သုံးသပ်ချက် -မောင်တော မြောက်ပိုင်းမှာ “အာဆာအကြမ်းဖက်သောင်းကျန်းသူစခန်း” တွေ့ရှိမှုက ယုံစရာ မရှိ

မြန်မာ့ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ပ်ဆိုက်မှာ ဧပြီလ ၈ရက်နေ့က“အာဆာအကြမ်းဖက်သောင်းကျန်းသူ ယာယီ စခန်း” တခုကို လုံခြုံရေး တပ်တွေက
မောင်တောမြောက်ဖက်မှာ တွေ့တယ်၊ ၄င်းစခန်းတွင်တဲနှစ်လုံး၊ကျည်ဆံတချို့၊ လမ်း လျှောက် စကားပြောဖုံးတလုံး၊ ယူနီဖေါင်းတစုံ၊ WFP တံဆိပ်ပါ ဆန်အိတ်၊
ဆီနှင့် ကိုရ်ရမ်ကျမ်းစာအုပ်စတာ တွေကိုလည်း တွေ့တယ်လို့ ကျေညာပါတယ်။စခန်းဟာ မောင်တော မြောက်ဖက်စွန်း ခမောင်းဆိပ် အနောက်ဖက်မှာ တွေ့တယ်လို့ဆိုပါတယ်။ ဒီနေရဟာ အာဆာ တွေရဲ့ လှုပ်ရှားမှု ရှိတယ်လို့ အစိုးရက
မကြာသေးခင် နှစ်များက မကြာခဏ ပြောတဲ့နေရာပါဘဲ။
ဒီဒေသအကြောင်းသိတဲ့ ရိုဟင်ဂျာတွေက ဒီစခန်းရှိတာကို မယုံသည်အပြင်၊အဲဒီနားမှာအာဆာလှုပ်ရှားမှုရှိသည်ကိုလည်း မယုံ။ ၂၀၁၇ ခု ဩဂုတ်လ ကထည်းက
ခမောင်းဆိပ်ကွင်းပြင်ဟာ လုံခြုံရေးအရ ပိတ်ပင်ထားတဲ့ နေရာပါ။ အရင်ရှိခဲ့တဲ့ ရိုဟင်ဂျာတွေကလည်း အကုန်စွန့်ပြေးခဲ့ကြပါပြီ။
အရင်က ထောင်ချီသောရိုဟင်ဂျာတွေ ရှိခဲ့တဲ့ ခမောင်းဆိပ်ကျေးရွာအုပ်စုက အခုတော့ ရိုဟင်ဂျာမဟုတ်တဲ့ ရာဂဏန်း လောက်ဘဲ အိမ်ခြေရှိပါတယ်။
မြို၊ ဒိုင်းနက်၊ ခူမီး၊ ကသည်း(မဏီပူ) နဲ့ ရခိုင်တွေရှိပါတယ်။ တချို့ ရခိုင်များသည် ၁၉၉၁ ခုမှာ ဘင်ဂလားဒက်ရှ်ဘက်မှ ပြောင်းလာသူတွေနဲ့ တည်ထားတဲ့
စံပြ ဗုဒ္ဓဘာသာ ကျေးရွာ (နတလ) တွေဖြစ်ကြပါတယ်။
ခမောင်းဆိပ်မှာ ရဲစခန်းတခု၊ နယ်ခြားစောင့်ရဲနဲ့ စစ်တပ်စခန်းတခုလည်းရှိပြီး အင်အားတရာကျော်ရှိသော စစ်သားများသည် အမြဲ ဘေးဝန်းကျင်ကို ကင်းလှည့်လေ့ရှိပါတယ်။
မေးစရာရှိတာက ဘာကြောင့် အာဆာက ဒီနေရာကိုမှ ရွေးရတာလဲ ဆိုတာပါဘဲ။ စစ်တပ် က‌ပြောသလို အာဆာစခန်းက ခမောင်းဆိပ်ရွာရဲ့ အနောက်ဖက်
မီတာ ၂၅၀၀ လောက်မှာရှိတယ် ဆိုတော့ လူမရှိတဲ့ ကွင်းပြင်မှာ ခိုလုံပုန်းနေဖို့ ရိုဟင်ဂျာအိမ်ဆိုလို့ တလုံးမှ မရှိတော့သည့်အတွက် စဥ်းစားစေရာဖြစ်သည်။
အစိုးရစစ်တပ် သတင်းမှာ စခန်းပုံမပါ၊ဘေး၀န်ကျင်မပါ။ ဖမ်းမိတယ်ဆိုတဲ့ ပစ္စည်းပုံတွေသာပါတယ်။ တွေ့ရှိတဲ့ ရက်စွဲလည်း မဖေါ်ပြထားဘူး။
ခမောင်းဆိပ် အနောက်မြောက်ဖက် ငှက်ထောင်သွားတဲ့ ဒိုင်းနက်တစုကို အာဆာက တိုက်ခိုက်တယ် ဆိုတဲ့တခြားသတင်းတခုကို အစိုးရထုတ်ပြန်တဲ့ သတင်း အပြီးတပတ်အကြာမှာ
ပေါ်လာတာဖြစ်ပါတယ်။
အစိုးရထုတ်ပြန်တဲ့သတင်းမှာ “အာဆာအဖွဲ့ဝင်တွေ”က ဖေါက်ခွဲတယ်၊ လူနှစ်ယောက်ကို သတ်တယ်၊ လက်နက် ငယ်နဲ့ ပစ်လို့ တခြားလူသုံးဦး ဒဏ်ရရတယ်။ သတင်းတွင်
တိုက်ခိုက်သူတွေဟာ အာဆာဖြစ်တယ်ဆိုပေမဲ့ အထောက်အထားမပြဘူး၊ဘာကြောင့် အရပ်သားတွေကို လုံခြုံရေး တင်းကြပ်တဲ့ နေရာမှာ ဗြောင်တိုက်ခိုက်ရတာလဲ
ဆိုတာလည်း မပြောဘူး။
အချိန်ကိုက်မှုသည့် ဒီသတင်းရဲ့ သော့ချက်ဖြစ်တယ်။
အာဆာစခန်းကိုတွေ့ရှိတဲ့ သတင်းထုတ်ပြန်ချက်ဟာ မြန်မာ သမတရုံးက ထုတ်ပြန်တဲ့ လူမျိုးပြုံးစေမှု ကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ် ကို
လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ သက်သေအထောက်အထားနဲ့ ပစ္စည်းများကို ထိန်းသိမ်းထားရှိရန် ညွှန်ကြား ချက် ၂ ခုမှာ ICJ က ကြားဖြတ်
အရေးယူမှု အတိုင်းဖြစ်ပါတယ်။ ဒီညွှန်ကြားချက်များ ထွက်တဲ့ရက်မှာစခန်းတွေ့တဲ့သတင်း လည်းထွက်လာတယ်။
အစိုးရစစ်တပ်က သူတို့ရဲ့ ဧပြီလ ၈ ရက်နေ့သတင်းမှာ ဆက်ပြီး ဆိုထားတာက “အာဆာ အကြမ်းဖက် သောင်းကျန်း သူတွေဟာ မြန်မာနဲ့ ဘင်ဂလားဒက်ရှ် နယ်စပ်မှာ
နှောက်ယှက် ဖို့ အစီအစဥ် ရှိတဲ့ လက္ခ ဏာကို တွေ့ရတယ်။ မြန်မာက ဂမ်ဘီယာရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အစီရင်ခံရန်ရှိတာကိုလည်း နှောက်ယှက်ရာ ရောက်တယ်” လို့ဆိုထားတယ်။
မြန်မာအစိုးရရဲ့ အကြောင်းပြချက် ဖြစ်တဲ့ “အစ္စလာမ်အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု” ဆိုတာကိုသုံးပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လ စစ်ဆင်ရေးဟာ တရားသယောင် ဆက်လက်
အသက်သွင်းနေတာဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။
ဒီလိုအကြောင်းပြတာကို အသေအချာစိစစ်ဖို့လိုနေပြီ။ အထူးသဖြင့် မြန်မာအစိုးရက အခုအခါ အေအေကို အကြမ်းဖက် ဆိုတဲ့ တံဆိပ်ကပ် ပြီး မြန်မာပြည်အနောက်ခြမ်းမှာ
အရပ်သားတွေအပေါ် သူတို့ကျူးလွန်နေတဲ့ ပြစ်မှုတွေကို တရားသလို လုပ်နေတယ်။
အစိုးရစစ်တပ်ရဲ့ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ အာဆာနဲ့ အေအေ ကို အကြမ်းဖက်အဖွဲ့အဖြစ် လုံး၀ သတ်မှတ်လိုက်ခါ နိုင်ငံတကာ အကူအညီကို သုံးစွဲနေကြောင်း စွပ်စွဲလိုက်ပြီး
နိုင်ငံတကာအကူအညီကို တားဆီးရတာဖြစ်တယ်လို့ အကြောင်းပြတော့တယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လူသားချင်းစာနာမှု အကူအညီ မရအောင်လုပ်တာဖြစ်တယ်။
ဧပြီလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ “ အေအေ က မောင်တောတွင် အရပ်သားကားများကို တိုက်ခိုက်” လို့စွပ်စွဲထားပြီး “အေအေအဖွဲ့ဝင် ၄ ဦး”က ဧပြီလ ၅ ရက်
ည ၈နာရီတွင် ကျီးကန်းပြင် နယ်ခြားစောင့်ရဲ ဌာနချုပ် အနီး လမ်းပေါ်တွင် သွားနေတဲ့ မောင်းသူသာပါတဲ့ ပစ်ကပ်ကားကို မိုင်းနဲ့ခွဲ သေနတ်နဲ့ ပစ်တယ် လို့ဆိုတယ်။
ဒေသခံသတင်းရပ်ကွက်များကဤအစီရင်ခံစာအပေါ်အလွန်သံသယရှိသည်။ အကြောင်းမှာစစ်တပ်၏ညမထွက်ရအမိန့်ကိုထုတ်ထားပြီးတင်းကျပ်ထားသောကြောင့်မည်သည့်
အရပ်ဘက်ယာဉ်များ ညအချိန်တွင်ကားမမောင်းရဲသောကြောင့်ဖြစ်သည်။ အေအေ ကလည်း ဘာမှ မပါတဲ့ကားကို အစောင့်အကြပ်ထူတဲ့ နယ်ခြားစောင့်ရဲ ဌာနချုပ်ရုံးရှေ့မှာ
တိုက်ပါ့ မလား။
အစိုးရ၏အင်တာနက်ပိတ်ဆို့ခြင်းနှင့်သတင်းမီဒီယာများကိုရှုပ်ထွေးစေခြင်းတို့ကြောင့်ထိုကဲ့သို့သောအစီရင်ခံစာများကိုမေးခွန်းထုတ်ရန်ပိုမိုခက်ခဲစေသော်လည်း၊ ယခုအချိန်တွင်ယခင်က
ထက် ပို၍ များပြားလှသောမြန်မာနိုင်ငံတွင်းနှင့်ပြင်ပရှိအိုးအိမ်မဲ့အိုးမဲ့များကြောင့် ကိုဗစ် -၁၉ ရောဂါ အန္တရာယ်ပို ကျလာစရာရှိတယ်။ဒေသခံနှင့်နိုင်ငံတကာဂျာနယ်လစ်များ၊ လေ့လာသုံး
သပ်သူများက အစိုးရဲ့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို မေးခွန်းထုတ်ရပါမယ်၊ဇာတ်ကြောင်း၏ဖြစ်နိုင်ချေကိုစိစစ်ရမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.