ဇွန်လ ၁၄ ရက်နေ့ အထူးသတင်း

မောင်တော(ကုလားတန်) ။     ။ မောင်တောမြို့၊ နုရ်ရုလ်လာ ရွာတွင်  စစ်တပ်ကိုမြင်၍ ဘာသာရေး ကျောင်း ဘက်သို့ လှန့်ပြေးနေသော  အသက် ၁၈ အရွယ် ကျောင်းသားတဦး ( မာမုန် ရော်ရှိတ် (ဘ) အဘူ ဆီဒိက် ) အား  ယနေ့ နေလည် အချိန်တွင် စစ်တပ်မှ သေနတ်ဖြင့် ပစ်သဖြင့် ခြေထောက်တွင် ဒဏ်ရာ ရရှိ ကြောင်း သိရသည်။


မောင်တောမြို့ခိုင်ပြင်ကျေးရွာ အနီး ဖြူးမချောင်းမှ တက်လာသော ရခိုင်လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်ဟောင်း ၁၂ ဦးကို အောက်တိုမီတိခ် ရိုင်းဖယ် ၈ လက် နှင့် ဓါးရှည် ၈ လက်တို့ နှင့်အတူ စစ်တပ်မှ မနေ့ညတွင် ဖမ်းဆီးမိကြောင်း သိရသည်။၎င်းတိုသည် ဘင်္ဂါလာဒေရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့အပိုင် မြစ်နားရွာ ( ချော်ဒါရီ ဖါရာ) မှ လှေတစီးဖြင့် မောင်တောသို့ဝင်လာစဉ် ဖမ်းဆီးကြောင်းဖြစ်သည်။၎င်းတို့ ၁၂ ဦးအား စစ်တပ်မှ  နစက ဌာနချုပ်သို့ ယနေ့ နံနက်ပိုင်းတွင်  ပေးပို့ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် ဇူးပြင်၊ အနောက်ပြင်၊ သရက်ပြင်၊ ပြိုင်ချောင်း၊ သအိုးပြင်၊မိုဇင်ဒီယာ နှင့် နီရာမ်ဘော်ခါရာ ကျေးရွာများကို မနေ့ညအချိန်တွင် ရခိုင်များမှ ရွာလုံးကျွတ် မီးရှူး တိုက်ခဲ့ကြောင်း နှင့်လူကြီး နှင့် ခလေး စုစုပေါင်း ၇၀၀ ကို သတ်ခဲ့ကြောင်း သတင်းရရှိသည်။ ကျန်ရွာသားများသည် တောင်ကြားလမ်း မှ ကျော်ပြီး ဘော်ဆော်ရာကျေးရွာသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့သော်လည်း နစက မှ နှင်ထုတ်သဖြင့် ၎င်းတိုကမှ ၄င်းရွာမှ တောင်ကြားဘက်သို့ သွားသော်လည်း မည့်သည်နေရာသို့ရောက်သွားသည့်ကို မသိရကြောင်း၊ ၎င်းတို့၏ ကံကြမ္မာမည့်သို့ဖြစ်မည်ကို မသိရကြောင်း သိရသည်။

Leave a Reply