မြန်မာစစ်တပ် မှ အင်အား ၁၀၀၀ ခန့် အင်းဒင်း မှ မောင်တောမြောက်ပိုင်း သို့ တစ်ညတည်း စက်လှေဖြင့် ရောက်ရှိလာ

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၁ ရက် နံနက်စောစောတွင် မောင်တောမြောက်ပိုင်းသို့ မြန်မာစစ်တပ်အင်အား ၁၀၀၀ ခန့်သည် စက်လှေဖြင့် ရောက်ရှိလာသည်ဟု ရိုဟင်ဂျာ စက်လှေမောင်းနှင်သူတစ် ဦး က အင်းဒင်မှ ညနေပိုင်းတွင်စစ်သားများကို သယ်ယူပို့ဆောင်ပေးခဲ့သည့်ဟု ပြောဆိုသည်။မောင်တောမြို့အနီးရှိမောင်နီကျေးရွာ မှ စက်လှေမောင်းသူက မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး၊ဗျူဟာမှူး နှင့်မောင်နီကျေးရွာအုပ်ချုပ်ရေးမှူများမှ မောင်နီကျေးရွာမှ ငါးဖမ်းစက်လှေ ၂၀ အား မောင်တောတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းအင်းဒင်သို့သွားရန်အမိန့်ပေးခဲ့သည်ဟုပြောကြားခဲ့သည်။ စက်တင်ဘာလ ၈ ရက် မှ စ၍ အင်းဒင်တွင် စောင်နေရန် အမိန့်ပေးခဲ့ကြောင်းလည်း ပြောဆိုသည်။
စက်တင်ဘာ ၁၀ ရက်တွင် စက်လှေမောင်းသူသည် အင်းဒင်ကမ်းခြေတွင် မြန်မာရေတပ် သင်္ဘော လေးစင်း ရောက်ရှိလာကြောင်း၊ ထောင်နှင့်ချီသောတပ်သားများဆင်းလာသည်ကိုတွေ့ရသည်ဟု ပြောဆိုသည်။ ထိုညတွင် မောင်နီကျေးရွာမှ စက်လှေမောင်းသူများသည် ကမ်းခြေတစ်လျှောက် စစ်သားများကို မောင်တောမြောက်ပိုင်း အထိ သယ်ယူပို့ဆောင်ရာတွင် လှေတစ်စီးစီတွင် လက်နက်ကိုင်စစ်သား ၅၀ ခန့်သယ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။
မောင်တောမြို့မြောက်ဘက်ကီလိုမီတာ ၂၀ အကွာအတွင်း နတ်မြစ်တစ်လျှောက်ရှိဆိပ်ခံတံတားများသို့ မြန်မာစစ်သားအားငါးဖမ်းစက်လှေများဖြင့် ငါခူးရ အထိပို့ဆောင်ခဲ့သည်။ စစ်သားများသည်မောင်တောမြို့အနီးရှိ အမှတ် ၁ ဆိပ်ခံတံတား နှင့် မြန်မာအစိုးရ၏ မြို့၏မြောက်ဘက်ပိုင်းတွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်နေ သည့် ကညင်ချောင်တွင်လည်း ဆင်းသက်ခဲ့သည်။ငါးဖမ်းစက်လှေများသည် အင်းဒင်မှ စစ်သား များ ဆင်းသက်ခဲ့သည့် နေရာထိ ငါးနာရီကြာ ခရီးသွားရသည်ဟု ပြောဆိုသည်။
မြန်မာစစ်သားများ အမြောက်အများရောက်ရှိလာခြင်းသည် မောင်တောရှိ ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ၇၂၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်သွားစေသည့် သေကြေပျက်စီးစေသည့် “ရှင်းလင်းရေးလုပ်ငန်းများ” ထပ်မံဖြစ်ပွားမည်ဟု ကြောက်ရွံ့နေကြသော ရိုဟင်ဂျာများအကြားတွင် ထပ်မံကြောက်ရွံ့ထိတ်လန့်စရာဖြစ်နိုင်သည်။

Leave a Reply