ရိုဟင်ဂျာ ရွာသားများ – ဗြိတိသျှ အစိုးရ၏ အရင်းအနှီးများကို လူမျိုးတုန်း သတ်ဖြတ်မှုတွင် သုံး

ယနေ့ ရိုဟင်ဂျာရွာသား တစုက ဗြိတိသျှ အစိုးရထံ ကန့်ကွက်စာပေးပို့ ခဲ့သည်။ ၎င်းစာတွင် ဗြိတိသျှ အစိုးရ၏ အထောက်အပံ့ဖြင့် ဆောက်လုပ်သော ဆက်သွယ်ရေးတာဝါတိုင်ကို မြန်မာစစ်တပ်က ၂၀၁၇ ခု ရခိုင်ပြည်နယ် ရှင်းလင်းမှု စစ်ဆင်ရေး၊လူမျိုးတုန်းသတ်ဖြတ်မှုတွင် အသုံးပြုခဲ့ကြောင်းပါရှိသည်။

အလယ်သံကျော် ရှိ တယ်လီနော်တာဝါတိုင်

အလယ်သံကျော် အမှန်တရားဖေါ်ထုတ်ရေးကော်မီတီ (CSJA) က ပြုစုပေးသည့် ထိုကန့်ကွက်စာတွင် ဗြိတိသျှ အစိုးရ၏ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု လက်တံ ဖြစ်သည့် CDC က Irrawaddy Green Tower Company (IGT)ကို မောင်တော တောင်ဘက်ရှိ အလယ်သံကျော်ရွာတွင် ဆက်သွယ်ရေး တာဝါတိုင်ဆောက်ရန် ငွေရင်းနှီးခဲ့သည်။ ထို တာဝါတိုင်ပေါ်မှ စစ်တပ်စနိုက်ပါ သမားတို့က ရိုဟင်ဂျာရွာသားတို့ကို ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
တာဝါတိုင်ကို IGT က ပိုင်ဆိုင်ကြောင်း CSJA သိလာရသည်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် နော်ဝေးအစိုးရပိုင် တယ်လီနော် ကုမ္ပဏီ က OECD ကို ရင်းနှီးမြုပ်နှံမှု စည်းကမ်းဖေါက်ဖျက်ကြောင်း ကန့်ကွက်စာ ကြောင့် ဖြစ်သည်။ တယ်လီနော်သည် အလယ်သံကျော် တာဝါတိုင်ကို ငှါးထားခဲ့သည်။
CSJA ၏ ရိုဟင်ဂျာများ က ဗြိတိသျှ အစိုးရသို့ ပေးစာတွင် “ဗြိတိသျှ အစိုးရက သူ့လူထုအခွန်ငွေကို မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တဲ့ IGT အဆောက်အဦတွေမှာ ရင်းနှီးမြုပ်နှံခဲ့ပါက အလယ်သံကျော် သတ်ဖြတ်မှုတွေကို ဘက်လိုက်မှုကင်းပြီး မျှမျှတတ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရမည်။ သို့မှ သာ ထိုကဲ့သို့သော အမှုများထပ်မဖြစ်ရန်တားဆီးနိုင်မယ်။”
ဗြိတိသျှ ရံပုံငွေဖြင့် ဆောက်လုပ်သော အလယ်သံကျော် တာဝါတိုင်ကို တလွဲအသုံးချခြင်းအား ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စရမ်ဟီလီ က ၂၀၁၉ ခု မတ်လ အစီရင်ခံစာတွင် အထင်အရှားဖေါ်ပြခဲ့သည်။ “တပ်မ ၉၉ ခြေလျှင်တပ်ရင်းသည် ၂၀၁၇ ခု ဩဂုတ်လ ၂၅ ရက်မတိုင်မှီ အလယ်သံကျော်ရွာမှာတပ်စွဲထားခဲ့တယ်။ ဒီတပ်က ၂၅ ရက်နေ့မှာ ယောက်ျား၊မိန်းမ၊ ခလေး အနည်းဆုံး ၅၀ ကို သတ်တယ်။ နောက်နေ့မှာ စနက်ပါသမား တွေကို အိမ်ခေါင်မိုးပေါ်မှ၎င်း၊ MPT တာဝါတိုင်ပေါ်မှ၎င်း၊ တယ်လီနော် တာဝါတိုင်အပေါ်မှ နေရာယူထားကြပြီး ထွက်ပြေးတဲ့ ရွာသူရွာသားတွေကို ပစ်သတ်တယ်။ အလောင်းတွေကို စစ်သားတွေက ရေတွင်းတွေနဲ့ တယ်လီနော်တာဝါတိုင်အောက်မှာ ပစ်ထားကြတယ်။”

၂၀၂၁ ခုနှစ်၊ မတ်လ တွင် ပြည်သူလူထုအား ပစ်သတ်ရန် စေလွတ်သော လက်ပြောင်းသေနတ်သမား (ဓါတ်ပုံ- မန္တလေးသား)


ဗြိတိသျှ အစိုးရထံပို့တဲ့ CSJA စာထဲမှာ “ တယ်လီနော် မြန်မာ ဆောက်တဲ့ တာဝါတိုင် RA 0224 ဟာ စစ်ရာဇဝတ်ကျူးလွန်တဲ့ နေရာဘဲ။ ဒီလိုဖြစ်အောင် IGT ဆက်သွယ်ရေး ဆောက်လုပ်သူရော ၊ ငွေကြေးထောက်ပံ့တဲ့ CDC မှာပါ တာဝန်ရှိတယ်။ ရခိုင် ပြည်နယ်မှာ အန္တရာယ်များတဲ့ စီးပွါးရေးကို CDC က လုပ်လို့ဘဲ။”
CSJA ရဲ့စာထဲမှာ ရခိုင်ပြည်နယ်မှာ အန္တရာယ်ရှိတာကို သိထားကြပါတယ်။ ၂၀၁၆ ခုတုန်းကလည်း ရိုဟင်ဂျာတွေ အပေါ် စစ်တပ်က ဒီလို နှိပ်စက်မှုတွေ လုပ်ခဲ့ ပြီးပြီ “တာဝါတိုင်ပိုင်ရှင် ဖြစ်တဲ့ IGT က ၂၀၁၆ ခုမှာ ဖြစ်တာမျိုး တဝါတိုင်တွေမှာ ထပ်ဖြစ်လိမ့်မယ်ဆိုတာ သိလို့ အလယ်သံကျော်က သူတို့ အမှုထမ်းတွေ ပြန်ခေါ်သွားတယ်။ ၂၀၁၇ မှာ အလုပ်ဆက်လုပ်တယ်၊ အရင် နှိပ်စက် ခဲ့တဲ့ ဒီစစ်တပ်တွေဘဲရှိနေတာကို လုံးဝ အမှတ်မရှိဘူး။ လုံခြုံရေးတပ်တွေက သူတို့ ဆောက်လုပ်ရေး လူပ်ငန်းမှာ ကူညီပေးခဲ့ကြတယ်။”
မြန်မာပြည်မှာ ဖေဖဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့လူထုကို မြို့ထဲက မြင့်မားတဲ့ အဆောက်အဦတွေပေါ်ကနေစစ်တပ်က စနိုက်ပါသုံး ပြီး အပြစ်မဲ့ လူထုတွေကို ပစ်သတ်တယ်။ အဲဒီ စနက်ပါသမား တချို့ဟာ ၂၀၁၇ ခု ရခိုင်ပြည်နယ် ရှင်းလင်းမှု စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်တွေပါဘဲ။

To see full complaint letter:  https://kaladanpress.org/index.php/news/438-news-2021/may-2021/5206-to-the-government-of-the-united-kingdom-complaint-concerning-use-of-uk-government-%E2%80%9Ccdc%E2%80%9D-investment-in-genocide-in-rakhine-state,-burma.html

Leave a Reply