မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုများနှင့် ပတ်သက်မှုများကို တယ်လီနော ဖွင့်ဟဖို့ အချိန်တန်ပြီ – ရိုဟင်ဂျာများ‌ပြောဆို

မြန်မာပြည်ရှိ နော်ဝေးပိုင် တယ်လီနောလုပ်ငန်းကို အမြန်ရောင်းချ ခြင်းဖြစ်ပေါ် ပြီးနောက် ရိုဟင်ဂျာရွာ အတွင်း ရက်စက် ကြမ်းကြုပ်မှုတွင် တယ်လီနော ပါဝင်ပတ်သက်မှုအတွက် ဖွင့်ဟ ဝန်ခံသင့်ပြီဟု နော်ဝေးကို ဖိအားပေး ခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုသည်။

၂၀၂၀ခုနှစ်တွင် နော်ဝေးအစိုးရ၏ OECD ဆက်သွယ်ရေး ဌာနက တယ်လီနောသည် ရခိုင်ပြည်မြောက်ပိုင်းရှိ အလယ်သံကျော် ရွာတွင် ဆက်သွယ်ရေး ကွန်ယက် တာဝါတိုင် မဆောက်လုပ်မှီ OECD လမ်းညွှန်ချက်များကို လေးစားလိုက်နာမှု ပျက်ကွက်ခဲ့ခြင်း ရှိမရှိ စုံစမ်းရန် ထုတ်ပြန်ခဲ့သည်။ လမ်းညွှန်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ထိုရွာတွင် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်စေခဲ့သော “ရှင်းလင်းရေးစစ်ဆင်မှု” တွင် တယ်လီနော ပါဝင်ပတ်သက် ခြင်းဖြစ်သည် ဟု ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုသည်။

အလယ်သံကျော် ရှိ တယ်လီနော်တာဝါတိုင်


ရိုဟင်ဂျာ ရွာသားများဖြင့် ဖွဲ့စည်းထားသည့် “အလယ်သံကျော်ရွာ တရားမျှတမှု ဖေါ်ထုတ်ရေး ကော်မီတီ – (CSJA)က မြန်မာလုံခြုံရေး တပ်သားတို့သည် တယ်လီနော တာဝါတိုင် ပေါ်မှနေ၍ ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာမှ ထွက်ပြေးနေသည့် ရိုဟင်ဂျာ ယောက်ျား၊ မိန်းမ၊ ခလေးတို့ကို ပစ်ခတ်ခဲ့သည်။ တာဝါတိုင်အမြင့်သည် မြန်မာစစ်သားတို့အတွက် အပေါ်စည်းမှ အဝေးသို့ လှမ်းမြင်နိုင်သည့်အတွက် ပြေးလွှား နေကြသော ရိုဟင်ဂျာ ရွာသားများကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် အလယ်သံကျော်နေ ရွာသား တရာကျော်ခန့် သေပြီး၊တချို့အလောင်းများကို တယ်လီနောတာဝါတိုင်အောက်တွင် မြုပ်ထားခဲ့ကြသည်။
မြန်မာပြည်ရှိ တယ်လီနောလုပ်ငန်းကို ရောင်းချရန် အစီအစဥ်နှင့် ပတ်သက်၍ CSJA ပြောခွင့်ရ ပုဂ္ဂိုလ်က နော်ဝေးအနေနှင့် သူ့ဆုံးရှုံးမှုကို သက်သာရန် စုံစမ်းစစ်ဆေးမှုနဲ့ တရားမျှတမှုကို ပစ်ပယ်ပြီး မြန်မာပြည်က ထွက်သွားမှာ ပူပန်ကြောင်း ပြောသည်။
“အရေးယူမှာကို ထွက်ပြေးပုန်းအောင်းတာဘဲ ဖြစ်တယ်။တယ်လီနောအနေနဲ့ အလယ်သံကျော်ရွာ တာဝါတိုင်မှာ မြန်မာစစ်တပ် နဲ့ ဘယ်လို ပတ်သက်ခဲ့သလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ။ အသေးစိပ် အချက်အလက်တွေကို ထုတ်ဖေါ်ပြီး ဖွင့်ဟ သင့်တယ်။” လို့ CSIA ပြောခွင့်ရ ရာမတ်အူလ်လာ က ဆိုသည်။
စုံစမ်းစစ်ဆေးဆဲ တရားစွဲစာမှာ တယ်လီဖုန်းတာဝါတိုင်နေရာအတွက် တယ်လီနော်က မြန်မာစစ်တပ်အတွက် လုံခြုံရေးနဲ့ ထောက်လှမ်းရေးတွေမှာ ပါဝင်တယ်လို့ ဆိုထားသည်။ ထိုစွဲဆိုစာမှာ တယ်လီနော အနေဖြင့် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်၏ နှိပ်စက်မှုတွေကို တွေ့ခဲ့ပြီးဖြစ်သောကြောင့် ၂၀၁၇ ခုနှစ်မှာ ရင်နှီးမြုပ်နှံ့မှုကို ရပ်တန့်သင့်ပေမဲ့ တာဝါတိုင်ကို ဆက်လုပ်ခဲ့သည် ဟု ဆိုသည်။
၂၀၁၉ ခုနှစ်မှာ CSJA က စွဲဆိုစာကို ဖြန့်ဝေခဲ့ပေမဲ့ တယ်လီနောက အလယ်သံကျော်နဲ့ ပတ်သက်လို့ သတင်းအချက် အလက်မပေးဘဲ တာဝါတိုင်ပိုင်ကုမ္ပဏီ နံမည်ကိုသာဖေါ်ပြခဲ့သည်။ Irrawaddy Green Tower Company ဖြစ်ပြီး ယခု ထိုကုမ္ပဏီသည် မြန်မာတယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကို မူလဈေးထက်လျှော့၍ တယ်လီနောထံမှ ဝယ်ယူ မည်ဟုဆိုသည်။
“ကုမ္ပဏီကို မရောင်းမှီ နော်ဝေးအစိုးရရဲ့ တယ်လီနော က သက်သေ အထောက်အထားတွေကို ထုတ်ဖေါ် သင့်တယ်။ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် ကျွန်ုပ်တို့ ပြည်သူတွေက တင်ရှိထားတဲ့အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ နှင့် တရားမျှတမှုအတွက် ကျွန်ုပ်တို့နှင့်အတူ တွဲစပ်ဆောင်ရွက် သင့်တယ်။” ဟု ရာမတ်အူလ်လာကပြောသည်။
ဤစာရေးချိန်အထိ နော်ဝေးက OECD တယ်လီနော စုံစမ်းမှုကို ပစ်ပယ် လိုက်ကြောင်း အများသိ မကျေညာ သေးပေ။

See  https://www.responsiblebusiness.no/committee-seeking-justice-for-alethankyaw-csja-vs-telenor/

Leave a Reply