁၉၈၂-ခုနှစ်) ဥပဒေလုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံ သားမဖြစ်နိုင်။ နိုင်ငံသားသည် မိဘ၊ ဘိုးဘွားများ၊ နိုင်ငံတွင်း အခြေစိုက်နေထိုင်သော အချိန်ကာလကို အခြေခံ၍ သတ်မှတ်ခြင်းဖြစ်သည်။ ဆောင်းပါးရှင်က ဥပဒေမဲ့ နေထိုင် ကြသူ မွတ်စလင်များ”ဟု တံဆိပ်ကပ် ထားသူများအား (၂ဝ၁ဝ-ခုနှစ်) ရွေးကောက်ပွဲကာလ အထိ တင်းပြည့်နိုင်ငံ သားအခွင့်ရေးများကို အစိုးရ အဆက်ဆက်များကပေးထား ခဲ့သည်ကိုတွေ့ရသည်။ ထိုစဉ်အထိဥပဒေနှင့်ညီညွတ်၍ နိုင်ငံသား အခွင့်အရေး များပေးခဲ့ခြင်းဖြစ်သည်။ ဥပဒေမဲ့ နေထိုင်ခြင်း မည်သို့ဖြစ် မည်နည်း။ ယခုအခါနိုင်ငံသား မစီစစ်ရသေး၍ Verification လုပ်ရမည်ဟု ပြောခြင်းသည် ဥပဒေကိုနောက်ကြောင်းပြန်လှန်ခြင်းဖြစ်၍တရားမျှတမှု မဖြစ်နိုင်။ နစကအဖွဲ့က နှစ်ပေါင်း ၂ဝ ကျော် လစဉ် နှစ်စဉ် စိစစ်ခဲ့ခြင်းသည် Verificationမဟုတ်လော့။ ရခိုင်ပြည် နယ်တွင် နိုင်ငံသားမဖြစ်သေးပဲ နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင်ထားခဲ့သော အိန္ဒိယ၊ ဘင်္ဂလား နယ်သား များ ထောင်သောင်းချီ၍ ရှိခဲ့ကြောင်း ဆောင်းပါးရှင် က (တစ်ချိန် က အဆင့်မြင့် လဝကအရာရှိ ဖြစ်ခဲ့သည်ဟု ထင်ရ၍) သိရှိမည်ဟု ထင်ပါသည်။
ယခုရခိုင်မြောက်ပိုင်း ပြဿနာဖြစ်နေသူများမှာ ”အိန္ဒိယ အရှေ့ဘင်္ဂလားပြည်နယ်များမှ လာရောက်နေထိုင် သူများဖြစ်သည်ဟု” ဆောင်းပါးမှာပါရှိသည်။ တဆက် တည်း ”ကျွန်ုပ်တို့ဒေသ၌ တိုင်းပြည်များအကြားတွင် အပြန် အလှန်အသိအမှတ်ပြုထားသော ကောင်းစွာ သတ်မှတ် ထားသောနယ်နိမိတ်”ဟူ၍ မရှိခဲ့ခြင်းဖြစ်သည်။ စစ်အင် အား ပိုမိုကြီးမားသောနိုင်ငံက တဖက်သတ် ဆုံးဖြတ်ချက် အရသာလျှင် နယ်နိမိတ်မျဉ်းဟူ၍သာ ရှိခဲ့ပါသည်။ ထိုခေတ် ကာလက တိကျသော သတ်မှတ်ချက် မရှိဘဲ အမြဲတစေ နယ်စပ်မျဉ်းပြောင်းလဲ နေခဲ့ရသည်။
လူမျိုးဘာသာမတူကွဲပြားသော တစ်ဖက်တစ်ချက်ရှိ တိုင်း၊ နိုင်ငံများအကြား ဒေသခံပြည်သူများမှာ လွတ်လပ်စွာ ကူးလူးသွားလာ ရေကြည်ရာ မြတ်နုရာ ရှာဖွေကြ၊ အခြေ စိုက်နေထိုင်နိုင်မည့် နေရာဒေသကို ရှာဖွေကြနှင့် ရှိခဲ့ကြ ပါသည်။ ဤအချက်ကို သတ္တုချ ထောက်ချင့် လျှင်ဘင်္ဂလား ဒေ့ချ်နိုင်ငံ၌ ယနေ့ကာလ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ ကြသူများတွင် ရခိုင် အများအပြားနှင့် ဗမာအချို့ပင်လျှင် ပါဝင်နေသည်ကို တွေ့ရသည်။ ”(ဗမာမှာစစ်တကောင်း ဒေသမှာ ရှိနေသော (မြန်မာ)ဆိုသူများကို ရည်ညွှန်းလိုဟန် ရှိသည်။ သူတို့သည် ထိုဒေသမှာ မိမိတို့ကိုယ်ပိုင် အကြီး အကဲများဖြင့် ရှိနေသည်။ ရခိုင်ဘုရင်မင်းရာဇာကြီး (၁၇-နှစ်ရာစု) က ဟံသာဝတီ စစ်ဆင်ရေးမှဖမ်းဆီး ခေါ်ဆောင်ယူ လာခဲ့သူ မြန်မာများ၏ အနွယ်ဝင်”ဟု သိရှိရပါသည်။)
အလားတူပင်”မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံသားများ အဖြစ် နေထိုင်လျက်ရှိကြသော ဘင်္ဂါလီအများအပြား ရှိသည်” ဤတွင် ”ဘင်္ဂါလီများကို ရခိုင်နယ်တွင် အစဉ် အဆက်နေထိုင်ကြသူများ”ဟုမပြောဘဲ ”မြန်မာနိုင်ငံသား များအဖြစ် နေထိုင်လျက်ရှိကြသည်ဟု” ပြောခြင်းသည် ထိုသူတို့၏ ရှေးသမိုင်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ပစ်ရန်ကြံစည်ခြင်းပင်ဖြစ်သည်။ ”သမိုင်းပညာရှင် များကလည်း ရခိုင်နှင့်ဘင်္ဂလား နယ်နိမိတ်သည် တည်တံ့ ခိုင်မြဲမှုမရှိခဲ့၍ နယ်မြေ ပိုင်ဆိုင်မှု အပြောင်းအလဲများ ရှိခဲ့သဖြင့် ထိုဒေသများမှ ပြည်သူများလည်း ဟိုဘက် ဒီ ဘက်ပြောင်းရွှေ့နေထိုင်မှု (population,fluctuation)ရှိခဲ့သည်”ဟု ပြောဆို ထားသည်။ ဤပြောင်းရွှေ့နေထိုင်မှု သည် အင်္ဂလိပ်ခေတ် မတိုင်ခင်ကပင်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည် နယ်မှာရှိသော ရခိုင်၊ ရိုဟင်ဂျာ၊ မြို၊ ခမီ၊ ဒိုင်းနက် ၊ သက်၊ ဘရူဝါ (ခ) မာရာမာကြီး စသည့် လူမျိုးတို့သည် ဘင်္ဂလား နယ်တွင်လည်း ရှေးပဝေသဏီ ကပင် အခြေစိုက်နေထိုင် ခဲ့ရာ ယခင်ကပါကစ္စတန် နိုင်ငံ သား ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်နေသည်။ ထိုသူများ သည် မြန်မာနိုင်ငံမှာ လည်းနိုင်ငံသားများဖြစ်နေကြသည်။ ရိုဟင်ဂျာကိုမူတစ်ဖက်နိုင်ငံက ပြည်သူများနှင့်တူညီ သည်ဟု အကြောင်း ပြကာ နိုင်ငံသားမပေးခြင်းသည် အထက်ပါ သမိုင်း ဖြစ်ရပ်မှန်ကို ငြင်းပယ်ခြင်းသာဖြစ်သည်။
ရခိုင်ရှိလူမျိုးစုများ အားလုံးနည်းတူရိုဟင်ဂျာသည် လည်း ဘင်္ဂလားဒေ့ချ်တွင်ယခင် ကာလကပင်ရှိနေခဲ့ ကြောင်း အထက်ဒေါက်တာBuchanan၏ ဘာသာစကား စစ်တမ်းမှာပါရှိသလို(၁၉၂၇ခုနှစ်)ထုတ် ဗြိတိသျှခေတ်စစ် တကောင်း၊ ဂေးဇေးတီးယားနှင့်(၁၉၃၁ခုနှစ်)ဗြိတိသျှ သန်းခေါင်စာရင်းမှာလည်းတွေ့ရှိနိုင်ပေသည်။
မြန်မာ၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံများ လွတ်လပ်ရေး ရရှိသောအခါ နယ်စပ်ဒေသတွင် ၂နိုင်ငံ ပြန့်ကျဲ နေထိုင် သော လူမျိုးစုများကို သက်ဆိုင်ရာနိုင်ငံများက မိမိနိုင်ငံသား အဖြစ် အသိအမှတ်ပြုထားရန် သဘော တူညီချက်ရရှိခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပါကစ္စတန်ခေါင်းဆောင် အာလီဂျီန္နား က (၁၉၄၇- ခု) ဇန်နဝါရီလ (၇-ရက်)နေ့တွင် ကရာချီမြို့၌ ထိုစဉ်က ရခိုင်ဘင်္ဂလား နယ်စပ်အငြင်းပွား မှုနှင့်ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့သည်။ ရခိုင်ကို မြန်မာနယ်အဖြစ် ဂျီန္နားက သဘောတူခဲ့သည်။ ရခိုင်ရှိ ဒေသခံ မွတ်စလင်များကို ဗိုလ်ချုပ်အောင်ဆန်းကမြန်မာ နိုင်ငံသားအဖြစ် သဘောတူလက်ခံခဲ့သည်။ (ဦးပုကလေး- ¤င်းတို့ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ၊ ၂ဝဝ၃ စာ-၂၃၂)။ လက် တွေ့မှာလည်း ၁၉၄၇-ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်မှာ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင်လွှတ်တော် အမတ်၃-ယောက် ပါဝင် ရွေးချယ်ခွင့် ရရှိခဲ့သည်။ ဤ လွှတ်တော်မှာ နိုင်ငံခြားသား ပါဝင်ခွင့် မရှိခဲ့ချေ။ သူတို့သည်လယ်ကူလီ များမဟုတ် သဖြင့် ဗိုလ်ချုပ်ကမဲထည့်ခွင့်၊ ရွေးချယ်ခံခွင့်များ ပြုခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့အားလုံးသည် ဗိုလ်ချူပ်အောင် ဆန်းက နိုင်ငံသားအဖြစ် အသိ အမှတ်ပြုခဲ့သူများဖြစ် သည်။ ထို့နောက်ပိုင်း ဖဆပလ၊ ပထစ၊ အိမ်စောင့်အစိုးရ တော်လှန်ရေးကောင်စီ အစိုးရတို့ကလည်း နိုင်ငံသား အဖြစ်၊လူမျိုးစု တစ်စုအဖြစ် အသိအမှတ်ပြုခဲ့သည်။ နောက် ပိုင်း အစိုးရ၊ အထူးသဖြင့် စစ်အစိုးရများက နိုင်ငံသား အသိအမှတ်ပြုလက်မှတ်(White Cards) လက်မှတ်များ ထုတ်မပေးခဲ့သဖြင့် တချို့လက်ထဲမှာ နိုင်ငံသား အသိ အမှတ်ပြုလက်မှတ်များ မရှိခြင်း ဖြစ်သည်။ ထိုသို့နိုင်ငံသား လက်မှတ်များထုတ်မပေးခြင်း ပင်လျှင်ယနေ့ဖြစ်နေသော ပြဿနာအရပ်ရပ်၏ အကြောင်းခံ တရားဖြစ်သည်။
ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေး ပြဿနာ တစ်ခု စစ်အစိုးရကစတင်ဖန်တီးပေးခြင်း ဖြစ်သည်။ အမျိုးသားမှတ်ပုံတင်များ၊ ဆက်လက်ထုတ်ပေးနေခဲ့လျှင်၊ ထုတ်ပေးပြီးသော မှတ်ပုံတင်များ ပြန်လည်မသိမ်းယူ ခဲ့ လျှင်၊ ယာယီသက်သေခံကတ်ပြားများ (White Cards) ထုတ်မပေးဘဲ တခြားတိုင်းရင်းသား လူမျိုးများကဲ့သို့ နိုင်ငံ သားစီစစ်ရေးကတ်ပြားများ ရိုဟင်ဂျာများက(၁၉၈၉)မှစ၍ ထုတ်ပေးခဲ့လျှင် ယနေ့ဖြစ်ပေါ်နေသော လူမျိုးရေး၊ နိုင်ငံ ရေး၊ ပြဿနာပေါ်ပေါက်ရန် အကြောင်းမရှိပါ။ ခိုးဝင်လာ သူများဟုစွပ်စွဲပြီး အနိုင်ကျင့်ရန်လည်း အကြောင်း ပေါ်မည် မဟုတ်။ ရခိုင်နှင့် ရိုဟင်ဂျာ မုန်းတီးမှုနှင့် တင်းမာမှု မသင့်မမြတ်မှု ရှေးပဝေသဏီကပင်ရှိခြင်း မဟုတ်၊ (၁၇၊ ၁၈ ရာစု) ကတည်းက ရှိနေခြင်း လည်းမဟုတ်ပါ။ သမိုင်း အထောက်ထားအရ ပြောရလျှင် ရခိုင်နှင့် ရိုဟင်ဂျာ (ထိုစဉ် အခေါ် မွတ်စလင်)သည် ကျားနှင့်သိုး တရေတည်းသောက် တမြေတည်းနေ အတူတူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသူများ ဖြစ်ကြသည်။ justice of the sword of the Kingç Tigers and Sheeps drink peacefully together at the same (ghat) water.(See doctor J.Leider, Treaders and Poets in seventeenth century Mrauk-U ,2011).
ယနေ့အခါတွင်ပြည်ထောင်စု အစိုးရမှ အမျိုးသား မှတ်ပုံတင်များ ထုတ်မပေးဘဲ ခိုးဝင်လာသူများဟု စွပ်စွဲရာမှ ပြည်သူများကလည်းအနိုင်ကျင့်လိုစိတ် နှင်ထုတ်လိုစိတ် အတူတကွယှဉ်တွဲမနေနိုင်ဟူုသော စိတ်များပေါ်ပေါက် လာ သည်။ ခိုးဝင်သူများဟု စွပ်စွဲခံရသူများ၏ ပိုင်ဆိုင်မှုများကို ရယူလိုသော မလျော်လောဘများတက် လာခြင်းနှင့် အကြမ်းဖက် မီးရှို့တိုက်ခိုက် ဖျက်ဆီးခြင်းများပေါ်ပေါက် လာခဲ့သည်။ ယခုလက်ရှိ ဒုက္ခသည်(၅-သိန်း)ကျော် တဖက် နိုင်ငံသို့ရောက်ရှိပြီး နိုင်ငံတကာပြဿနာအသွင် ပေါ်ပေါက် နေခြင်းသည်လည်း အထက် ဗဟို အစိုးရ ၏ ခွဲခြားဆက်ဆံခဲ့မှု ၏ အကျိုးဆက်ပင် ဖြစ်ပါသည်။
ဤပြဿနာဖြေရှင်းရန်ကို အချိန်ကာလ ကြာမည်ဟု ပြောခြင်းသည် မမှန်ကန်ပါ။ဗဟိုအစိုးရက ရခိုင်ဒေသ ရှိ ပြဿနာဖြစ်နေသည့် လူမျိုးစုနှစ်စုကို တန်းတူ၊ ညီတူ သဘောထားအသိအမှတ်ပြုပြီး ယခင်အစိုးရများ လက်ထက် မှာကဲ့သို့ ဘက်လိုက်မှုမရှိဘဲ ကစားကွင်း ညီညာအောင် ဖန်တီးပေးလျှင်အချိန်တိုအတွင်း သဟဇာတကျပြီး ငြိမ်းချမ်း စွာအတူနေထိုင်သော လူမှုအသိုင်းအဝိုင်းများ ဖြစ်ပေါ်လာ မည်။ မြို ၊ သက်၊ ခမီ၊ ဘရူဝါ၊ ဒိုင်းနက်များကဲ့သို့ လူမျိုးစု တစ်စုလုံးကို နိုင်ငံသားများအဖြစ် အသိအမှတ်ပြုရန်လို သည်။ ထိုသို့တန်းတူ ညီတူ ဆက်ဆံရခြင်းကို မရှုဆိတ်နိုင်ခြင်း သည်လူမျိုးရေးသာဖြစ်ပြီး နိုင်ငံအတွက်နစ်နာစရာဖြစ် မည်။
တစ်ဖက်နိုင်ငံမှ လာပြီးမြန်မာ့အရိပ်ကို မှီခိုကာ နိုင်ငံ သားဖြစ်လိုသယောင် သဘောထားလျှင်ပြဿနာ ဖြေရှင်း သွားမည်ဟုမထင်မြင်ပါ။ တချို့က ပြောဆိုခံယူထားသလို ရခိုင်ဒေသသည် ရခိုင်လူမျိုး တစ်မျိုးတည်း၏ ပိုင်ဆိုင်မှု မဟုတ်ပါ။ မြို ၊ သက်၊ ခမီများသည် ရခိုင်ထက် ရှေးကျသူ များဖြစ်သည်။ (၁၅-ရာစု)အစ ရခိုင်ဘုရင် ထီးနန်းပျောက် ၍ ဘင်္ဂလားမှာသွားခိုလှုံပြီး ဘင်္ဂလားပထန်ဘုရင်၏ ပထန် စစ်သည်၂-သောင်း၏ အကူအညီဖြင့် ရခိုင် ထီးနန်းပြန် ရရှိခဲ့ရာ ထိုဘုရင်(နိရမိတ်လ)က မြို့တော်ကို မြောက်ဦး သို့ရွှေ့ပြောင်းခဲ့သဖြင့် မြောက်ဦးမင်းဆက် ပေါ်ပေါက်လာ ခြင်းဖြစ်သည်။ ဘုရင်နှင့် နိုင်ငံကို ကာကွယ်စောင့်ရှောက် ရန် ထိုပထန် စစ်သည်များကို မြောက်ဦး ပတ်ဝန်းကျင်တွင် နေရာချထားခဲ့ကြောင်း သမိုင်းအထောက်အထား ရှိသည်။ (Career Rakhine Politician and Historian “U Hla Tun Phyu” Naramaik La , the Mrauk-U Kingç 1998 Rakhine Tasaung Annual Magazines. ) ထို့ကြောင့် ရခိုင်ပြည်သည် မွတ်စလင်များ ၏ ”ဇာတိမြေ” ဟုဆိုရပေမည်။ ယနေ့ထိုမွတ်စလင်တို့၏ အဆက်အနွယ် များကို အားလုံးခိုးဝင်လာသူ နိုင်ငံခြားသားဟု နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်းက ပြောဆိုနေခြင်းသည် လွန်စွာမှ တရားလွန် ဖြစ်နေသည်။ ”ရခိုင်ပြည်မှာ မွတ်စလင်များ နှင့် ပတ်သက်သော သမိုင်းအထောက်အထား ထောင်ချီ၊ ရာချီ ရှိပါသည်။ နောက်ဆုံး (၁၉၂၆-ခုနှစ်) ဗြိတိသျှ အုပ်ချုပ်ရေးမှူး Charles Paton၏ လူဦးရေ စစ်တမ်းတွင် (ရခိုင် ၆ဝ-ရာခိုင်နှုန်း၊ မွတ်စလင် ၃ဝ-ရာခိုင်နှုန်း ၊ ဗမာ ၁ဝ-ရာခိုင်နှုန်း) ဟုပါရှိရာ ထိုမွတ်စလင်များသည် မြန်မာဥပဒေအရပ် ရပ်နှင့်အညီ တိုင်းရင်းသားများဖြစ်နေပါသည်။” အထက်ပါ သမိုင်း ကြောင်းနှင့် ဥပဒေကြောင်းကို ငြင်းဆိုပြီး အားလုံး ခိုးဝင်ဘင်္ဂါလီဟုစွပ်စွဲ၍ စီစစ်ခြင်း (Verification) ပြုလုပ် ရမည်။( NVC National Verification Cards) နိုင်ငံသား စီစစ်ခံရမည့်သူများ၏ သက်သေခံ ကတ်ပြား ကိုင်ဆောင်ရ မည်ဟု အတင်းအကျပ် ပြုလုပ် ခြင်းသည် ဒီမိုကရေစီ နှင့် လူအခွင့်ရေး ပေတံနှင့် ကိုက်ညီမှုမရှိပါဟု ဆိုရမည်။ဆောင်းပါးရှင်၏ နိဒါန်း ပိုင်းတွင် ရေးသားထားသလို ရခိုင်နယ်စပ်မှာ လူမျိုး အားလုံး ကြိုက်ရာမှာ ရွှေ့ပြောင်းနေ ထိုင်မှုရှိခဲ့သည်ကို မေ့လျော့၍မရပါ။ လူမျိုးမတူ၊ ဘာသာ မတူလျှင် နိုင်ငံသားမဖြစ်ရဟူသောအမြင်သည် လူမျိုးရေး သက်သက် သာဖြစ်သည်။ ထိုအမြင်ပင်လျှင် ယနေ့ ရခိုင် မြောက်ပိုင်းပြဿနာ၏ အခြေခံအကြောင်းတရားတစ်ခု ဖြစ်သည်။
ထို (Verification)စီမံချက်ဖြင့် ဆက်လက် စီမံ ဆောင်ရွက်သွားလျှင် NVCကိုင်ရမည်၊ ရခိုင်စိစစ်ရေး အဖွဲ့ များ၏ ထောက်ခံချက်ရှိရမည်ဟု ပါရှိရာ၊ မည်သည့် ရိုဟင်ဂျာမှ နိုင်ငံသား ဖြစ်နိုင်ခြေမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသွားသော နှစ်ဖက် လူ့အဖွဲ့အစည်း ပြန်လည်သင့်မြတ်စွာ နေထိုင်နိုင် ရေးသည် ဖြစ်နိုင်ဖွယ်ရာမရှိပေ။ ဤတွင် မူလ ဆောင်းပါးရှင် က ”ဘင်္ဂါလီမျိုးနွယ် ကျွန်ုပ်တို့၏ နိုင်ငံသားများနှင့် မြန်မာနိုင်ငံ ၏ တိုင်းရင်းသား မျိုးနွယ် တစ်ခုအဖြစ် ၎င်းတို့ကိုယ်ကို ၎င်းတို့ ထုတ်ဖော်ပြောဆို နေကြသော တရားမဝင် ဘင်္ဂါလီ များအကြား ကွဲပြားခြားနားသည်ဟု ဆက်လက်ရေးသားခဲ့ သည်။
ကျွန်ုပ်တို့၏ သမိုင်း တစ်လျှောက်တွင် ၎င်းလူမျိုးဟူ ၍ မရှိခဲ့ချေဆောင်းပါးရှင်မှာ လေ့လာမှုမရှိ၍ သမိုင်းမှာ မရှိခဲ့ဟု ပြောခြင်းဖြစ်သည်။ Gil Christ၏ (၁၇-နှစ်ရာစု) တောင်အာရှ ဘာသာစကားစစ်တမ်း၊ Rennal ၏ (၁၈-ရာစု)၊ ဘင်္ဂလားမြေပုံ Francis Bochanan ၏ (၁၈-ရာစု) မြန်မာအင်ပါယာအတွင်းရှိ ဘာသာစကား ကွင်းဆင်းစစ် တမ်း၊ (၁၇-ရာစု) ရခိုင်ဘုရင် ဆန္ဒာသုဓမ္မ အတွက် နန်းတွင်း စာဆို အလာဝါလ်၏ ချီးမွန်းခန်းထုတ် စာအုပ် (နကူသါပ) စသည့် စသည်သမိုင်းမှတ်တမ်း များမှာ ရခိုင်က မွတ်စလင် များကို ရိုဟင်ဂျာခေါ်ဆို ကြောင်း လေ့လာနိုင်ရန် စာအုပ် ရည်ညွှန်းပြလိုပါသည်။ သမိုင်းကြောင်းမှာ ရိုဟင်ဂျာရှိနေ၍ တချိန်က ရိုဟင်ဂျာ မရှိဟု ငြင်းဆိုခဲ့သောသူများပင်လျှင် ယခု ရိုဟင်ဂျာ ရှိသည် ဟု ပြောဆိုနေပေသည်။ ရိုဟင်ဂျာ သည် (၁၆၊၁၇- ရာစု) လောက်က ဘင်္ဂလား နယ်သားများက ရခိုင်အမျိုးသားများကို ခေါ်ဆိုခြင်းဟု ပြောဆိုရှင်းလင်း နေသည်ကို သတိထားရမည် ဖြစ်ပါသည်။ (မကြာခင်က အလုပ်ရုံဆွေးနွေးပွဲ တခုမှာဒေါက်တာ အေးချမ်း ၏ ရှင်းလင်းချက်ကို ရှုပါ)။ဘင်္ဂါလီများက ရခိုင်ကို ယနေ့ အထိ ရိုဟင်ဂျာဟုမခေါ်၊ မောဂ်ဟုသာခေါ်သည်။ ရိုဟင်ဂျာ စကားနှင့် ရခိုင်စကားမတူညီကြောင်း Buchanan ၏ ဘာသာစကား နှိုင်းယှဉ်ပြ စစ်တမ်းမှာတွေ့ရမည်။
ယနေ့ မျိုးချစ်တချို့ကပြောသလို မြန်မာနိုင်ငံသား ဥပဒေမှာနိုင်ငံသားဖြစ်ခြင်းကို သွေးအခြေခံ၍(လူမျိုးကို အခြေခံ၍) သတ်မှတ်ထားခြင်းမဟုတ်။ မြန်မာနိုင်ငံတွင် ၁၈၂၃-ခုနှစ် မတိုင်ခင်ကပင် အခြေစိုက် နေထိုင်သူများ ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားကြောင်း လေ့လာတွေ့ ရှိရသည်။ လူမျိုးကိုအခြေခံလျှင် နိုင်ငံခြားမှာ မွေး၊ နိုင်ငံ ခြားမှာကြီးပြင်းသော တိုင်းရင်းသား မျိုးနွယ်စုသည်လည်း မြန်မာနိုင်ငံသား ဖြစ်ရမည်။ လက်တွေ့မှာ နိုင်ငံခြားတွင် မွေးပြီး နိုင်ငံ
နိုင်ငံခြားမှာကြီးပြင်းသော တိုင်းရင်းသားမျိုးနွယ် စုသည်လည်း မြန်မာနိုင်ငံသားဖြစ်ရမည်။ လက်တွေ့မှာ နိုင်ငံခြားတွင်မွေးပြီး နိုင်ငံခြားမှာကြီးပြင်းလာသူသည် မြန်မာဥပဒေအရ နိုင်ငံသားမဖြစ်နိုင်ချေ။ ထို့ကြောင့် သမိုင်းကြောင်းနှင့် ဥပဒေကိုလေးစားလျှင် ရိုဟင်ဂျာသည် တိုင်းရင်းသား ဖြစ်နေခြင်းပေါ် ကန့်ကွက်ရန်မရှိပါ။ မျိုးချစ် တချို့က ပြောဆိုရှင်းလင်းနေသလို မျိုးမတူ၊ ဘာသာမတူ၊ ရုပ်သဏ္ဍာန်မတူ၊ ဗမာစကားမပြော တတ်သူသည် နိုင်ငံ သားမဖြစ်စေရဟု မြန်မာဥပဒေရှိခဲ့လျှင် ယနေ့ အာဏာပိုင် တချို့ပြောနေသလို ရိုဟင်ဂျာများက (NVC)ကိုင်၍ နိုင်ငံ သားပြု ခွင့်လျှောက်ထားရမည် ဖြစ်ပါသည်။ ထိုသို့သော ဥပဒေယနေ့ အထိမရှိသေးပါ။
ဆောင်းပါးရှင်သည် ရိုဟင်ဂျာများကို ဆောင်းပါး တစ်နေရာမှာ ”လယ်ကူလီများ အဖြစ် အလုပ်လုပ်ကိုင်ရာ ရခိုင်ဒေသသို့ လာရောက်လေ့ရှိပြီး စပါးရိတ်သိမ်းပြီးလျှင် ¤င်းတို့ နေရာရင်းဒေသများသို့ ပြန်သွားလေ့ရှိ ပါသည်ဟု” ဖော်ပြပြန်သည်။ ဤတွင်ဒေသခံ မွတ်စလင်များလယ်ကူလီ ဖြစ်ရန်အကြောင်းမရှိပေ။ တချို့ ပညာရှင် ဆိုသူများက ဗြိတိသျှဂေးဇေးတီးယား စစ်တွေခရိုင်(အတွဲ-က)ကို ကိုး ကားပြီးစစ်တကောင်းသား များ မောင်တော၊ ဘူးသီးတောင် စသဖြင့် ဝင်ရောက်ဝါးမျိုနေသည်ဟု မီးမောင်းထိုးပြပြီး နိုင်ငံ ရေးစည်းရုံးနေကြောင်း တွေ့ရသည်။ အထက်ပါ ဂေးဇေး တီးယားကို ဤမျှမှန်ကန်သည်ဟု လက်ခံလျှင် ¤င်းတွင် ရခိုင်ကို မောဂ်(Maugh))ဟု ဖော်ပြထားရာ ရခိုင်များက ထိုမောဂ်(Maugh))နာမည်ကို လက်ခံထားကြမလား။ ထို ဂေးဇေးတီးယားတွင်မှာပင် ထီးနန်းစွန့်ခဲ့ရသော နရမိတ်လ ဘုရင်ကို ရခိုင်ထီးနန်း ပြန်ရရှိရန် ရောက်ရှိခဲ့သော ဘင်္ဂလား စစ်ကူပထန်တပ်သားများအတွက် (Sandhikhan)ဗလီကို မြောက်ဦးတွင် တည်ဆောက်ပေး ခဲ့သည်ဟုပါရှိသည်။ ဗလီ၏အတိုင်းအထွာနှင့် တည်ဆောက်ပုံများပါ ပါပေ သည်။ထို့အတူ စစ်တွေမြို့ တောင်ဘက် အစွန်မှာရှိသော (Badarmokan)ဗလီကို ၁၈-ရာစုလယ်လောက်က မွတ်စလင်များ တည်ဆောက်ပြီး မွတ်စလင်များကပင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်စီမံခန့်ခွဲလာသည် ဟု အထက်ပါ ဂေးဇေးတီးယားမှာပါရှိသည်။ ခေတ်သစ် သမိုင်းပညာရှင်ဆိုသူ ဦးခင်မောင်စော၊ ဒေါက်တာအေးချမ်း တို့က ဂေးဇေးတီးယားအတိုင်း လက်မခံဘဲ သူတော်စင် တရားအားထုတ်စခန်းသာ ဖြစ်ကြောင်းမွတ်စလင်ဗလီ မဟုတ်ကြောင်းနရမိတ်လက ဘင်္ဂလားအကူအညီယူခဲ့ခြင်း မရှိကြောင်း သမိုင်းအမြင်အသစ်များ ရေးသား ဖော်ထုတ် နေသည်ကို မည်သို့သုံးသပ်ရမည်နည်း။ သို့ရေးခြင်းသည် သမိုင်းမဟုတ်ဘဲလူမျိုးရေး ဝါဒဖြန့်ခြင်းသာ ဖြစ်သည်။သမိုင်း မသိသူကို လှည့်စားခြင်းဖြစ်သည်။
အင်္ဂလိပ်ခေတ် စစ်တကောင်းမှလာသူများ အားလုံး သည် ဘင်္ဂါလီများမဟုတ်၊(၁၈-ရာစု)နှောင်းပိုင်း မြန်မာ ဘုရင်အားပုန်ကန်အုံကြွမှု (ပြည်တွင်းစစ် ကာလ)အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့သူများပြန်လည် ဝင်လာခြင်း လည်း ရှိပါသည်။ ရခိုင်သမိုင်း၏ဘိုးတော် ရခိုင်မှု၊ ရခိုင်အမြင်ဖြင့် သမိုင်းပြုစုရေးသားနေသူ (Dr.J Leider \”Rohingya the name,the movement -2014-p16) ကို ရည်ညွှန်း၍ ဖော်ပြရလျှင်(“When thousands of people fled Rakhine in the latest 18th century under the pressure of Myanmar troops who brutally requisition Rakhine rice stocks for King Bodawphayas]s naval e_peditions against Siamç there were also Muslims.They(Muslims were easily integrated into the Locals society of the Chittagong Distict. There is no reason not to assume that many of them return to Rakhine as well though we unfortunately known nothing in details”.)
ဆိုလိုရင်းမှာ ရခိုင်ပြည်ပြည်တွင်းစစ် ကာလက ဘင်္ဂလားသို့ ထွက်ပြေးသူများတွင်မြောက်မြားစွာသော မွတ်စလင်များလည်းရှိခဲ့ရာ ထိုသူများ ပြန်လည်ဝင်လာခဲ့ သည့် မှတ်တမ်းများရှိပေသည်။ အသေးစိတ် မသိရခြင်းသာ ဖြစ်သည်ဟုရေးသားထားသည်။ ထို့ကြောင့် အင်္ဂလိပ်ခေတ် ရခိုင်သို့ ဝင်လာသူ အားလုံးသည် စစ်တကောင်းသားများ မဖြစ်နိုင်ချေ။အထက်ပါ(Dr. J. Leider)ကပင်(Competing identities – 2015 page-21) မှာမြောက်ဦးခေတ်တွင် တစ်ဖက်နိုင်ငံမှ စစ်သုံ့ပန်းများ ဖမ်းဆီးခေါ်ဆောင်လာ သူများ ဘုရင့် အုပ်ချုပ်ရေး ယန္တရားများတွင် အများအပြား ရှိခဲ့ကြောင်းကို —
“Still deportation was a well knowm aspect of Arakan’s territorial expansion and political rise and typical of royal policies in Southeast Asia to supplement limited man power.” Many Muslims members of the Court elite of Maurk-Oo in the 17th century who were palace guards, administrators, and royalservants, eunuchs,poets had also been captured and deported — References to this small pre-colonial elite ဆိုလိုရင်းမှာ ရခိုင်ဘုရင်ခေတ်တွင် စစ်သုံ့ပန်းများ ဖမ်းဆီးခေါ်ယူလာသူများနှင့် အခြားတိုင်းတစ်ပါးသား များ ကို နိုင်ငံတွင်းလူဦးရေတိုးပွားစေလိုသော စသူငခပရှိခဲ့၍ (၁၇-ရာစု) လောက်က ရခိုင်နန်းတွင်းမှာ ရာထူး အမျိုးမျိုး အလုပ်အမျိုးမျိုး၌ နေရာချထားခဲ့သည်။ မွတ်စလင်များ သည် ဂုဏ်သရေရှိမင်းဝန်ထမ်းများ အစုအဖွဲ့များဖြစ်ခဲ့ သည်။
ဆောင်းပါးရှင်၏ ရေးသားချက်တွင် ရှေ့နောက် မညီ သော စကားလည်းပါရှိပြန်သည်။ ဥပမာ- Arakan (သို့မဟုတ်) ရခိုင်ဧရိယာကို(ဘင်္ဂလားက) ရိုဟင် အဖြစ်သိရှိ ကြပြီး ရိုဟင်မှစပါးရိတ်ပြီး ပြန်လာသူများကို ရိုဟင်ဂျာ ဟု ခေါ်ကြပေသည်။ အဓိပ္ပါယ်မှာ Arakanဒေသမှ ပြန်လာသူဟု ဖြစ်သည်”
”ဤတွင် ဂျာသည် ဘင်္ဂါလီစကား(မှပြန်လာသူ) မဟုတ်ဒေသခံ ဟု အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်၍ ရိုဟင်မှာ-ရခိုင်ဒေသဖြစ်ပြီးဂျာမှာ အခြေစိုက်နေထိုင်သူဖြစ်သည်။ ရခိုင်ဒေသမှာ အခြေစိုက်နေထိုင်သော မွတ်စလင်များကို ခေါ်ခြင်းဖြစ်သည်။ ခေတ်သစ်ရခိုင်နိုင်ငံရေးသမား တချို့က ရခိုင်မှ ပြန်လာသူလယ်ကူလီများကို ရိုဟင်ဂျာများဟု အဓိပ္ပါယ် ဖွင့်ဆိုသူရှိသလို ဒေသခံရခိုင်များကို (၁၆၊၁၇-ခုနစ်)ရာစုက ဘင်္ဂါလီများက ခေါ်ဆိုသောနာမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုသူများကလည်း ရှိပြန်သည်။ ၎င်းးတို့တွင် အမြင်ကွဲလွဲနေကြသည်။ ၎င်းသည် သမိုင်းမဟုတ် လိုရာ ဆွဲပြောဆိုနေခြင်းသာဖြစ်သည်။ မမှန်သည်ကို အဖြစ်မှန်ဟု ခံယူခြင်း Illusionသာဖြစ်သည်။ ရခိုင်ကို ဘင်္ဂါလီများက (မောဂ်)ဟုသာခေါ်သည်။Dr. Buchanan၏ ဘာသာ စကားစစ်တမ်းမှာလည်း ရခိုင်ရှိ Rooinga တို့၏ စကားနှင့် ရခိုင်တို့၏စကားသည် လုံးဝမတူကြောင်းတွေ့ရှိရမည်။
ဆောင်းပါးရှင်က မြန်မာနိုင်ငံတွင်းသို့ ဥပဒေမဲ့ ဝင်ရောက်ကာ ရွှေ့ပြောင်းအခြေစိုက် နေထိုင်သူများအား ဖော်ထုတ်ရန် (၁၉၆၇-ခုနှစ်)လောက်က ကျီးကန်း စစ်ဆေးရေးနာမည်ဖြင့် လဝကဝန်ထမ်း(၂ဝဝ)ကျော်နှင့် သူကိုယ်တိုင်ကြီးမှူး၍ စစ်ဆင်ရေးပြုလုပ်ပြီး ဘင်္ဂါလီ (၂ဝဝဝ)ကျော်ကို ဖမ်းဆီးကာနယ်စပ်မှ ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု ရေးခဲ့သည်။ ပြည်နှင်ဒဏ်ပေးသည်ဆိုလျှင် သက်ဆိုင်ရာအစိုးရ၏ အာဏာပိုင်များနှင့် ဆက်သွယ်၍ လွှဲပြောင်းပေးရန်သာရှိခဲ့သည်။ ယခုရခိုင်ပြည်နယ်တွင် ရှိနေသူများခိုးဝင်လာသူဟု စွပ်စွဲခံရသူများ သည်လည်း ထိုစဉ်တွင် ရခိုင်ပြည်နယ်မှာ ရှိနေခဲ့သူများဖြစ်သည်။ လဝက မှတ်တမ်းများမှာ သူတို့၏ စာရင်းမှတ်တမ်းများလည်း ရှိနေမယ်။ ခိုးဝင်လာသူဆိုလျှင် ထိုစဉ်ကတည်းက ပြည်နှင် ဒဏ်ပေးခဲ့ရမည် ဖြစ်သည်။ နိုင်ငံတကာက ဒီနေ့ သူတို့ကို ထောက်ခံနေသည်ဟု ပြောခြင်းသည် မသိနားမလည်၍ ၊ ဘက်လိုက်၍၊ တကယ်မရှိသောလူမျိုးတစ်မျိုးအဖြစ် အသစ်တီထွင်လို၍၊ မဖြစ်နိုင်ပေ။ ဆောင်းပါးရှင်က ”¤င်းတို့ သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် ခံယူလိုသည်၊ မြန်မာနိုင်ငံမှာယာယီနေထိုင်ပြီး တခြား တတိယနိုင်ငံတွင် အခြေချနေထိုင်ရန် ကြိုးပမ်းခြင်းဖြစ် သည်။ ဒေသတွင်းတွေ့ရသော လှေစီးဒုက္ခသည် အများစု မှာ မြန်မာမြေပေါ်ခြေချသူများပင်မဟုတ်ဘဲ တစ်ဖက် နိုင်ငံ သားများ ဖြစ်ကြသည်”ဟု ရေးသားထားသည်။
၎င်းတို့က တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် ခံယူလိုရန်အကြောင်းမရှိ။လွတ်လပ်ရေး ရပြီးအချိန်မှ စ၍ တရားဝင်တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်ကြောင်း မှတ်တမ်း များရှိသည်ကို ပြန်ကြည့်ရှုရန်လိုပေမည်။ ထို့အပြင် လှေစီး ဒုက္ခသည်များတွင် မြန်မာပြည်ကမွတ်စလင်များပါရှိခြင်းကို ဘက်မလိုက်သော အဖွဲ့စည်းတစ်ခုခုက ကွင်းဆင်းစိစစ် မှသာသိရမည်။ မြန်မာရေပြင်တွင် ဖမ်းဆီးခံခဲ့ရသော လှေစီးဒုက္ခသည်များကို တစ်ဖက်နိုင်ငံနှင့် မသက်ဆိုင်၍ မြန်မာအစိုးရက လက်ခံထားခြင်းလည်း ရှိပေသည်။
အပေါ်က ဆောင်းပါးတွင်¤င်းတို့သည် မူဂျာဟစ် လက်နက်ကိုင် လှုပ်ရှားမှုမအောင်မြင်သဖြင့် လူအင်အားဖြင့် ရခိုင်ပြည် မြောက်ပိုင်းကို ဝါးမျိုရန်၊ ထိုဒေသမှရခိုင်များကို ဖယ်ထုတ်ရန် ရည်မှန်းကြံရွယ် လုပ်ဆောင် နေခြင်းဖြစ်သည် ဟု”မီးမောင်းထိုး ပြသေးသည်။ ဤတွင် မူဂျာဟစ်လှုပ်ရှား မှုမအောင်မြင်ဟု ပြောခြင်းထက် ထိုစဉ်က မြန်မာအစိုးရက (ဦးနေဝင်း ၏အိမ်စောင့်အစိုးရပါဝင်က) ရိုဟင်ဂျာများကို တန်းတူရည်တူ တခြားတိုင်းရင်းသားများနည်းတူ အခွင့်ရေး များပေးမည်ဟု ကတိကဝတ်များပေးခဲ့ခြင်းကြောင့် လက် နက်ချငြိမ်းချမ်းရေးယူသည်ဟု ပြောဆိုလျှင်ပို၍ မှန်ကန်ပေ မည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများ သည် ရိုဟင်ဂျာများ၏ ပရိယာယ်လှည့်ပြမှု အောက်သို့ ရောက်ခြင်းဟုဆိုခြင်းလည်း မမှန်ပါ။ ယနေ့ ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်သည် စစ်မဖြစ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ဆောက် ရေး သာမဟုတ်ဘဲ လူအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ကလေးသူငယ်များအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ အလုပ်သမားများ အခွင့်ရေးများကိုပါ ကာကွယ်စောင့် ရှောက်ပေးရသည့်အပြင် ဆင်းရဲသောနိုင်ငံများ၏ စီးပွား ရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တာဝန်ယူ ဆောင် ရွက်ရသည်။ ရိုဟင်ဂျာသည်လူမျိုးအသစ် ဖန်တီးနေသည် ဟုဆိုခြင်းသည် ကမ္ဘာမှာ ယနေ့ရှိနေသောလူမျိုးစု အားလုံး သည် တစ်ချိန်တည်း သဘောဖြင့် ပေါ်ပေါက်ခဲ့ခြင်းမဟုတ်။ခေတ်ကာလ အခြေနေပတ်ဝန်းကျင်ကြောင့် အသစ် အသစ် Evolutionaryပုံစံဖြင့် ပေါ်ပေါက်ခြင်းသာ ဖြစ် သည်။
လူမျိုးဟောင်းများပျောက်ပြီးလူမျိုးသစ်များ ပေါ် ပေါက်လာခြင်းမျိုးရှိပါသည်။ မြန်မာပြည်တွင် လူမျိုး(၁၃၅- မျိုး)ပြောဆိုနေသော်လည်း ၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်း မှာ လူမျိုးဦးရေ (၆ဝဝ) အထိ တိုးပွားလာသည် ဟု လဝက ဝန်ကြီး ဦးခင်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်။ မိမိတို့က ¤င်းကိစ္စကိုမဆုံးဖြတ်နိုင်ကြောင်း လာမည့်လွှတ် တော်မှာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ကို တွေ့ရသည်။ မြန်မာပြည်တွင်တချို့က မိမိလူမျိုး နာမည် များကို ပြောင်းလဲခံယူခြင်း ရှိကြောင်းလည်း တွေ့ရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှင့် လူအခွင့်ရေးဆိုင်ရာ အစီရင်ခံစာတင်မည့် ပုဂ္ဂိုလ်များကလည်း လူမျိုးတစ်မျိုး မှာ မိမိအမည်နာမကို ရွေးချယ်ခံယူပိုင်ခွင့်ရှိကြောင်း မြန်မာပြည် ခရီးရောက်ရှိခဲ့စဉ်က အကြိမ်ကြိမ်ပြောဆိုခဲ့ ကြောင်းတွေ့ရသည်။
မူလဆောင်းပါးရှင် ရေးသားသလို စားစရာမဲ့၊ ဝတ် ဆင်စရာမဲ့၊ ဘင်္ဂါလီများရှိကောင်းရှိမည်။ ထိုသူများ မြန်မာ နိုင်ငံသို့ ကူးပြောင်းပြီး တတိယနိုင်ငံသွားနိုင်စေရန် ကြိုးစား ခြင်းမဟုတ်။ (၂၅- နှစ်) လုံးလုံး နယ်စပ်တစ်လျှောက်မှာ ချထားသော နစကတပ်ဖွဲ့ဝင်သုံးထောင်ကျော်က ထိုသို့ ကူးပြောင်း လာသူ ဘင်္ဂါလီများကို မတွေ့ရှိခဲ့ချေ။ ဘင်္ဂလား မှာ အလုပ်အကိုင် ပေါပြီး ဝင်ငွေကောင်းသဖြင့် ရခိုင်က ဆင်းရဲသားများ ဘင်္ဂလားဒေ့ရှ် သွား၍ ဝမ်းရေးရှာကြောင်း ဝန်ကြီးများ၏ လွှတ်တော်တွင်း အစီရင်ခံစာမှာပင် တွေ့ရသည်။ ဘင်္ဂလားသားများဝင်လာသည်ဟု ဆိုခြင်း သည် ငါ့စကောပုံပြင်မှာကဲ့သို့ တစ်ယောက်နားမှ တစ် ယောက် အဆင့်ဆင့်ပြောနေခြင်းသာဖြစ်သည်။ ဘင်္ဂလားမှ တရားမဝင်၊ ဝင်လာသူများဖြစ်လျှင် ယခင်ထွက်ပြေး တိမ်း ရှောင်ခဲ့သူ သိန်းချီသောလူများကို မြန်မာအစိုးရက အဘယ် ကြောင့်ပြန်လည် လက်ခံထားရှိခဲ့သနည်း။ ယခု ပူပူ လောင်လောင်ထွက်ပြေးတိမ်းရှောင်နေသူ (၅-သိန်း) ကျော်နှင့် ဆက်လက်ထွက်ပြေးနေဆဲသူများကို အဘယ် ကြောင့် ပြန်လည်လက်ခံခေါ်ဆောင်လာမည်နည်းဟု ပြောနေပါသနည်း။ နယ်စပ်သဘာဝအရ နယ်စပ် တစ်ဖက် တစ်ချက်တွင် တူညီသောလူမျိုးများ နေထိုင်ကြသည့် သဘာဝရှိသည်။
ရခိုင် ဘင်္ဂလား နယ်စပ်မှာလည်း ရခိုင်၊ ဗရာဝါ၊ ဒိုင်းနက်၊ မြို စသည့်လူမျိုးများသည် နယ်စပ် တစ်ဖက်တစ် ချက်တွင်နေထိုင်သည်။ သူတို့ အားလုံးကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုထားပေသည်။ ရိုဟင်ဂျာကို တဖက်နိုင်ငံရှိ လူများနှင့်တူသည်ဟု စွပ်စွဲပြီး နိုင်ငံသား မပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကြောင့်နိုင်ငံတကာက ကရုဏာသက်ခြင်းဖြစ်သည်။ ယနေ့ထွက်ပြေးသူ(၅ -သိန်း) ကျော်ကိုပြန်လည် လက်ခံခေါ်ယူ၍ နေရာချထားပေးမည်။ လူမှုအထောက်အကူများပေးမည်၊ ပြန်လည်ထူထောင်ရေး နှင့် တိုးတက်ရေးကို ပြန်လည် စီမံပေးမည်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို စီမံဆောင်ရွက် ပေးမည် ဟု ဒေါ်အောင်ဆန်းစုကြည် ကသူ့မိန့်ခွန်းမှာ ပြောဆိုခဲ့သည့် အပြင် နိုင်ငံသူနိုင်ငံသားအားလုံးကိုလည်း ဝိုင်းဝန်းအားပေး ကူညီရန် တောင်းဆိုခဲ့သည်။
ဤ အခြေအနေတွင် ခိုးဝင်ဘင်္ဂါလီ၊ ရေကြည်ရာ မြက်နုရာ ရှာနေသူဘင်္ဂါလ၊ီ တတိယနိုင်ငံသွားလိုသူ ဘင်္ဂါ လီပြီးနောက် လူအင်အားဖြင့်ဝင်လာပြီး မွတ်စလင် နိုင်ငံ တည်ထောင်လိုသူ ဘင်္ဂါလီစသည့်ဖြင့် လူမျိုးရေး ဓာတ်ပြား ဟောင်းများ တီးနေခြင်းသည် ရိုဟင်ဂျာများ နယ်ခံ ၊ မြေခံ မဟုတ်ကြောင်း မီးမောင်းထိုးပြရန် ပညာရှင်ဆိုသူများ ခေါ် ပြီး အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းသည် နိုင်ငံတိုး တက်ဖွံ့ဖြိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံခေါင်းဆောင်များ ရည်မှန်းထားသော စီးပွားရေး၊ လူမှုရေး၊ တိုးတက်မှုများကို ပျက်ပြားစေရန် ဖန်တီးခြင်းမျိုးသာဖြစ်မည်။ယခင်အစိုးရက ခိုးဝင်လာသူဟု ပြောခြင်းနှင့် ယခုအစိုးရက လာရောက်နေထိုင်နေသူများဟု ပြောခြင်းသည် အတူတူပင် ဖြစ်သည်။ နှစ်မျိုးစလုံးသည် ခွဲခြားဆက်ဆံရေးကို ရည်ရွယ်ဦးတည်ခြင်းသာ ဖြစ်သည်။ ရိုဟင်ဂျာသည် မည့်သည့်နိုင်ငံကမှရွှေ့ပြောင်း လာရောက် နေထိုင်သူများမဟုတ်ကြောင်း ရေခံ၊ မြေခံ ရခိုင်ဒေသဖွား များဖြစ်ကြောင်းနှင့် တစ်ဆင့်ထပ်ရှင်းပြ ရလျှင် ရခိုင် ဒေသ ၏ ရှေးဦးမူလဘူတလူမျိုးစုဖြစ်ကြောင်း ယနေ့ ကမ္ဘာ့သမိုင်း ပညာရှင်များက ဖော်ထုတ်ရေးသား ထားသည် ကိုတွေ့ရ သည်။ ရခိုင်မှုဖြင့်နောက်ဆုံး သုတေသနပြုနေသော ပညာ ရှင် (Dr.J Leider \ Rohingya the name,the movement, 2014 ၂ဝ၁၄ စာမျက်နှာ ၁ဝ တွင် ” What we learn from him(Francis Buchanan) is on the one hand that there was a Muslims community in Rakhine at the moment of the conquest in 1784 and ,on the other hand, both Muslims and Hindus among those hundreds or thousands of Rakhine who had been deported and resettled in upper Myanmar. These Muslims spoke an Indian Language of their own in which they called themselves Rooinga — there is absolutely no doubt about the existence of Urban and Rural Muslims communities who were living inside the Kingdom that became part of Myanmar in 1785 . “)
ဆိုလိုရင်းမှာဘိုးတော်ဘုရားရခိုင် ကိုသိမ်းပြီးအပြန်တွင် ခေါ် ဆောင်လာသောစစ်သုံ့ပန်းများမှာ ရခိုင် အပြင် မြောက် များစွာသော မွတ်စလင်များ၊ ဟင်ဒူများပါဝင်သည်။ ¤င်းတို့ ကအိန္ဒိယနွယ်ဘာသာစကား တစ်မျိုးပြောပြီးမိမိကိုယ်ကို ရိုဝင်ဂျာဟုခေါ်ဆိုသည်။—ထို့ပြင်မြောက်ဦးမြို့ပေါ်နှင့် ကျေးလက်များတွင် မွတ်စလင် ရပ်ရွာများမြောက်မြားစွာရှိခဲ့ သည်။
ဤသုတေသနပြုချက်ကိုထောက်ရှုပါက ဆောင်းပါး ရှင်က ရေးထားသလို အင်္ဂလိပ်ခေတ်မှာ အိန္ဒိယ၊ ဘင်္ဂလား မှ ခိုးဝင်လာသူများ တရားမဝင်မှတ်ပုံတင်ရထားသူများ မဖြစ်နိုင်ချေ။ လက်တွေ့အားဖြင့်(၁၉၈၃- ခုနှစ်) သန်း ခေါင်စာရင်းတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင် လူဦးရေသည် စုစုပေါင်းရခိုင်ပြည်နယ်၏ (လူဦးရေ ၂၉.၄) ဟုတွေ့ရှိရ သည်။ ၂ဝ၁၃- ခုနှစ် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က ပြည်နယ်လဝကရုံးမှတ်တမ်းကို ညွှန်း၍ ဖော်ပြသော ပြည်နယ်မွတ်စလင်လူဦးရေမှာ(၂၈.၄)ဖြစ်သည်။ နှစ်ပေါင်း (၃ဝ)တွင် လူဦးရေတိုးမလာဘဲ လျော့နည်း သွားသည်ကို သာ တွေ့ရသည်။ သို့ဖြစ်၍ ခိုးဝင်လာသူ တတိယနိုင်ငံသိ့ု သွားရန်ဝင်လာသူ စသည့်တို့ဘယ်မှာနည်း။ သို့ဖြင့် ပညာရှင်များ၊ စာရေးသူများ၊ နိုင်ငံခေါင်းဆောင်များ၊ အခြေ အမြစ်မရှိသော စွပ်စွဲမှုများကိုမပြုလုပ်သင့်ပေ။သမ္မတ ဦးသိန်းစိန်နှင့်ဝန်ကြီးဦးခင်ရီတို့က ခိုးဝင်သူမရှိသလောက် ဟု ရှင်းလင်းခဲ့သော မှတ်တမ်းများလည်းရှိပါသည်။ အရာရာ ကို လူမျိုးရေးပေတံဖြင့် မတိုင်းထွာသင့်ပါ။မတူကွဲပြား မှုသည် ဒီမိုကရေစီ၏ အင်အားဖြစ်သည်။ ရခိုင်ခေတ်မှာ ရှိခဲ့သောရခိုင်လူဦးရေပေါင်း၏ ၃-ပုံ ၁-ပုံ သော မွတ်စလင် များကိုပင် နိုင်ငံသားမပေးလိုခြင်းသည် လူမျိုးရေးခွဲခြား ခြင်းဖြစ်ပြီးအတူယှဉ်တွဲနေထိုင်ရေးကို မည်သို့မှ အထောက် အကူ မပြုနိုင်ချေ။
ကမ္ဘာသည် ကမ္ဘာရွာတစ်ခုဖြစ်နေသည်။ ပြဿနာ ဖြစ်ပေါ်လာလျှင် ကမ္ဘာကဝိုင်းဝန်းဖြေရှင်းသော အစဉ် အလာသစ်ဖြစ်ပေါ်လာသည်။ ယနေ့ ရိုဟင်ဂျာအရေးကို လည်း ကမ္ဘာက အပူတပြင်း စဉ်းစားဆွေးနွေး နေကြောင်း တွေ့ရသည်။ ဒီမိုကရေစီသည် လူတစ်စု၊ လူမျိုးတစ်စု၊ အတွက်သာ မဟုတ်ဘဲ နိုင်ငံတွင်း နေထိုင်သူ လူမျိုးဘာသာ မခွဲခြားဘဲ အားလုံး၏ အခြေခံအခွင့်ရေးများကို ကာကွယ် စောင့်ရှောက်ပေးရသည်။ လက်တွေ့ တိုးတက်သော ဒီမို ကရေစီ နိုင်ငံများမှာ ဤသို့ပင် ဖြစ်သည်၊ စင်္ကာပူ နိုင်ငံမှာ လူဦးရေ၏ ထက်ဝက်ဝန်းကျင် နိုင်ငံခြားသားများ ဖြစ်သော် လည်း အားလုံအတွက် အခြေခံအခွင့်အရေးများ၊ စီးပွားရေး၊ လူမှုရေး၊ အခွင့်ရေးများ၊ လုံခြုံမှုများကို နိုင်ငံတော်မှ အာမခံ ပေးထားသည်။ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ ထုံးစံကို အခြေပြု၍ လူမျိုးမတူ၊ ဘာသာမတူသူများကို ရန်သူအဖြစ် နိုင်ငံလုံခြံုရေး အန္တရာယ်အဖြစ်မမြင်ဘဲ တရားမျှတစွာ ဆက်ဆံရန် လိုပေသည်။ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်ခံခဲ့သောကာလက နိုင်ငံတော်လုံခြံုရေး အန္တရာယ်ပြု ခဲ့ခြင်းမျိုးမတွေ့ခဲ့ရပါ။ လက်နက်ကိုင်မူဂျာဟစ်များပင် အလင်းဝင်လာခဲ့ပေသည်။ ရခိုင်မြောက် ပိုင်းမှာပြဿနာ များဖြစ်နေခြင်းသည်လည်း ဟိုးရှေးရာစုနှစ်များက သန္ဓေ တည်ပေါ်ပေါက်လာခြင်းမဟုတ်။ ပဆပလ၊ ပထစ တော် လှန်ရေးကောင်စီအစိုးရ ခေတ်ကာလများတွင် လူမျိုးစု နှစ်စု သဟဇာတကျစွာ အတူယှဉ်တွဲနေထိုင်ခဲ့သည့် သာဓကရှိ ပါသည်။ တန်းတူ၊ ရွယ်တူအခွင့်အရေးများ ရရှိခဲ့သည်။ ဗဟိုအစိုးရမှာ ဘက်လိုက်မှုမရှိခဲ့ချေ။ နောက်ပိုင်း အစိုးရသည် မွတ်စလင်များ၏ အခွင့်အရေးကို ရုပ်သိမ်း လိုခြင်၊ တစ်ဖက်လူ့အဖွဲ့အစည်းကို မြှောက်ပင့်အားပေးလို ခြင်၊ နောက်ဆုံးတွင် မွတ်စလင်များကို တရားမဝင်ခိုးဝင် လာ သူများဟုစွပ်စွဲလာခြင်းကြောင့် လူမှုရေး၊လူမျိူးရေး ပြဿနာပေါ်ပေါက်လာရခြင်းဖြစ်သည်။ ရခိုင်ခေါင်းဆောင် များက မွတ်စလင်များနှင့် အတူယှဉ်တွဲမနေနိုင်ဟု ပြောင် ကျကျပြောဆိုနေခြင်းဖြစ်သည်။ အတူယှဉ်တွဲ မနေနိုင်လျှင် နယ်မြေခွဲ၍ သီးသန့်ထားရမည်။
သို့တည်းမဟုတ်တစ်ဖက်နိုင်ငံသို့ နှင်ထုတ်ရမည် ဟူသော အဓိပ္ပာယ်သက်ရောက်ရာ ယနေ့ဒုက္ခသည် စခန်း များ ပေါ်ပေါက်ခြင်း လူဦးရေ(၅ သိန်း)ကျော် ထွက်ပြေးပြီး ဆက်လက်ထွက်ပြေးနေဆဲရှိနေခြင်းသည် အထက် အတူ ယှဉ်တွဲမနေနိုင်ဟူသောခံယူချက်နှင့် လှုပ်ရှားမှုများ၏ အကျိုးဆက်သာဖြစ်ကြောင်း သုံးသပ်ရ ပါသည်။တည်ငြိမ် အေးချမ်းပြီး နှစ်ဖက်လူ့အဖွဲ့စည်းအတွက် (Win-Win)အနေထား ဖြစ်သောဖြေရှင်းချက် တစ်ရပ် လိုအပ်ပေသည်။ လူ့အဖွဲ့အစည်းနှစ်ခုကို ယခင်အစိုးရ ခေတ်များမှာကဲ့သို့ သဟဇာတကျကျဖြစ်လာရန် ယနေ့ပြည်ထောင်စု အစိုးရက ပင်လျှင်တည်ဆောက်ပေးရမည်။ မန်ဒဲလားကလူဖြူ၊ လူမည်းဆက်ဆံရေး ပြေလည်သွားရန်စိန်ခေါ်မှုများကို ဖြေ ရှင်းနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘက်မ လိုက်လျှင် ဥပဒေအာဏာ သက်ရောက်မှုရှိအောင်ပြုလုပ် နိုင်လျှင်(၁၉၈၂-ခုနှစ်)နိုင်ငံသားဥပဒေကိုလိုရာမဆွဲပဲ ဥပဒေ အတိုင်းအဓိပ္ပာယ်ဖွင့်ဆိုလျှင် သို့မဟုတ်ဥပဒေပါနိုင်ငံ သားဖြစ်ရေးကန့်သတ်ချက်များကို ပြင်ဆင်လိုက်လျှင် လက် ရှိရခိုင်မြောက်ပိုင်းပြဿနာကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့် ကြောင်း သုံးသပ်ရေးသားတင်ပြအပ်ပါသည်။